ဆိုးလ်ရှားအထုတ်ခံရအောင် ပင်နယ်တီ မဝင်အောင် ဖာနန်ဒက်စ်တမင် ထောင်ကန်ခဲ့သလား?

မန်ယူပရိသတ်များကဘရူနိုဖာနန်ဒက်စ်ဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားရာထူးမှထုတ်ပယ်ခြင်းခံရအောင် ဗီလာနှင့်ပွဲစဉ်တုန်းကနာကျင်အချိန်ပိုတွင်ရရှိတဲ့အဖိုးတန်ပင်နယ်တီအားတမင်ထောင်ကန်ခဲ့တယ်လို့ယုံကြည်နေကြပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်အက်စတွန်ဗီလာအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာနာကျင်အချိန်ပိုတွင်ရရှိတဲ့ပင်နယ်တီကိုအပေါ်သို့အပြင်းထောင်ကန်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီစတားဟာပင်နယ်တီကန်ရာတွင်သွေးအလွန်အေးသူဖြစ်ပြီးနောက်ဆုံးပင်နယ်တီ၂၃ကြိမ်တွင်၂၂ကြိမ်အထိဝင်အောင်ကန်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းမန်ယူပရိသတ်များကဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီအားမဝင်အောင် တမင်အပြင်းကန်ပြီးထောင်ကန်ခဲ့တယ်လို့ယုံကြည်နေကြပါတယ်။

အွန်လိုင်းတွင်တက်လာတဲ့ဗီဒီယိုဖိုင်တစ်ခုတွင်ဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီကိုမဝင်အောင်အလွန်အားပါစွာကန်ခဲ့တာတွေ့ရပြီး၂၀၁၁ခုနှစ်တုန်းကဘလက်ဘန်းအား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်စတီဗင်ဂျရတ်ပင်နယ်တီလွဲချော်မှုနှင့်နှိုင်းယှဉ်ပြထားတာတွေ့ရပါတယ်။

ဒါပေမယ့်ဘရူနိုဖာနန်ဒက်စ်ကတော့ပင်နယ်တီလွဲချော်မှုအတွက်မန်ယူပရိသတ်များကိုတောင်းပန်မှုပြုလုပ်ထားပါတယ်။၎င်းကလာမယ့်ပင်နယ်တီများကိုကန်သွားဦးမှာဖြစ်ကြောင်းပြောကြားထားပါတယ်။

ZawGyi






