ဆောက်ဂိတ်ရဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အခြေအနေကို အင်္ဂလန်စတားများ ဂရုမစိုက်

ဂါရတ်ဆောက်ဂတ်ကအင်္ဂလန်အသင်းကိုမည်သူကိုင်တွယ်မည်ဆိုသည်ကိုအင်္ဂလန်ကစားသမားများဂရုမစိုက်ကြောင်းပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာယနေ့ညမှာပိုလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမှာဖြစ်ပြီးယင်းပွဲအနိုင်ရရှိလျှင်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်လာပါမယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာလာမယ့်နှစ်အကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂါရတ်ဆောက်ဂိတ်အားယူရို၂၀၂၄ပြိုင်ပွဲအထိစာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။

ဒါပေမယ့်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်ဆောက်ဂိတ်တို့ဟာနိုဝင်ဘာလတွင်ပြီးဆုံးမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးဆုံးအထိစာချုပ်ကိစ္စဆွေးနွေးမှုပြုလုပ်မှာမဟုတ်ပါဘူး။

ဆောက်ဂိတ်က “သူတို့(အင်္ဂလန်ကစားသမားများ)ဒါနဲ့ပတ်သက်ပြီးဂရုစိုက်မယ်လို့မထင်ပါဘူး။ကလပ်မှာဘဲဖြစ်ဖြစ်၊နိုင်ငံမှာဘဲဖြစ်ဖြစ် ဘယ်သူကိုင်ကိုင်သူတို့ဂရုမစိုက်ပါဘူး။တစ်ယောက်လာတယ်။တစ်ယောက်ထွက်သွားတယ်။နောက်တစ်ယောက်ထပ်လာတယ်။ဒါကသူတို့ရဲ့ခြေစွမ်းကိုလည်းထိခိုက်မှုမရှိပါဘူး။ကျွန်တော့်မှာစာချုပ်၁၄လကျန်ပါသေးတယ်။လာမယ့်၁၄ပတ်အတွင်းမှာအားလုံးအဆင်ပြေအောင်လုပ်နိုင်ရင်ဘာပြဿနာမှမရှိပါဘူး။ဒီအသင်းနဲ့အလုပ်လုပ်ရတာပျော်ပါတယ်။ဆောင်းဦးပေါက်အထိ ကျွန်တော်တို့ဆွေးနွေးမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ေဆာက္ဂိတ္ရဲ႕စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္အေျခအေနကို အဂၤလန္စတားမ်ား ဂ႐ုမစိုက္

ဂါရတ္ေဆာက္ဂတ္ကအဂၤလန္အသင္းကိုမည္သူကိုင္တြယ္မည္ဆိုသည္ကိုအဂၤလန္ကစားသမားမ်ားဂ႐ုမစိုက္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အဂၤလန္အသင္းဟာယေန႔ညမွာပိုလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားရမွာျဖစ္ၿပီးယင္းပြဲအႏိုင္ရရွိလွ်င္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးအတြက္ႀကီးမားတဲ့ေျခလွမ္းတစ္ခုျဖစ္လာပါမယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလာမယ့္ႏွစ္အကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ဂါရတ္ေဆာက္ဂိတ္အားယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနပါတယ္။

ဒါေပမယ့္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ေဆာက္ဂိတ္တို႔ဟာႏိုဝင္ဘာလတြင္ၿပီးဆုံးမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲၿပီးဆုံးအထိစာခ်ဳပ္ကိစၥေဆြးေႏြးမႈျပဳလုပ္မွာမဟုတ္ပါဘူး။

ေဆာက္ဂိတ္က “သူတို႔(အဂၤလန္ကစားသမားမ်ား)ဒါနဲ႔ပတ္သက္ၿပီးဂ႐ုစိုက္မယ္လို႔မထင္ပါဘူး။ကလပ္မွာဘဲျဖစ္ျဖစ္၊ႏိုင္ငံမွာဘဲျဖစ္ျဖစ္ ဘယ္သူကိုင္ကိုင္သူတို႔ဂ႐ုမစိုက္ပါဘူး။တစ္ေယာက္လာတယ္။တစ္ေယာက္ထြက္သြားတယ္။ေနာက္တစ္ေယာက္ထပ္လာတယ္။ဒါကသူတို႔ရဲ႕ေျခစြမ္းကိုလည္းထိခိုက္မႈမရွိပါဘူး။ကြၽန္ေတာ့္မွာစာခ်ဳပ္၁၄လက်န္ပါေသးတယ္။လာမယ့္၁၄ပတ္အတြင္းမွာအားလုံးအဆင္ေျပေအာင္လုပ္ႏိုင္ရင္ဘာျပႆနာမွမရွိပါဘူး။ဒီအသင္းနဲ႔အလုပ္လုပ္ရတာေပ်ာ္ပါတယ္။ေဆာင္းဦးေပါက္အထိ ကြၽန္ေတာ္တို႔ေဆြးေႏြးမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။