ဆိုးလ်ရှားဦးဆောင်မှုအောင်တွင် လမ်းကြောင်းမှန်ပေါ် သရဲနီလျှောက်လှမ်းနေကြောင်း ဘောလုံးဒါရိုက်တာဖွင့်ဟလာ

မန်ချက်စတာယူနိုက်တက်ဘောလုံးဒါရိုက်တာဂျွန်မော်တော့ချ်ကကလပ်ကနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့ဦးဆောင်မှုအောင်တွင်လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနေသည်ဟုအပြည့်အဝယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၄၈နှစ်ရှိနော်ဝေလူမျိုးနည်းပြဟာအိုးထရက်ဖို့ဒ်ရဲ့နှစ်ရှည်အပြောင်းအရွှေ့စီမံကိန်းတွင်အဓိကနေရာမှပါဝင်နေသူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားဟာမန်ယူကိုကိုင်တွယ်လာခဲ့တာသုံးနှစ်တိုင်ရှိပြီဖြစ်ပေမယ့်လည်းဆုဖလားတစ်လုံးမျှမရရှိသေးပါဘူး။၎င်းတို့ဟာနိုင်ငံတကာပွဲများမတိုင်မီနောက်ဆုံးခြောက်ပွဲတွင်နှစ်ပွဲတည်းသာအနိုင်ရရှိထားပါတယ်။

ဒါပေမယ့်မော်တော့ချ်က “ကျွန်တော်တို့မှာနှစ်ရှည်စီမံကိန်းရှိပါတယ်။ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းအပေါ်မှာအပြည့်အဝယုံကြည်ပါတယ်။အောင်မြင်မှုရယူဖို့အတွက်အသင်းမှာပါရမီရောစရိုက်ရောရှိနေတယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့အနေနဲ့ဒါကိုထိန်းထားရပါမယ်။လွှင့်ပစ်လိုက်လို့မရပါဘူး။စီမံကိန်းကနေလွဲချော်လို့မရပါဘူး။အိုလီနဲ့ဝန်ထမ်းတွေကလည်းဒီအပေါ်မှာအရမ်းအလေးထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဂျာဒွန်ဆန်ချို၊ရာဖေးလ်ဗာရိန်းနှင့်ခရစ္စတီယာနိုရော်နယ်ဒိုအားပေါင်သန်း၁၃၀ကျော်အသုံးပြုကာခေါ်ယူအားဖြည့်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ဆိုးလ္ရွားဦးေဆာင္မႈေအာင္တြင္ လမ္းေၾကာင္းမွန္ေပၚ သရဲနီေလွ်ာက္လွမ္းေနေၾကာင္း ေဘာလုံးဒါ႐ိုက္တာဖြင့္ဟလာ

မန္ခ်က္စတာယူႏိုက္တက္ေဘာလုံးဒါ႐ိုက္တာဂြၽန္ေမာ္ေတာ့ခ်္ကကလပ္ကနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕ဦးေဆာင္မႈေအာင္တြင္လမ္းေၾကာင္းမွန္ေပၚေလွ်ာက္လွမ္းေနသည္ဟုအျပည့္အဝယုံၾကည္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၄၈ႏွစ္ရွိေနာ္ေဝလူမ်ိဳးနည္းျပဟာအိုးထရက္ဖို႔ဒ္ရဲ႕ႏွစ္ရွည္အေျပာင္းအေ႐ႊ႕စီမံကိန္းတြင္အဓိကေနရာမွပါဝင္ေနသူလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားဟာမန္ယူကိုကိုင္တြယ္လာခဲ့တာသုံးႏွစ္တိုင္ရွိၿပီျဖစ္ေပမယ့္လည္းဆုဖလားတစ္လုံးမွ်မရရွိေသးပါဘူး။၎တို႔ဟာႏိုင္ငံတကာပြဲမ်ားမတိုင္မီေနာက္ဆုံးေျခာက္ပြဲတြင္ႏွစ္ပြဲတည္းသာအႏိုင္ရရွိထားပါတယ္။

ဒါေပမယ့္ေမာ္ေတာ့ခ်္က “ကြၽန္ေတာ္တို႔မွာႏွစ္ရွည္စီမံကိန္းရွိပါတယ္။ကြၽန္ေတာ္တို႔သြားေနတဲ့လမ္းေၾကာင္းအေပၚမွာအျပည့္အဝယုံၾကည္ပါတယ္။ေအာင္ျမင္မႈရယူဖို႔အတြက္အသင္းမွာပါရမီေရာစ႐ိုက္ေရာရွိေနတယ္လို႔ယုံၾကည္ပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ဒါကိုထိန္းထားရပါမယ္။လႊင့္ပစ္လိုက္လို႔မရပါဘူး။စီမံကိန္းကေနလြဲေခ်ာ္လို႔မရပါဘူး။အိုလီနဲ႔ဝန္ထမ္းေတြကလည္းဒီအေပၚမွာအရမ္းအေလးထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဂ်ာဒြန္ဆန္ခ်ိဳ၊ရာေဖးလ္ဗာရိန္းႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုအားေပါင္သန္း၁၃၀ေက်ာ္အသုံးျပဳကာေခၚယူအားျဖည့္မႈျပဳလုပ္ခဲ့ပါတယ္။