ဆီမီးဖိုင်နယ်တွင် ဒုက္ခရောက်မယ့် ဆုံးဖြတ်ချက်ချလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာယနေ့ညတွင်ယူကရိန်းနှင့်ကစားရမယ့်ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်တွင်အတောင့်တင်းဆုံးလူစာရင်းဖြင့်ပွဲထွက်ကာဆီမီးဖိုင်နယ်တွင်အသည်းကွဲရနိုင်တဲ့ဆုံးဖြတ်ချက်ချလိုက်ကြောင်းသိရပါတယ်။

မက်ဂွိုင်းယား၊ကယ်ဗင်ဖီးလစ်၊ဒက်လန်းရိုက်စ်နှင့်ဖီးလ်ဖိုဒန်တို့ဟာယနေ့ညတွင်ရောမတွင်ကစားမယ့်ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲတွင်အဝါကတ်ပြသခြင်းခံရပါကဝင်ဘာလေကွင်းတွင်ကစားမယ့်ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ပါမယ်။

မော်ရင်ဟိုကဆောက်ဂိတ်အနေဖြင့်မက်ဂွိုင်းယား၊ဒက်လန်းရိုက်စ်(သို့မဟုတ်)ဖီးလစ်ကိုအနားပေးကာဆီမီးအတွက်အဆင်သင့်ဖြစ်နေအောင်လုပ်သင့်ကြောင်းတိုက်တွန်းထားပါတယ်။

ဒါပေမယ့်ဆောက်ဂိတ်ကတော့အဝါကတ်ကြောင့်ကစားသမားရွေးချယ်မှုကိုဂရုစိုက်မည်မဟုတ်ဘဲယူကရိန်းနှင့်ပွဲတွင်အတောင့်တင်းဆုံးအသင်းဖြင့်ပွဲထွက်စေပြီးအနိုင်သေချာအောင်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။

ဆောက်ဂိတ်က “နှစ်ပေါင်း၆၀မှာတတိယအကြိမ်မြောက်အဖြစ်ဆီမီးသို့တက်ထားတာပါ။ဒီတော့နောက်ထပ်အဝါကတ်ပြသခံရနိုင်လို့ဆိုပြီးကစားသမားရွေးချယ်ဖို့နောက်တွန့်နေမှာမဟုတ်ပါဘူး။ဒါကယူကရိန်းကိုသေးရာလည်းရောက်နေပါမယ်။ကျွန်တော်ကတော့ဒီလိုလုပ်ဖို့မစဉ်းစားပါဘူး။ဒီလိုလုပ်တာကစားသမားတွေကိုဆိုးရွားတဲ့အသိပေးလိုက်သလိုဖြစ်သလိုယူကရိန်းအတွက်ဆိုးရွားတဲ့အသိပေးလိုက်သလိုပါ။ကြံ့ခိုင်ရေးပိုင်းပြဿနာရှိရင်တော့တမျိုးစဉ်းစားပါဘူး။အဝါကတ်ကြောင့်တော့လုံးဝမစဉ်းစားပါဘူး”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာယနေ့ညတွင်ကစားရမယ့်ယူကရိန်းနှင့်ကွာတားဖိုင်နယ်တွင်အနိုင်ရရှိပါကချက်(သို့မဟုတ်)ဒိန်းမတ်နှင့်ဆီီမီးတွင်ရင်ဆိုင်ရမည်ဖြစ်ရာဗိုလ်လုပွဲသို့တက်ရောက်ရန်အခြေအနေကောင်းနေပါတယ်။

ZawGyi

ဆီမီးဖိုင္နယ္တြင္ ဒုကၡေရာက္မယ့္ ဆုံးျဖတ္ခ်က္ခ်လိုက္တဲ့ ေဆာက္ဂိတ္

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာယေန႔ညတြင္ယူကရိန္းႏွင့္ကစားရမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲစဥ္တြင္အေတာင့္တင္းဆုံးလူစာရင္းျဖင့္ပြဲထြက္ကာဆီမီးဖိုင္နယ္တြင္အသည္းကြဲရႏိုင္တဲ့ဆုံးျဖတ္ခ်က္ခ်လိုက္ေၾကာင္းသိရပါတယ္။

မက္ဂြိဳင္းယား၊ကယ္ဗင္ဖီးလစ္၊ဒက္လန္း႐ိုက္စ္ႏွင့္ဖီးလ္ဖိုဒန္တို႔ဟာယေန႔ညတြင္ေရာမတြင္ကစားမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲတြင္အဝါကတ္ျပသျခင္းခံရပါကဝင္ဘာေလကြင္းတြင္ကစားမယ့္ဆီမီးဖိုင္နယ္ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

ေမာ္ရင္ဟိုကေဆာက္ဂိတ္အေနျဖင့္မက္ဂြိဳင္းယား၊ဒက္လန္း႐ိုက္စ္(သို႔မဟုတ္)ဖီးလစ္ကိုအနားေပးကာဆီမီးအတြက္အဆင္သင့္ျဖစ္ေနေအာင္လုပ္သင့္ေၾကာင္းတိုက္တြန္းထားပါတယ္။

ဒါေပမယ့္ေဆာက္ဂိတ္ကေတာ့အဝါကတ္ေၾကာင့္ကစားသမားေ႐ြးခ်ယ္မႈကိုဂ႐ုစိုက္မည္မဟုတ္ဘဲယူကရိန္းႏွင့္ပြဲတြင္အေတာင့္တင္းဆုံးအသင္းျဖင့္ပြဲထြက္ေစၿပီးအႏိုင္ေသခ်ာေအာင္လုပ္ဖို႔ဆုံးျဖတ္ထားပါတယ္။

ေဆာက္ဂိတ္က “ႏွစ္ေပါင္း၆၀မွာတတိယအႀကိမ္ေျမာက္အျဖစ္ဆီမီးသို႔တက္ထားတာပါ။ဒီေတာ့ေနာက္ထပ္အဝါကတ္ျပသခံရႏိုင္လို႔ဆိုၿပီးကစားသမားေ႐ြးခ်ယ္ဖို႔ေနာက္တြန႔္ေနမွာမဟုတ္ပါဘူး။ဒါကယူကရိန္းကိုေသးရာလည္းေရာက္ေနပါမယ္။ကြၽန္ေတာ္ကေတာ့ဒီလိုလုပ္ဖို႔မစဥ္းစားပါဘူး။ဒီလိုလုပ္တာကစားသမားေတြကိုဆိုး႐ြားတဲ့အသိေပးလိုက္သလိုျဖစ္သလိုယူကရိန္းအတြက္ဆိုး႐ြားတဲ့အသိေပးလိုက္သလိုပါ။ႀကံ့ခိုင္ေရးပိုင္းျပႆနာရွိရင္ေတာ့တမ်ိဳးစဥ္းစားပါဘူး။အဝါကတ္ေၾကာင့္ေတာ့လုံးဝမစဥ္းစားပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာယေန႔ညတြင္ကစားရမယ့္ယူကရိန္းႏွင့္ကြာတားဖိုင္နယ္တြင္အႏိုင္ရရွိပါကခ်က္(သို႔မဟုတ္)ဒိန္းမတ္ႏွင့္ဆီီမီးတြင္ရင္ဆိုင္ရမည္ျဖစ္ရာဗိုလ္လုပြဲသို႔တက္ေရာက္ရန္အေျခအေနေကာင္းေနပါတယ္။