ဆီဗီလာနှင့်ဆဲလ်ဘတ်တို့တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပထမပိုင်းမှာ ပင်နယ်တီလေးကြိမ်အထိ ဒိုင်လူကြီးပေးခဲ့

မနေ့ညတုန်းကဆီဗီလာနှင့်ဆဲလ်ဘတ်တို့တစ်ဂိုးစီသရေကျတဲ့ပထမပိုင်းမှာဒိုင်လူကြီးဟာ ပင်နယ်တီလေးကြိမ်အထိပေးခဲ့ပါတယ်။

ဆဲလ်ဘတ်ဟာပွဲအစ၁၃မိနစ်မှာဘဲကာရမ်အဒီယီမီကြောင့်ပင်နယ်တီစတင်ရရှိခဲ့ပါတယ်။ဒါပေမယ့်ယင်းပင်နယ်တီကိုအဒီယီမီကန်ခဲ့ရာမှာလွဲချော်သွားခဲ့ပါတယ်။

ဒါပေမယ့်ဆဲလ်ဘတ်ဟာနောက်ထပ်တစ်ကြိမ်ပင်နယ်တီထပ်ရဖို့ကြာကြာမစောင့်ခဲ့ရပါဘူး။နောက်၇မိနစ်အကြာမှာအဒီယီမီကိုမန်စီးတီးတောင်ပံကစားသမားဟောင်းနာဗက်စ်ကတွန်းလှဲလို့ပင်နယ်တီထပ်ရခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့အသက်၁၉နှစ်အရွယ်ရှိလူကာဆူစီကသွင်းယူကာဆဲလ်ဘတ်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ပွဲချိန်၃၆မိနစ်မှာလည်းဆဲလ်ဘတ်ဟာအဒီယီမီကြောင့်ဘဲတတိယမြောက်ပင်နယ်တီရရှိခဲ့ပါတယ်။ဒီတစ်ကြိမ်မှာလည်းဆူစီကကန်ခဲ့ပေမယ့်မဝင်ခဲ့ပါဘူး။

ပထမပိုင်းမပြီးခင်ပင်နယ်တီသုံးကြိမ်အထိပေးထားရတဲ့ဆီဗီလာဟာပထမပိုင်းမပြီးခင်မှာပင်နယ်တီပြန်ရခဲ့ပါတယ်။အန်နက်စ်ရီကိုဘိုဘာကကြမ်းတမ်းစွာဖျက်ထုတ်လို့ပင်နယ်တီရခဲ့တာဖြစ်ပြီးရာကီတစ်ကကန်သွင်းခဲ့ပါတယ်။

ပထမပိုင်းမှာပင်နယ်တီလေးကြိမ်အထိပေးခဲ့တဲ့ဘီလာရုစ်ဒိုင်လူကြီးအလက်ဆီကူလ်ဘာကိုဟာဒုတိယပိုင်းမှာတော့ပင်နယ်တီထပ်ပေးခြင်းမပြုတော့ပါဘူး။ဒါပေမယ့်သူဟာပွဲချိန်၅၀မိနစ်မှာဆီဗီလာဘက်မှအန်နက်စ်ရီကိုနှစ်ဝါတစ်နီနှင့်ထုတ်ပယ်ခဲ့ပါတယ်။

အဒီယီမီဟာချန်ပီယံလိဂ်သမိုင်းမှာအသင်းအတွက်ပင်နယ်တီသုံးကြိမ်ရရှိအောင်ပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားပါတယ်။

ZawGyi

ဆီဗီလာႏွင့္ဆဲလ္ဘတ္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲမွာ ပထမပိုင္းမွာ ပင္နယ္တီေလးႀကိမ္အထိ ဒိုင္လူႀကီးေပးခဲ့

မေန႔ညတုန္းကဆီဗီလာႏွင့္ဆဲလ္ဘတ္တို႔တစ္ဂိုးစီသေရက်တဲ့ပထမပိုင္းမွာဒိုင္လူႀကီးဟာ ပင္နယ္တီေလးႀကိမ္အထိေပးခဲ့ပါတယ္။

ဆဲလ္ဘတ္ဟာပြဲအစ၁၃မိနစ္မွာဘဲကာရမ္အဒီယီမီေၾကာင့္ပင္နယ္တီစတင္ရရွိခဲ့ပါတယ္။ဒါေပမယ့္ယင္းပင္နယ္တီကိုအဒီယီမီကန္ခဲ့ရာမွာလြဲေခ်ာ္သြားခဲ့ပါတယ္။

ဒါေပမယ့္ဆဲလ္ဘတ္ဟာေနာက္ထပ္တစ္ႀကိမ္ပင္နယ္တီထပ္ရဖို႔ၾကာၾကာမေစာင့္ခဲ့ရပါဘူး။ေနာက္၇မိနစ္အၾကာမွာအဒီယီမီကိုမန္စီးတီးေတာင္ပံကစားသမားေဟာင္းနာဗက္စ္ကတြန္းလွဲလို႔ပင္နယ္တီထပ္ရခဲ့ပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့အသက္၁၉ႏွစ္အ႐ြယ္ရွိလူကာဆူစီကသြင္းယူကာဆဲလ္ဘတ္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ပြဲခ်ိန္၃၆မိနစ္မွာလည္းဆဲလ္ဘတ္ဟာအဒီယီမီေၾကာင့္ဘဲတတိယေျမာက္ပင္နယ္တီရရွိခဲ့ပါတယ္။ဒီတစ္ႀကိမ္မွာလည္းဆူစီကကန္ခဲ့ေပမယ့္မဝင္ခဲ့ပါဘူး။

ပထမပိုင္းမၿပီးခင္ပင္နယ္တီသုံးႀကိမ္အထိေပးထားရတဲ့ဆီဗီလာဟာပထမပိုင္းမၿပီးခင္မွာပင္နယ္တီျပန္ရခဲ့ပါတယ္။အန္နက္စ္ရီကိုဘိုဘာကၾကမ္းတမ္းစြာဖ်က္ထုတ္လို႔ပင္နယ္တီရခဲ့တာျဖစ္ၿပီးရာကီတစ္ကကန္သြင္းခဲ့ပါတယ္။

ပထမပိုင္းမွာပင္နယ္တီေလးႀကိမ္အထိေပးခဲ့တဲ့ဘီလာ႐ုစ္ဒိုင္လူႀကီးအလက္ဆီကူလ္ဘာကိုဟာဒုတိယပိုင္းမွာေတာ့ပင္နယ္တီထပ္ေပးျခင္းမျပဳေတာ့ပါဘူး။ဒါေပမယ့္သူဟာပြဲခ်ိန္၅၀မိနစ္မွာဆီဗီလာဘက္မွအန္နက္စ္ရီကိုႏွစ္ဝါတစ္နီႏွင့္ထုတ္ပယ္ခဲ့ပါတယ္။

အဒီယီမီဟာခ်န္ပီယံလိဂ္သမိုင္းမွာအသင္းအတြက္ပင္နယ္တီသုံးႀကိမ္ရရွိေအာင္ျပဳလုပ္ႏိုင္ခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္သြားပါတယ္။