ဆောက်ဂိတ်ကို ရုပ်ထု ထုလုပ်ဂုဏ်ပြုရန် အင်္ဂလန်ပရိသတ်များစီစဉ်နေ

အင်္ဂလန်ပရိသတ်များဟာဂါရတ်ဆောက်ဂိတ်အားသူကြီးပြင်းရာမြို့တွင်ရုပ်ထုထုလုပ်ဂုဏ်ပြုရန်စီစဉ်နေကြပါတယ်။

အင်္ဂလန်ပရိသတ်များဟာအင်္ဂလန်နည်းပြဆောက်ဂိတ်ကြီးပြင်းရာဝက်စ်ဆူဆက်စ်ရှိခရော်လေတွင်ရုပ်ထုထုလုပ်ဂုဏ်ပြုရန်ထောက်ခံလက်မှတ်ကောက်ခံနေတာဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့မိဘများဖြစ်ကြတဲ့ဘာဘာရာနှင့်ကလိုက်ဗ်တို့ကယခုတိုင်ယင်းတွင်နေထိုင်နေကြဆဲဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာခရော်လေရှိ Hazelwick Secondary တွင်ကျောင်းတက်ခဲ့ကာ ကျောင်းဘောလုံးအသင်းမှာ X Factor စတားချီကာအိုနှင့်အတူ ကစားခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်ပရိသတ်များ change.org တွင်ထောက်ခံလက်မှတ်ကောက်ခံနေတာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ၂၀၁၈ကမ္ဘာ့ဖလားတုန်းကအင်္ဂလန်ကိုဆီမီးဖိုင်နယ်သို့တက်နိုင်အောင်ဦးဆောင်ခဲ့တဲ့အပြင်ကျင်းပနေဆဲယူရို၂၀၂၀ပြိုင်ပွဲတွင်လည်းဆီမီးသို့ပို့ဆောင်ထားပါတယ်။

အင်္ဂလန်ဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာယူရို၂၀၂၀ဆီမီးဖိုင်နယ်အဖြစ်ဒိန်းမတ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ေဆာက္ဂိတ္ကို ႐ုပ္ထု ထုလုပ္ဂုဏ္ျပဳရန္ အဂၤလန္ပရိသတ္မ်ားစီစဥ္ေန

အဂၤလန္ပရိသတ္မ်ားဟာဂါရတ္ေဆာက္ဂိတ္အားသူႀကီးျပင္းရာၿမိဳ႕တြင္႐ုပ္ထုထုလုပ္ဂုဏ္ျပဳရန္စီစဥ္ေနၾကပါတယ္။

အဂၤလန္ပရိသတ္မ်ားဟာအဂၤလန္နည္းျပေဆာက္ဂိတ္ႀကီးျပင္းရာဝက္စ္ဆူဆက္စ္ရွိခေရာ္ေလတြင္႐ုပ္ထုထုလုပ္ဂုဏ္ျပဳရန္ေထာက္ခံလက္မွတ္ေကာက္ခံေနတာျဖစ္ပါတယ္။

ေဆာက္ဂိတ္ရဲ႕မိဘမ်ားျဖစ္ၾကတဲ့ဘာဘာရာႏွင့္ကလိုက္ဗ္တို႔ကယခုတိုင္ယင္းတြင္ေနထိုင္ေနၾကဆဲျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာခေရာ္ေလရွိ Hazelwick Secondary တြင္ေက်ာင္းတက္ခဲ့ကာ ေက်ာင္းေဘာလုံးအသင္းမွာ X Factor စတားခ်ီကာအိုႏွင့္အတူ ကစားခဲ့သူျဖစ္ပါတယ္။

အဂၤလန္ပရိသတ္မ်ား change.org တြင္ေထာက္ခံလက္မွတ္ေကာက္ခံေနတာျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာ၂၀၁၈ကမာၻ႔ဖလားတုန္းကအဂၤလန္ကိုဆီမီးဖိုင္နယ္သို႔တက္ႏိုင္ေအာင္ဦးေဆာင္ခဲ့တဲ့အျပင္က်င္းပေနဆဲယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္းဆီမီးသို႔ပို႔ေဆာင္ထားပါတယ္။

အဂၤလန္ဟာလာမယ့္ဗုဒၶဟူးေန႔မွာယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္အျဖစ္ဒိန္းမတ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။