ဆုဖလားတစ်လုံးနှင့် ရာသီသိမ်းနိုင်ဦးမယ့် လီဗာပူး

ပြီးခဲ့တဲ့၂နှစ်အတွင်းမှာပရီးမီးယားလိဂ်ဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့တဲ့လီဗာပူးဟာယခုရာသီမှာလည်းနောက်ထပ်ဆုဖလားတစ်လုံးဆွတ်ခူးနိုင်ပါဦးမယ်။

လီဗာပူးတို့ယခုရာသီမှာဆွတ်ခူးနိုင်မယ့်အခွင့်အရေးအပြည့်အဝရှိနေတဲ့ဖလားက Fair Play Award ဖြစ်ပါတယ်။

၂၀၂၀-၂၁ရာသီကလီဗာပူးအတွက်အလွန်ခက်ခဲကြမ်းတမ်းတဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။၎င်းတို့ဟာနှစ်၃၀အတွင်းပထမဆုံးဆွတ်ခူးထားနိုင်တဲ့ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ကြိုးပမ်းခဲ့ပေမယ့်လည်းဒဏ်ရာပြဿနာများ၊ခြေစွမ်းကျဆင်းမှုများတို့ကြောင့်ရုန်းကန်ခဲ့ရပါတယ်။

၎င်းတို့ဟာချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ရနိုင်တဲ့အနေအထားမျိုးအထိကြုံခဲ့ပြီးပြီးခဲ့တဲ့အပတ်တုန်းကဝက်စ်ဘရွန်းနှင့်ပွဲရဲ့နာကျင်အချိန်ပိုမှာအလစ်ဆင်အနိုင်ဂိုးသွင်းယူနိုင်ခဲ့မှုကြောင့်သာအဆင့်၄နေရာသို့တက်လှန်းနိုင်ခဲ့တာပါ။

လီဗာပူးဟာချန်ပီယံလိဂ်ဝင်ခွင့်ရသည်ဖြစ်စေ/မရသည်ဖြစ်စေ၎င်းတို့ဟာရာသီအကုန်မှာအသန့်ရှင်းဆုံးအသင်းအဖြစ်ဆုဖလားတစ်ခုကို ရရှိလာပါမယ်။

လီဗာပူးဟာယခုရာသီမှာအဝါကတ်၃၈ကတ်တည်းသာပြသခြင်းခံထားရပြီးအနီကတ်လုံးဝပြသခြင်းမခံထားရပါဘူး။လီဗာပူးဟာတစ်ပွဲတည်းသာကစားဖို့ကျန်နေတဲ့အချိန်မှာဒုတိယနေရာကဘန်လေကအဝါကတ်၄၇ကတ်အထိပြသခြင်းခံထားရတာကြောင့်ကွာဟချက်များပြားမှုနဲ့အတူအသန့်ရှင်းဆုံးအသင်းဆုကိုဆွတ်ခူးနိုင်ဖို့သေချာနေပါတယ်။

ကလော့ပ်ရဲ့အသင်းဟာခရစ္စတယ်ပဲလေ့စ်နဲ့ရာသီသိမ်းပွဲမှာတစ်သင်းလုံးအဝါကတ်ပြသခံရမှသာအသန့်ရှင်းဆုံးဆုနဲ့လွဲကိန်းရှိပါတယ်။

ယခုရာသီမှာလီဗာပူးဟာဘန်လေ၊လက်စတာတို့နှင့်အတူပရီးမီးယားလိဂ်မှာအနီကတ်ပြသခြင်းလုံးဝမခံထားရတဲ့အသင်းအဖြစ်ရပ်တည်နေတာပါ။

ပရီးမီးယားလိဂ်ကြမ်းခင်းမှာရပ်တည်နေကာတန်းဆင်းသွားရပြီဖြစ်တဲ့ရှက်ဖီးလ်ယူနိုက်တက်ကအဝါကတ်၇၀၊အနီကတ်၃ကတ်ပြသခြင်းခံထားရကာပရီးမီးယားလိဂ်မှာအကြမ်းဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

