ဆိုးလ်ရှားအပေါ်တွင် မန်ချက်စတာယူနိုက်တက်ကစားသမားများ အယုံအကြည် တစ်စက်မျှမရှိတော့

မန်ချက်စတာယူနိုက်တက်ကစားသမားများဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားအားအသင်းကိုဦးဆောင်ရန်သင့်တော်တဲ့သူတစ်ဦးအဖြစ်အယုံအကြည်လုံးဝမရှိကြတော့ကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာမနေ့ညတုန်းကလီဗာပူးကိုအိမ်ကွင်းတွင်၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နည်းပြရာထူးနှင့်ပတ်သက်ပြီးဖိအားမြင့်မားလာခဲ့ပါတယ်။

ပရိသတ်များဟာလီဗာပူးကိုရှုံးနိမ့်ပြီးနောက်ဆိုးလ်ရှားကိုချက်ချင်းပင် ထုတ်ပယ်သင့်ပြီလို့အွန်လိုင်းမှတဆင့်တောင်းဆိုမှုပြုလုပ်နေပြီး ဇီဒန်း(သို့မဟုတ်)အန်တိုနီယိုကွန်တီကိုခန့်အပ်ရန်ပြောဆိုနေကြပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းကစားသမားများဟာလည်းနည်းပြအိုလီဂန်းနားဆိုးလ်ရှားအပေါ်တွင်အယုံအကြည်လုံးဝမရှိကြတော့ပါဘူး။အထူးသဖြင့်ဆိုးလ်ရှားရဲ့နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီးအယုံအကြည်မရှိကြတော့ပါဘူး။

ဘရူနိုဖာနန်ဒက်စ်ဟာကြားရက်တုန်းကအတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာသူ့ကိုကွင်းလယ်အဖျက်နေရာသို့အထိဆင်းကစားခွင့်ပေးကာနည်းဗျူဟာအပြောင်းအလဲပြုလုပ်ရန်တောင်းဆိုမှုပြုလုပ်ခဲ့ရပါတယ်။

မန်ယူပရိသတ်များဟာယခုရာသီဆိုးလ်ရှားရဲ့မန်ယူအသင်းခြေစွမ်းအပေါ်တွင်လုံးဝစိတ်ပျက်နေကြပါတယ်။ရာပေါင်းများစွာမန်ယူပရိသတ်များဟာမနေ့ညတုန်းကလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပထမပိုင်းတွင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေပြိးနောက်ပထမပိုင်းအပြီးတွင်ကွင်းမှထွက်ခွာသွားခဲ့ကြပါတယ်။

ZawGyi

ဆိုးလ္ရွားအေပၚတြင္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ား အယုံအၾကည္ တစ္စက္မွ်မရွိေတာ့

မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားအားအသင္းကိုဦးေဆာင္ရန္သင့္ေတာ္တဲ့သူတစ္ဦးအျဖစ္အယုံအၾကည္လုံးဝမရွိၾကေတာ့ေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာမေန႔ညတုန္းကလီဗာပူးကိုအိမ္ကြင္းတြင္၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္နည္းျပရာထူးႏွင့္ပတ္သက္ၿပီးဖိအားျမင့္မားလာခဲ့ပါတယ္။

ပရိသတ္မ်ားဟာလီဗာပူးကိုရႈံးနိမ့္ၿပီးေနာက္ဆိုးလ္ရွားကိုခ်က္ခ်င္းပင္ ထုတ္ပယ္သင့္ၿပီလို႔အြန္လိုင္းမွတဆင့္ေတာင္းဆိုမႈျပဳလုပ္ေနၿပီး ဇီဒန္း(သို႔မဟုတ္)အန္တိုနီယိုကြန္တီကိုခန႔္အပ္ရန္ေျပာဆိုေနၾကပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းကစားသမားမ်ားဟာလည္းနည္းျပအိုလီဂန္းနားဆိုးလ္ရွားအေပၚတြင္အယုံအၾကည္လုံးဝမရွိၾကေတာ့ပါဘူး။အထူးသျဖင့္ဆိုးလ္ရွားရဲ႕နည္းဗ်ဴဟာပိုင္းႏွင့္ပတ္သက္ၿပီးအယုံအၾကည္မရွိၾကေတာ့ပါဘူး။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာၾကားရက္တုန္းကအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးမွာသူ႔ကိုကြင္းလယ္အဖ်က္ေနရာသို႔အထိဆင္းကစားခြင့္ေပးကာနည္းဗ်ဴဟာအေျပာင္းအလဲျပဳလုပ္ရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ရပါတယ္။

မန္ယူပရိသတ္မ်ားဟာယခုရာသီဆိုးလ္ရွားရဲ႕မန္ယူအသင္းေျခစြမ္းအေပၚတြင္လုံးဝစိတ္ပ်က္ေနၾကပါတယ္။ရာေပါင္းမ်ားစြာမန္ယူပရိသတ္မ်ားဟာမေန႔ညတုန္းကလီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပထမပိုင္းတြင္၄-၀ဂိုးျဖင့္ရႈံးနိမ့္ေနၿပိးေနာက္ပထမပိုင္းအၿပီးတြင္ကြင္းမွထြက္ခြာသြားခဲ့ၾကပါတယ္။