ဆိုးလ်ရှားအထုတ်ခံရမှုကြောင့် ပေါက်ကွဲလာနိုင်တဲ့ သရဲနီကို အထူးသတိထားရန် ဗီလာရီးရဲလ်ကို အမ်မရီသတိပေး

ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီကအိုလီဂန်းနားဆိုးလ်ရှားအထုတ်ခံရမှုကြောင့်အကြီးအကျယ်ပေါက်ကွဲလာနိုင်တဲ့မန်ယူအသင်းကိုအထူးသတိထားရန်လိုအပ်ရန်ဗီလာရီးရဲလ်ကစားသမားများကိုသတိပေးလာပါတယ်။

မန်ယူဟာဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နည်းပြဆိုးလ်ရှားကိုထုတ်ပယ်ကာလက်ထောက်နည်းပြမိုက်ကယ်ကာရစ်အားလက်ထောက်နည်းပြအဖြစ်ခန့်အပ်ထားပါတယ်။

မန်ယူယာယီနည်းပြမိုက်ကယ်ကာရစ်ဟာယနေ့ညတွင်စပိန်တွင်ဗီလာရီးရဲလ်ကိုချန်ပီယံလိဂ်အဝေးကွင်းကစားရမှာဖြစ်ပြီးယင်းပွဲအနိုင်ရရှိပါကချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရန်သေချာသလောက်ရှိလာပါမယ်။

အူနိုင်းအမ်မရီက “နည်းပြတစ်ဦးအတွက်ဘဝတူတစ်ဦးအလုပ်ဆုံးရှုံးသွားတာသတင်းကောင်းမဟုတ်ပါဘူး။ဆိုးလ်ရှားကိုသူ့ရဲ့ကစားသမားဘဝနဲ့နည်းပြဘဝစွမ်းဆောင်မှုတွေကြောင့်အရမ်းလေးစားပါတယ်။ဆိုးလ်ရှားနဲ့အကြိမ်ကြိမ်ဆုံခဲ့ဖူးပါတယ်။သူတို့ကိုလူတော်တစ်ဦးလို့တန်ဖိုးထားပါတယ်။နည်းပြအပြောင်းအလဲဖြစ်လာတဲ့အချိန်မှာနည်းလမ်းတစ်မျိုး(သို့မဟုတ်)အခြားနည်းနဲ့တုံ့ပြန်လာပါတယ်။ကစားသမားတွေဟာခုံထက်ပိုပြီးတော့အာရုံစိုက်လာပါတယ်။ကစားသမားတွေကပရော်ဖက်ရှင်နယ်ဆိုတော့အမြဲတမ်းကိုယ့်အလုပ်ကိုလုပ်ကြပါတယ်။သူတို့ဟာမန်ချက်စတာအတွက်၊ထွက်ခွာသွားတဲ့နည်းပြအတွက်ပြီးတော့ရောက်လာမယ့်သူအတွက်(သို့မဟုတ်)ရောက်နေတဲ့သူအတွက်သူတို့မျက်နှာကိုပြသရပါမယ်။သူတို့ရဲ့ကစားသမားကြောင့်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာစက်တင်ဘာလတုန်းကအိုးထရက်ဖို့ဒ်တွင်ကစားတဲ့ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့နောက်ကျဂိုးဖြင့်ဗီလာရီးရဲလ်ကို၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယနေ့ညတွေ့ဆုံမှာဗီလာရီးရဲလ်နှင့်မန်ယူအကြားခြောက်လအတွင်းသုံးကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာပါမယ်။

ZawGyi

ဆိုးလ္ရွားအထုတ္ခံရမႈေၾကာင့္ ေပါက္ကြဲလာႏိုင္တဲ့ သရဲနီကို အထူးသတိထားရန္ ဗီလာရီးရဲလ္ကို အမ္မရီသတိေပး

ဗီလာရီးရဲလ္နည္းျပအူႏိုင္းအမ္မရီကအိုလီဂန္းနားဆိုးလ္ရွားအထုတ္ခံရမႈေၾကာင့္အႀကီးအက်ယ္ေပါက္ကြဲလာႏိုင္တဲ့မန္ယူအသင္းကိုအထူးသတိထားရန္လိုအပ္ရန္ဗီလာရီးရဲလ္ကစားသမားမ်ားကိုသတိေပးလာပါတယ္။

မန္ယူဟာဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္နည္းျပဆိုးလ္ရွားကိုထုတ္ပယ္ကာလက္ေထာက္နည္းျပမိုက္ကယ္ကာရစ္အားလက္ေထာက္နည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။

မန္ယူယာယီနည္းျပမိုက္ကယ္ကာရစ္ဟာယေန႔ညတြင္စပိန္တြင္ဗီလာရီးရဲလ္ကိုခ်န္ပီယံလိဂ္အေဝးကြင္းကစားရမွာျဖစ္ၿပီးယင္းပြဲအႏိုင္ရရွိပါကခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ရန္ေသခ်ာသေလာက္ရွိလာပါမယ္။

အူႏိုင္းအမ္မရီက “နည္းျပတစ္ဦးအတြက္ဘဝတူတစ္ဦးအလုပ္ဆုံးရႈံးသြားတာသတင္းေကာင္းမဟုတ္ပါဘူး။ဆိုးလ္ရွားကိုသူ႔ရဲ႕ကစားသမားဘဝနဲ႔နည္းျပဘဝစြမ္းေဆာင္မႈေတြေၾကာင့္အရမ္းေလးစားပါတယ္။ဆိုးလ္ရွားနဲ႔အႀကိမ္ႀကိမ္ဆုံခဲ့ဖူးပါတယ္။သူတို႔ကိုလူေတာ္တစ္ဦးလို႔တန္ဖိုးထားပါတယ္။နည္းျပအေျပာင္းအလဲျဖစ္လာတဲ့အခ်ိန္မွာနည္းလမ္းတစ္မ်ိဳး(သို႔မဟုတ္)အျခားနည္းနဲ႔တုံ႔ျပန္လာပါတယ္။ကစားသမားေတြဟာခုံထက္ပိုၿပီးေတာ့အာ႐ုံစိုက္လာပါတယ္။ကစားသမားေတြကပေရာ္ဖက္ရွင္နယ္ဆိုေတာ့အၿမဲတမ္းကိုယ့္အလုပ္ကိုလုပ္ၾကပါတယ္။သူတို႔ဟာမန္ခ်က္စတာအတြက္၊ထြက္ခြာသြားတဲ့နည္းျပအတြက္ၿပီးေတာ့ေရာက္လာမယ့္သူအတြက္(သို႔မဟုတ္)ေရာက္ေနတဲ့သူအတြက္သူတို႔မ်က္ႏွာကိုျပသရပါမယ္။သူတို႔ရဲ႕ကစားသမားေၾကာင့္ပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာစက္တင္ဘာလတုန္းကအိုးထရက္ဖို႔ဒ္တြင္ကစားတဲ့ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေနာက္က်ဂိုးျဖင့္ဗီလာရီးရဲလ္ကို၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယေန႔ညေတြ႕ဆုံမွာဗီလာရီးရဲလ္ႏွင့္မန္ယူအၾကားေျခာက္လအတြင္းသုံးႀကိမ္ေျမာက္ေတြ႕ဆုံမႈျဖစ္လာပါမယ္။