ဆုဖလားတစ္လုံးႏွင့္ ရာသီသိမ္းႏိုင္ဦးမယ့္ လီဗာပူး

ၿပီးခဲ့တဲ့၂ႏွစ္အတြင္းမွာပရီးမီးယားလိဂ္ဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့တဲ့လီဗာပူးဟာယခုရာသီမွာလည္းေနာက္ထပ္ဆုဖလားတစ္လုံးဆြတ္ခူးႏိုင္ပါဦးမယ္။

လီဗာပူးတို႔ယခုရာသီမွာဆြတ္ခူးႏိုင္မယ့္အခြင့္အေရးအျပည့္အဝရွိေနတဲ့ဖလားက Fair Play Award ျဖစ္ပါတယ္။

၂၀၂၀-၂၁ရာသီကလီဗာပူးအတြက္အလြန္ခက္ခဲၾကမ္းတမ္းတဲ့ရာသီတစ္ခုျဖစ္ခဲ့ပါတယ္။၎တို႔ဟာႏွစ္၃၀အတြင္းပထမဆုံးဆြတ္ခူးထားႏိုင္တဲ့ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုကာကြယ္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္လည္းဒဏ္ရာျပႆနာမ်ား၊ေျခစြမ္းက်ဆင္းမႈမ်ားတို႔ေၾကာင့္႐ုန္းကန္ခဲ့ရပါတယ္။

၎တို႔ဟာခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ရႏိုင္တဲ့အေနအထားမ်ိဳးအထိႀကဳံခဲ့ၿပီးၿပီးခဲ့တဲ့အပတ္တုန္းကဝက္စ္ဘ႐ြန္းႏွင့္ပြဲရဲ႕နာက်င္အခ်ိန္ပိုမွာအလစ္ဆင္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့မႈေၾကာင့္သာအဆင့္၄ေနရာသို႔တက္လွန္းႏိုင္ခဲ့တာပါ။

လီဗာပူးဟာခ်န္ပီယံလိဂ္ဝင္ခြင့္ရသည္ျဖစ္ေစ/မရသည္ျဖစ္ေစ၎တို႔ဟာရာသီအကုန္မွာအသန႔္ရွင္းဆုံးအသင္းအျဖစ္ဆုဖလားတစ္ခုကို ရရွိလာပါမယ္။

လီဗာပူးဟာယခုရာသီမွာအဝါကတ္၃၈ကတ္တည္းသာျပသျခင္းခံထားရၿပီးအနီကတ္လုံးဝျပသျခင္းမခံထားရပါဘူး။လီဗာပူးဟာတစ္ပြဲတည္းသာကစားဖို႔က်န္ေနတဲ့အခ်ိန္မွာဒုတိယေနရာကဘန္ေလကအဝါကတ္၄၇ကတ္အထိျပသျခင္းခံထားရတာေၾကာင့္ကြာဟခ်က္မ်ားျပားမႈနဲ႔အတူအသန႔္ရွင္းဆုံးအသင္းဆုကိုဆြတ္ခူးႏိုင္ဖို႔ေသခ်ာေနပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာခရစၥတယ္ပဲေလ့စ္နဲ႔ရာသီသိမ္းပြဲမွာတစ္သင္းလုံးအဝါကတ္ျပသခံရမွသာအသန႔္ရွင္းဆုံးဆုနဲ႔လြဲကိန္းရွိပါတယ္။

ယခုရာသီမွာလီဗာပူးဟာဘန္ေလ၊လက္စတာတို႔ႏွင့္အတူပရီးမီးယားလိဂ္မွာအနီကတ္ျပသျခင္းလုံးဝမခံထားရတဲ့အသင္းအျဖစ္ရပ္တည္ေနတာပါ။

ပရီးမီးယားလိဂ္ၾကမ္းခင္းမွာရပ္တည္ေနကာတန္းဆင္းသြားရၿပီျဖစ္တဲ့ရွက္ဖီးလ္ယူႏိုက္တက္ကအဝါကတ္၇၀၊အနီကတ္၃ကတ္ျပသျခင္းခံထားရကာပရီးမီးယားလိဂ္မွာအၾကမ္းဆုံးအသင္းအျဖစ္ရပ္တည္ေနပါတယ္။