
ဘာစီလိုနာဟာမနေ့ညတုန်းကဆီဗီလာကို၃-၀ဂိုးဖြင့်အနိုင်ယူပြီးလာလီဂါအမှတ်ပေးဇယားကိုရမှတ်၈မှတ်ဖြတ်ပြီးဦးဆောင်လာပါတယ်။
ဘာစီလိုနာဟာပထမပိုင်းမှာအကောင်းဆုံးပုံစံရရှိဖို့ရုန်းကန်ခဲ့ရပေမဲ့လည်းဒုတိယပိုင်းတွင်အကောင်းဆုံးပုံစံဖြင့်ကစားကာဂိုးပြတ်နိုင်ပွဲရယူခဲ့တာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအတွက်ဦးဆောင်ဂိုးကိုပွဲချိန်၅၈မိနစ်တွင်ဂျော်ဒီအယ်ဘာကသွင်းယူခဲ့ပြီးနောက်ပွဲချိန်၇၀မိနစ်မှာရာဖင်ညာရဲ့ဖြတ်တင်ဘောကနေဂါဗီကပိတ်သွင်းပြီးဒုတိယဂိုးသွင်းခဲ့ပါတယ်။
ဘာစီလိုနာအတွက်အပိတ်ဂိုးကို၇၉မိနစ်မှာအယ်ဘာရဲ့ဖြတ်တင်ဘောကနေဘရာဇီးတောင်ပံကစားသမားရာဖင်ညာကသွင်းယူခဲ့ပါတယ်။
ဆီဗီလာဟာဘာစီလိုနာပွဲအရှုံးကြောင့်တန်းဆင်းဇုန်နှင့်ရမှတ်၂မှတ်အကွာသို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့မာယောကာကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့သွားခဲ့ပါတယ်။
ZawGyi
ဆီဗီလာကို ဂိုးပြတ်အနိုင်ယူပြီး ရီးရဲလ်မက်ဒရစ်ကို ၈ မှတ်ဖြတ်လိုက်တဲ့ ဘာစီလိုနာ