ဆီဗီလာမှာ ငယ်စဉ်ဘဝသူရဲကောင်း ရော်နယ်ဒိုရဲ့ကြိုဆိုခြင်းခံရလို့ အကြီးအကျယ် အံ့ဩသင့်ခဲ့တဲ့ အန်တိုနီမာရှယ်

အန်တိုနီမာရှယ်ဟာဆီဗီလာသို့အငှားဖြင့်ပြောင်းရွှေ့ချိန်မှာလုံးဝထင်မှတ်မထားတဲ့ကြိုဆိုမှုခံခဲ့ရပါတယ်။ပြင်သစ်တိုက်စစ်မှူးဟာသူငယ်စဉ်ကတည်းက လေးစားအားကျရတဲ့ဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ကြိုဆိုခြင်းခံခဲ့ရပါတယ်။

အန်တိုနီမာရှယ်ဟာယူနိုက်တက်တွင်နေရာရရှိရန်ရုန်းကန်ရမှုကြောင့်မနေ့တုန်းကဆီဗီလာသို့ခြောက်လအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာဆီဗီလာရဲ့ရေမွန်ဆန်းချက်ဇ်ပီဟွမ်ကွင်းသို့ရောက်ချိန်မှာကွင်းရဲ့ကြီးမားတဲ့ Screen မှတဆင့် ရော်နယ်ဒိုကဆီဗီလာသို့ကြိုဆိုမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဟေးမာရှယ်။နေကောင်းလား။လာလီဂါနဲ့ဆီဗီလာကနေကြိုဆိုပါတယ်။သူတို့ကစပိန်ရဲ့ကြီးကျယ်တဲ့ကလပ်တွေထဲကတစ်ခုပါ။ဥရောပထိပ်သီးအသင်းတစ်သင်းလည်းဖြစ်တယ်။သူတို့မှာကြီးကျယ်တဲ့ပရိသတ်တွေရှိတယ်။မြို့ကလည်းကြီးကျယ်တဲ့မြို့တစ်မြို့ဖြစ်တယ်။ကံကောင်းပါစေ”လို့ပြောကြားကာ မာရှယ်ကိုကြိုဆိုခဲ့တာပါ။

မာရှယ်ဟာရော်နယ်ဒိုကိုလေးစားအားကျရင်းကြီးပြင်းလာခဲ့တဲ့သူဖြစ်ပါတယ်။ရော်နယ်ဒိုဟာစပိန်ထိပ်သီးများဖြစ်တဲ့ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့မှာကစားခဲ့သူဖြစ်ပါတယ်။

သူဟာဘာစီလိုနာအတွက်လာလီဂါဂိုး၃၄ဂိုးနှင့်ရီးရဲလ်မက်ဒရစ်အတွက်လာလီဂါဂိုးဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးမာရှယ်ဟာရော်နယ်ဒိုရဲ့ကြိုဆိုမှုကြောင့်အံ့ဩသင့်ခဲ့ရပါတယ်။သူဟာလည်းလာလီဂါမှာရော်နယ်ဒိုကဲ့သို့ပင်အောင်မြင်မှုရယူရန်မျှော်လင့်နေပါတယ်။

Zawgyi

ဆီဗီလာမွာ ငယ္စဥ္ဘဝသူရဲေကာင္း ေရာ္နယ္ဒိုရဲ႕ႀကိဳဆိုျခင္းခံရလို႔ အႀကီးအက်ယ္ အံ့ဩသင့္ခဲ့တဲ့ အန္တိုနီမာရွယ္

အန္တိုနီမာရွယ္ဟာဆီဗီလာသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕ခ်ိန္မွာလုံးဝထင္မွတ္မထားတဲ့ႀကိဳဆိုမႈခံခဲ့ရပါတယ္။ျပင္သစ္တိုက္စစ္မႉးဟာသူငယ္စဥ္ကတည္းက ေလးစားအားက်ရတဲ့ဂႏၴဝင္တိုက္စစ္မႉးေရာ္နယ္ဒိုရဲ႕ႀကိဳဆိုျခင္းခံခဲ့ရပါတယ္။

အန္တိုနီမာရွယ္ဟာယူႏိုက္တက္တြင္ေနရာရရွိရန္႐ုန္းကန္ရမႈေၾကာင့္မေန႔တုန္းကဆီဗီလာသို႔ေျခာက္လအငွားစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

သူဟာဆီဗီလာရဲ႕ေရမြန္ဆန္းခ်က္ဇ္ပီဟြမ္ကြင္းသို႔ေရာက္ခ်ိန္မွာကြင္းရဲ႕ႀကီးမားတဲ့ Screen မွတဆင့္ ေရာ္နယ္ဒိုကဆီဗီလာသို႔ႀကိဳဆိုမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုက “ေဟးမာရွယ္။ေနေကာင္းလား။လာလီဂါနဲ႔ဆီဗီလာကေနႀကိဳဆိုပါတယ္။သူတို႔ကစပိန္ရဲ႕ႀကီးက်ယ္တဲ့ကလပ္ေတြထဲကတစ္ခုပါ။ဥေရာပထိပ္သီးအသင္းတစ္သင္းလည္းျဖစ္တယ္။သူတို႔မွာႀကီးက်ယ္တဲ့ပရိသတ္ေတြရွိတယ္။ၿမိဳ႕ကလည္းႀကီးက်ယ္တဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္။ကံေကာင္းပါေစ”လို႔ေျပာၾကားကာ မာရွယ္ကိုႀကိဳဆိုခဲ့တာပါ။

မာရွယ္ဟာေရာ္နယ္ဒိုကိုေလးစားအားက်ရင္းႀကီးျပင္းလာခဲ့တဲ့သူျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာစပိန္ထိပ္သီးမ်ားျဖစ္တဲ့ဘာစီလိုနာႏွင့္ရီးရဲလ္မက္ဒရစ္တို႔မွာကစားခဲ့သူျဖစ္ပါတယ္။

သူဟာဘာစီလိုနာအတြက္လာလီဂါဂိုး၃၄ဂိုးႏွင့္ရီးရဲလ္မက္ဒရစ္အတြက္လာလီဂါဂိုးဂိုးသြင္းခဲ့သူျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးမာရွယ္ဟာေရာ္နယ္ဒိုရဲ႕ႀကိဳဆိုမႈေၾကာင့္အံ့ဩသင့္ခဲ့ရပါတယ္။သူဟာလည္းလာလီဂါမွာေရာ္နယ္ဒိုကဲ့သို႔ပင္ေအာင္ျမင္မႈရယူရန္ေမွ်ာ္လင့္ေနပါတယ္။