ဆုဖလားတစ်လုံးမှမရသေးပေမယ့် မန်ယူသမိုင်းတွင် တတိယ ရလဒ်အကောင်းဆုံးနည်းပြအဖြစ် ဆိုးလ်ရှားရပ်တည်

သူ့အနာဂတ်ကမရေမရာဖြစ်နေပါတယ်။ဒါပေမယ့်အိုလီဂန်းနားဆိုးလ်ရှားဟာမန်ချက်စတာယူနိုက်တက်သမိုင်းမှာအကောင်းဆုံးနည်းပြတွေထဲကတစ်ဦးအဖြစ်ရပ်တည်နေနိုင်တုန်းဖြစ်ပါတယ်။

ဖိအားများနှင့်ရင်ဆိုင်နေရတဲ့အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူအသင်းသမိုင်းတွင်တတိယအနိုင်ရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်တွင်မန်ယူနည်းပြရာထူးကိုရယူပြီးတဲ့နောက် ဆုဖလားတစ်လုံးမှရယူပေးနိုင်ခြင်းမရှိသေးပါဘူး။ဒါ့အပြင်လီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်မှုအပါအဝင်ယခုရာသီမှာရုန်းကန်ရမှုနဲ့အတူဆိုးလ်ရှားအနာဂတ်ကမရမရာဖြစ်နေပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာမန်ယူအသင်းကို၁၆၄ပွဲကိုင်တွယ်ခဲ့ရာမှာ၅၄.၈၈ရာခိုင်နှုန်းအထိအနိုင်ရယူထားနိုင်ပါတယ်။သူဟာဆာအဲလက်စ်ဖာဂူဆန်နှင့်ဟိုဆေးမော်ရင်ဟိုတို့ပြီးရင်မန်ယူသမိုင်းမှာအနိုင်ရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ကတော့ပွဲ၁၅၀၀ကိုင်တွယ်ခဲ့ရမှာအနိုင် ၅၉.၆၇ရာခိုင်နှုန်းဖြင့်မန်ယူသမိုင်းမှာနိုင်ပွဲအများဆုံးရယူထားတဲ့နည်းပြအဖြစ်ရပ်တည်နေပြီးမော်ရင်ဟိုက၁၄၄ပွဲကိုင်တွယ်ခဲ့ရာမှာ၅၈.၃၃ရာခိုင်နှုန်းအနိုင်ရရှိထားပါတယ်။

ZawGyi

ဆုဖလားတစ္လုံးမွမရေသးေပမယ့္ မန္ယူသမိုင္းတြင္ တတိယ ရလဒ္အေကာင္းဆုံးနည္းျပအျဖစ္ ဆိုးလ္ရွားရပ္တည္

သူ႔အနာဂတ္ကမေရမရာျဖစ္ေနပါတယ္။ဒါေပမယ့္အိုလီဂန္းနားဆိုးလ္ရွားဟာမန္ခ်က္စတာယူႏိုက္တက္သမိုင္းမွာအေကာင္းဆုံးနည္းျပေတြထဲကတစ္ဦးအျဖစ္ရပ္တည္ေနႏိုင္တုန္းျဖစ္ပါတယ္။

ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရတဲ့အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူအသင္းသမိုင္းတြင္တတိယအႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။

ဆိုးလ္ရွားဟာ၂၀၁၈ခုႏွစ္တြင္မန္ယူနည္းျပရာထူးကိုရယူၿပီးတဲ့ေနာက္ ဆုဖလားတစ္လုံးမွရယူေပးႏိုင္ျခင္းမရွိေသးပါဘူး။ဒါ့အျပင္လီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္မႈအပါအဝင္ယခုရာသီမွာ႐ုန္းကန္ရမႈနဲ႔အတူဆိုးလ္ရွားအနာဂတ္ကမရမရာျဖစ္ေနပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာမန္ယူအသင္းကို၁၆၄ပြဲကိုင္တြယ္ခဲ့ရာမွာ၅၄.၈၈ရာခိုင္ႏႈန္းအထိအႏိုင္ရယူထားႏိုင္ပါတယ္။သူဟာဆာအဲလက္စ္ဖာဂူဆန္ႏွင့္ဟိုေဆးေမာ္ရင္ဟိုတို႔ၿပီးရင္မန္ယူသမိုင္းမွာအႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ကေတာ့ပြဲ၁၅၀၀ကိုင္တြယ္ခဲ့ရမွာအႏိုင္ ၅၉.၆၇ရာခိုင္ႏႈန္းျဖင့္မန္ယူသမိုင္းမွာႏိုင္ပြဲအမ်ားဆုံးရယူထားတဲ့နည္းျပအျဖစ္ရပ္တည္ေနၿပီးေမာ္ရင္ဟိုက၁၄၄ပြဲကိုင္တြယ္ခဲ့ရာမွာ၅၈.၃၃ရာခိုင္ႏႈန္းအႏိုင္ရရွိထားပါတယ္။