ဆီမီးပွဲမတိုင်မီ အင်္ဂလန်အသင်းအင်္ကျီအားလုံး ရောင်းချမှုကြောင့် ဝယ်ယူလိုတဲ့ ပရိသတ်များအခက်တွေ့

အင်္ဂလန်ပရိသတ်များဟာဗုဒ္ဓဟူးနေ့တွင်ဝင်ဘာလေကွင်းမှာကစားရမယ့်ဒိန်းမတ်နှင့်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီအင်္ဂလန်အသင်းရဲ့ယူရိုဝတ်စုံအစစ်ကိုဝယ်ယူနိုင်ရန်ခက်ခဲလျက်ရှိနေပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာကွာတားဖိုင်နယ်တွင်ယူကရိန်းကို၄-၀ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်လာခဲ့ပါတယ်။

အင်္ဂလန်ဟာဆီမီးဖိုင်နယ်အဆင့်တွင်ဒိန်းမတ်နှင့်ရင်ဆိုင်ကစားရမှာဖြစ်လို့၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းတွင်ပထမဆုံးဆုဖလားဆွတ်ခူးနိုင်ရန်မျှော်လင့်ချက်လင်းလက်လျက်ရှိနေပါတယ်။

အင်္ဂလန်ပရိသတ်များဟာလည်းအင်္ဂလန်အသင်းရဲ့တရားဝင်အင်္ကျီကိုဝတ်ဆင်ပြီးအသင်းကိုအားပေးလိုလျက်ရှိနေကြပါတယ်။

ဒါပေမယ့် Nike ကထုတ်လုပ်တဲ့ပေါင်၇၀တန်အင်္ဂလန်အသင်းအင်္ကျီကဘယ်နေရာမှာမှဝယ်ယူလို့မရနိုင်အောင်အကုန်‌ရောင်းကုန်သွားခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်ရဲ့တရားဝင်ဝက်ဘ်ဆိုက်တွင်လည်းကလေးဝတ်နှင့် 3XL အင်္ကျီများသာဝယ်ယူနိုင်တော့ကြောင်းတွေ့ရပါတယ်။

ZawGyi



ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာကွာတားဖိုင်နယ်တွင်ယူကရိန်းကို၎-၀ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်လာခဲ့ပါတယ်။



