ဆီနီဂေါ-ဟော်လန်ပွဲကို ကွင်းဝင်ဆန့်ပရိသတ်ထက် ၁၇၀၀ ဦး ပိုကြည့်တယ်လို့ ကြေညာပေမဲ့ ကွင်းတွင် ထိုင်ခုံလွတ်များစွာဖြစ်နေ

ဟောလန်ကဆီနီဂေါကိုအနိုင်ရရှိတဲ့ပွဲစဉ်ကိုကွင်းအတွင်းဝင်ဆန့်တဲ့ပရိသတ်ပမာဏထက် ၁၇၀၀ ဦးပိုကြည့်တယ်ဆိုပြီးရယ်ချင်စရာကောင်းအောင်ကြေညာမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့ Al-Thumama Stadium တွင်ကစားတဲ့ယင်းကမ္ဘာ့ဖလားပွဲစဉ်တွင်ထိုင်ခုံလွတ်များစွာဖြစ်နေခဲ့တာတွေ့ရပါတယ်။

Al-Thumama Stadium ကွင်းမှာတရားဝင် ဝင်ဆန့်ပရိသတ်ပမာဏမှာ၄၀၀၀၀တည်းသာဖြစ်ပါတယ်။

ဒါပေမဲ့ကွင်းအတွင်းအစီအစဉ်ကြေညာသူကယင်းပွဲကိုလာရောက်ကြည့်ရှုသူပမာဏမှာ၄၁၇၂၁ဦးရေရှိကြောင်းရယ်စရာကောင်းလောက်အောင်ကြေညာခဲ့ပါတယ်။

မနေ့ညကပွဲစဉ်တွင်နယ်သာလန်ကဆီနီဂေါကို၂-၀ဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်ပရိသတ်များဟာလည်းအင်္ဂလန်ကအီရန်ကို၆-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နည်းစနစ်ပိုင်းဆိုင်ရာအမှားကြောင့်ကွင်းအတွင်းဝင်ရောက်ရန်ခက်ခဲခဲ့ကြပြီးပွဲအစပိုင်းလွဲချော်ခဲ့ကြပါတယ်။

ZawGyi

ဆီနီေဂါ-ေဟာ္လန္ပြဲကို ကြင္းဝင္ဆန႔္ပရိသတ္ထက္ ၁၇၀၀ ဦး ပိုၾကည့္တယ္လို႔ ေၾကညာေပမဲ့ ကြင္းတြင္ ထိုင္ခုံလြတ္မ်ားစြာျဖစ္ေန

ေဟာလန္ကဆီနီေဂါကိုအႏိုင္ရရွိတဲ့ပြဲစဥ္ကိုကြင္းအတြင္းဝင္ဆန႔္တဲ့ပရိသတ္ပမာဏထက္ ၁၇၀၀ ဦးပိုၾကည့္တယ္ဆိုၿပီးရယ္ခ်င္စရာေကာင္းေအာင္ေၾကညာမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့တကယ္တမ္းမွာေတာ့ Al-Thumama Stadium တြင္ကစားတဲ့ယင္းကမာၻ႔ဖလားပြဲစဥ္တြင္ထိုင္ခုံလြတ္မ်ားစြာျဖစ္ေနခဲ့တာေတြ႕ရပါတယ္။

Al-Thumama Stadium ကြင္းမွာတရားဝင္ ဝင္ဆန႔္ပရိသတ္ပမာဏမွာ၄၀၀၀၀တည္းသာျဖစ္ပါတယ္။

ဒါေပမဲ့ကြင္းအတြင္းအစီအစဥ္ေၾကညာသူကယင္းပြဲကိုလာေရာက္ၾကည့္ရႈသူပမာဏမွာ၄၁၇၂၁ဦးေရရွိေၾကာင္းရယ္စရာေကာင္းေလာက္ေအာင္ေၾကညာခဲ့ပါတယ္။

မေန႔ညကပြဲစဥ္တြင္နယ္သာလန္ကဆီနီေဂါကို၂-၀ဂိုးျဖင့္အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒါ့အျပင္အဂၤလန္ပရိသတ္မ်ားဟာလည္းအဂၤလန္ကအီရန္ကို၆-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္နည္းစနစ္ပိုင္းဆိုင္ရာအမွားေၾကာင့္ကြင္းအတြင္းဝင္ေရာက္ရန္ခက္ခဲခဲ့ၾကၿပီးပြဲအစပိုင္းလြဲေခ်ာ္ခဲ့ၾကပါတယ္။