ဆောက်ဂိတ်ကို ဆက်ထိန်းထားနိုင်ရေးအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အစွမ်းကုန်ကြိုးပမ်းမည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဂါရတ်ဆောက်ဂိတ်ကိုအင်္ဂလန်အသင်းနည်းပြအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်စေရန်အတွက်အစွမ်းကုန်ကြိုးပမ်းသွားမည်လာတော့မှာဖြစ်ပါတယ်။

အသက်၅၂နှစ်ရှိဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို၆နှစ်ကြာကိုင်တွယ်လာခဲ့သူဖြစ်ပြီးစနေနေ့ညတုန်းကပြင်သစ်ကို၂-၁ဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပါတယ်။

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက်ဆောက်ဂိတ်ကအနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားသွားမှာဖြစ်ကြောင်းနှင့်ပြီးခဲ့တဲ့၁၈လအတွင်းပရိသတ်များရဲ့ဝေဖန်မှု၊လှောင်ပြောင်မှုများကြောင့်ခက်ခဲတဲ့ကာလကြုံခဲ့ကြောင်းဆိုသွားပါတယ်။

ဆောက်ဂိတ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကမှအင်္ဂလန်အသင်းကိုယူရို၂၀၂၄ပြိုင်ပွဲအထိကိုင်တွယ်ရန်စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဆောက်ဂိတ်နှင့်အတူ ယူရို၂၀၂၄ပြိုင်ပွဲအထိအတူလက်တွဲသွားရန်ကနဦးကတည်းကစီစဉ်ထားမှု၊ဆောက်ဂိတ်နေရာတွင်အစားထိုးမယ့်နည်းပြရှာဖွေရခက်ခဲနေမှုတို့နှင့်အတူ ဆောက်ဂိတ်ကိုနည်းပြအဖြစ်ဆက်ထိန်းထားနိုင်ရေးအစွမ်းကုန်ကြိုးပမ်းသွားပါမယ်။

လက်ရှိအချိန်တွင်ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ်ကဆောက်ဂိတ်ထွက်ခွာလျှင်လစ်လပ်လာမဲ့အင်္ဂလန်နည်းပြရာထူးကိုရယူလိုနေပါတယ်။

ဒါပေမဲ့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဆောက်ဂိတ်ဘက်ကနုတ်ထွက်လာပါကလည်းနိုင်ငံခြားသားနည်းပြခန့်အပ်ရန်အစီအစဉ်မရှိဘဲအင်္ဂလန်သားတစ်ဦးကိုသာခန့်အပ်သွားပါမယ်။

ZawGyi

ေဆာက္ဂိတ္ကို ဆက္ထိန္းထားႏိုင္ေရးအတြက္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အစြမ္းကုန္ႀကိဳးပမ္းမည္

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဂါရတ္ေဆာက္ဂိတ္ကိုအဂၤလန္အသင္းနည္းျပအျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္ေစရန္အတြက္အစြမ္းကုန္ႀကိဳးပမ္းသြားမည္လာေတာ့မွာျဖစ္ပါတယ္။

အသက္၅၂ႏွစ္ရွိေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို၆ႏွစ္ၾကာကိုင္တြယ္လာခဲ့သူျဖစ္ၿပီးစေနေန႔ညတုန္းကျပင္သစ္ကို၂-၁ျဖင့္ရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရပါတယ္။

ကမာၻ႔ဖလားကြာတားဖိုင္နယ္မွထြက္ခြာခဲ့ရၿပီးေနာက္ေဆာက္ဂိတ္ကအနာဂတ္ႏွင့္ပတ္သက္ၿပီးစဥ္းစားသြားမွာျဖစ္ေၾကာင္းႏွင့္ၿပီးခဲ့တဲ့၁၈လအတြင္းပရိသတ္မ်ားရဲ႕ေဝဖန္မႈ၊ေလွာင္ေျပာင္မႈမ်ားေၾကာင့္ခက္ခဲတဲ့ကာလႀကဳံခဲ့ေၾကာင္းဆိုသြားပါတယ္။

ေဆာက္ဂိတ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကမွအဂၤလန္အသင္းကိုယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိကိုင္တြယ္ရန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာေဆာက္ဂိတ္ႏွင့္အတူ ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိအတူလက္တြဲသြားရန္ကနဦးကတည္းကစီစဥ္ထားမႈ၊ေဆာက္ဂိတ္ေနရာတြင္အစားထိုးမယ့္နည္းျပရွာေဖြရခက္ခဲေနမႈတို႔ႏွင့္အတူ ေဆာက္ဂိတ္ကိုနည္းျပအျဖစ္ဆက္ထိန္းထားႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းသြားပါမယ္။

လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္ကေဆာက္ဂိတ္ထြက္ခြာလွ်င္လစ္လပ္လာမဲ့အဂၤလန္နည္းျပရာထူးကိုရယူလိုေနပါတယ္။

ဒါေပမဲ့အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာေဆာက္ဂိတ္ဘက္ကႏုတ္ထြက္လာပါကလည္းႏိုင္ငံျခားသားနည္းျပခန႔္အပ္ရန္အစီအစဥ္မရွိဘဲအဂၤလန္သားတစ္ဦးကိုသာခန႔္အပ္သြားပါမယ္။