ဆီနီဂေါအတွက်ကစားစဉ် ဒဏ်ရာရရှိကာ နုတ်ထွက်ပြီး လီဗာပူးသို့ ပြန်ရောက်လာတဲ့ မာနေး

လီဗာပူးဟာတိုဂိုနှင့်ဆီနီဂေါပွဲတွင်ဒဏ်ရာရရှိကာဆီနီဂေါအသင်းမှနုတ်ထွက်ခဲ့ရတဲ့ဆာဒေယိုမာနေးရဲ့ဒဏ်ရာအခြေအနေအပေါ်စိုးရိမ်တကြီးစောင့်ကြည့်နေပါတယ်။

တောင်ပံတိုက်စစ်သမားဟာတိုဂိုနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်နံရိုးဒဏ်ရာရရှိကာပထမပိုင်းတွင်ပင်လူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။

လက်ရှိအချိန်တွင်လီဗာပူးဟာဆာဒေယိုမာနေးရဲ့ဒဏ်ရာအတိမ်အနက်ကိုသိရရန် X-ray အဖြေကိုစောင့်ဆိုင်းနေပါတယ်။

ဆီနီဂေါနည်းပြဆစ်စီကမူမာနေးကိုလူစားလဲလှယ်ခဲ့ခြင်းမှာဒဏ်ရာရရှိလာတဲ့အခြေအနေကိုတားဆီးရန်အတွက်ဖြစ်ကြောင်းဆိုထားပါတယ်။

လက်ရှိအချိန်တွင်လီဗာပူးမှဟင်ဒါဆင်မှာလည်းဒဏ်ရာရရှိကာအင်္ဂလန်အသင်းမှနုတ်ထွက်ထားရပါတယ်။

ယင်းသို့အနေအထားများကြောင့်မာနေးနှင့်ဟင်ဒါဆင်တို့ဟာလာမယ့်အပတ်တွင်အာဆင်နယ်နှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။

ZawGyi

ဆီနီေဂါအတြက္ကစားစဥ္ ဒဏ္ရာရရွိကာ ႏုတ္ထြက္ၿပီး လီဗာပူးသို႔ ျပန္ေရာက္လာတဲ့ မာေနး

လီဗာပူးဟာတိုဂိုႏွင့္ဆီနီေဂါပြဲတြင္ဒဏ္ရာရရွိကာဆီနီေဂါအသင္းမွႏုတ္ထြက္ခဲ့ရတဲ့ဆာေဒယိုမာေနးရဲ႕ဒဏ္ရာအေျခအေနအေပၚစိုးရိမ္တႀကီးေစာင့္ၾကည့္ေနပါတယ္။

ေတာင္ပံတိုက္စစ္သမားဟာတိုဂိုႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္နံ႐ိုးဒဏ္ရာရရွိကာပထမပိုင္းတြင္ပင္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္လီဗာပူးဟာဆာေဒယိုမာေနးရဲ႕ဒဏ္ရာအတိမ္အနက္ကိုသိရရန္ X-ray အေျဖကိုေစာင့္ဆိုင္းေနပါတယ္။

ဆီနီေဂါနည္းျပဆစ္စီကမူမာေနးကိုလူစားလဲလွယ္ခဲ့ျခင္းမွာဒဏ္ရာရရွိလာတဲ့အေျခအေနကိုတားဆီးရန္အတြက္ျဖစ္ေၾကာင္းဆိုထားပါတယ္။

လက္ရွိအခ်ိန္တြင္လီဗာပူးမွဟင္ဒါဆင္မွာလည္းဒဏ္ရာရရွိကာအဂၤလန္အသင္းမွႏုတ္ထြက္ထားရပါတယ္။

ယင္းသို႔အေနအထားမ်ားေၾကာင့္မာေနးႏွင့္ဟင္ဒါဆင္တို႔ဟာလာမယ့္အပတ္တြင္အာဆင္နယ္ႏွင့္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။