ဆူဆစ်ရဲ့အနီကတ်အယူခံအောင်မြင်ရေးအတွက်မီထရိုဗစ်သက်သေလိုက်ပေးခဲ့

ဖူလ်ဟမ်တိုက်စစ်မှူးအလက်ဇန္ဒားမီထရိုဗစ်ဟာဝက်စ်ဟမ်းအလယ်တန်းကစားသမားသောမတ်စ်ဆူဆစ်ရဲ့အနီကတ်အယူခံအောင်မြင်မှုရရှိရေးအတွက်သက်သေအဖြစ်လိုက်ပါကူညီပေးခဲ့ကြောင်းသိရပါတယ်။

ဖူလ်ဟမ်တိုက်စစ်မှူးမီထရိုဗစ်ဟာစနေနေ့တုန်းကသူ့ကိုတံတောင်ဖြင့်တွက်ခဲ့မိတဲ့ဆူဆစ်ရဲ့လုပ်ဆောင်မှုမှာမတော်တဆဖြစ်မှုသာဖြစ်ကြောင်းစာရေးသားကာအယူခံကော်မတီထံသို့သက်သေလိုက်ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဆူဆစ်ဟာဖူလ်ဟမ်နှင့်ဝက်စ်ဟမ်းတို့ဂိုးမရှိသရေကျတဲ့ပွဲမှာမီထရိုဗစ်ကိုတံတောင်ဖြင့်တွက်တယ်ဆိုပြီးကွင်းလယ် ဒိုင်လူကြီးမိုက်ဒိန်းရဲ့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။မိုက်ဒိန်းဟာVARဒိုင်လူကြီးလီးမေဆင်ထံမှအကြံဉာဏ်များရယူပြီးနောက်ဆူဆစ်ကိုထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့ချုပ်ကဆူဆစ်အားထုတ်ပယ်ခဲ့တဲ့မိုက်ဒိန်းရဲ့ဆုံးဖြတ်ချက်မှာမှားယွင်းကြောင်း ဆိုကာအနီကတ်ကိုဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။ဆူဆစ်ဟာအနီကတ်ဖယ်ရှားခြင်းခံရမှုကြောင့်ယနေ့ညတွင်မန်ယူနှင့်ရင်ဆိုင်ကစားရမယ့်အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာပါဝင်လာနိုင်ပါမယ်။

မိုက်ဒိန်းဟာပြီးခဲ့တဲ့အပတ်အစောပိုင်းတုန်းကမန်ယူကဆောက်သမ်တန်ကို၉-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလည်း ဆောက်သမ်တန်မှဘက်နာရစ်ခ်ကိုအနီကတ်ပြကာမန်ယူသို့ပင်နယ်တီပေးခဲ့မှုအတွက်လည်းဝေဖန်မှုများ ခံခဲ့ရပါတယ်။ဒါပေမယ့်ပရီးမီးယားလိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီကဘက်နာရစ်ခ်ရဲ့အနီကတ်ကိုဖယ်ရှား လိုက်ပါတယ်။

မိုက်ဒိန်းဟာဆုံးဖြတ်ချက်အမှားများဆက်တိုက်လုပ်မှုကြောင့်သူတို့ကိုတင်မကမိသားစုဝင်များကိုပါပရိသတ်များရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရပါတယ်။ဒါကြောင့်လည်းသူဟာယခုအပတ်ပွဲစဉ်များကိုမကြီးကြပ်ဘဲအနားပေးရန်တောင်းဆိုမှုပြုလုပ်ထားရပါတယ်။

ZawGyi

ဆူဆစ္ရဲ႕အနီကတ္အယူခံေအာင္ျမင္ေရးအတြက္မီထ႐ိုဗစ္သက္ေသလိုက္ေပးခဲ့

ဖူလ္ဟမ္တိုက္စစ္မႉးအလက္ဇႏၵားမီထ႐ိုဗစ္ဟာဝက္စ္ဟမ္းအလယ္တန္းကစားသမားေသာမတ္စ္ဆူဆစ္ရဲ႕အနီကတ္အယူခံေအာင္ျမင္မႈရရွိေရးအတြက္သက္ေသအျဖစ္လိုက္ပါကူညီေပးခဲ့ေၾကာင္းသိရပါတယ္။

ဖူလ္ဟမ္တိုက္စစ္မႉးမီထ႐ိုဗစ္ဟာစေနေန႔တုန္းကသူ႔ကိုတံေတာင္ျဖင့္တြက္ခဲ့မိတဲ့ဆူဆစ္ရဲ႕လုပ္ေဆာင္မႈမွာမေတာ္တဆျဖစ္မႈသာျဖစ္ေၾကာင္းစာေရးသားကာအယူခံေကာ္မတီထံသို႔သက္ေသလိုက္ေပးခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ဆူဆစ္ဟာဖူလ္ဟမ္ႏွင့္ဝက္စ္ဟမ္းတို႔ဂိုးမရွိသေရက်တဲ့ပြဲမွာမီထ႐ိုဗစ္ကိုတံေတာင္ျဖင့္တြက္တယ္ဆိုၿပီးကြင္းလယ္ ဒိုင္လူႀကီးမိုက္ဒိန္းရဲ႕အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။မိုက္ဒိန္းဟာVARဒိုင္လူႀကီးလီးေမဆင္ထံမွအႀကံဉာဏ္မ်ားရယူၿပီးေနာက္ဆူဆစ္ကိုထုတ္ပယ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ပေရာ္ဖက္ရွင္နယ္ဒိုင္အဖြဲ႕ခ်ဳပ္ကဆူဆစ္အားထုတ္ပယ္ခဲ့တဲ့မိုက္ဒိန္းရဲ႕ဆုံးျဖတ္ခ်က္မွာမွားယြင္းေၾကာင္း ဆိုကာအနီကတ္ကိုဖယ္ရွားလိုက္ၿပီျဖစ္ပါတယ္။ဆူဆစ္ဟာအနီကတ္ဖယ္ရွားျခင္းခံရမႈေၾကာင့္ယေန႔ညတြင္မန္ယူႏွင့္ရင္ဆိုင္ကစားရမယ့္အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္မွာပါဝင္လာႏိုင္ပါမယ္။

မိုက္ဒိန္းဟာၿပီးခဲ့တဲ့အပတ္အေစာပိုင္းတုန္းကမန္ယူကေဆာက္သမ္တန္ကို၉-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလည္း ေဆာက္သမ္တန္မွဘက္နာရစ္ခ္ကိုအနီကတ္ျပကာမန္ယူသို႔ပင္နယ္တီေပးခဲ့မႈအတြက္လည္းေဝဖန္မႈမ်ား ခံခဲ့ရပါတယ္။ဒါေပမယ့္ပရီးမီးယားလိဂ္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီကဘက္နာရစ္ခ္ရဲ႕အနီကတ္ကိုဖယ္ရွား လိုက္ပါတယ္။

မိုက္ဒိန္းဟာဆုံးျဖတ္ခ်က္အမွားမ်ားဆက္တိုက္လုပ္မႈေၾကာင့္သူတို႔ကိုတင္မကမိသားစုဝင္မ်ားကိုပါပရိသတ္မ်ားရဲ႕အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။ဒါေၾကာင့္လည္းသူဟာယခုအပတ္ပြဲစဥ္မ်ားကိုမႀကီးၾကပ္ဘဲအနားေပးရန္ေတာင္းဆိုမႈျပဳလုပ္ထားရပါတယ္။