ဆောက်ဂိတ်ရဲ့အကြံပြုချက်ကြောင့် ဝက်စ်ဟမ်းသို့ ပြောင်းခဲ့ခြင်းဟု လင်ဂတ်ဖွင့်ဟ

ဂျက်စီလင်ဂတ်ကမန်ယူမှဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းရွှေ့ကစားရန်အင်္ဂလန်နည်းပြဂရေမီဆောက် ဂိတ်ကအကြံပြုခဲ့ကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

လင်ဂတ်ဟာပထမရာသီဝက်တွင်မန်ယူအတွက်ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှကစားခွင့်မရရှိမှုကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းခဲ့ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်ပွဲ၇ပွဲကစားထားရာတွင်၅ဂိုးသွင်းပြီး ၂ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်မှုနှင့်အတူအင်္ဂလန်အသင်းမှာပြန်လည်ရွေးချယ်ခြင်းခံလာရပါတယ်။

လင်ဂတ်က “သူကကျွန်တော့်ကိုအများကြီးထောက်ပံ့အားပေးခဲ့တဲ့သူပါ။ကျွန်တော့်ကိုပထမဆုံး အင်္ဂလန်ပွဲကိုကစားခွင့်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ကျွန်တော်ပွဲမကစားရတဲ့အချိန်မှာလည်း အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ကျွန်တော့်ကိုဘာလုပ်သင့်တယ်ဆိုတာအမြဲအကြံပေးလေ့ရှိပါ တယ်။ပရီးမီးယားလိဂ်မှာဆက်ကစားမလား၊ဥရောပသို့ခြေဆန့်မလားဆုံးဖြတ်ချက်ရဖို့ကြုံလာရပါတယ်။သူကပရီးမီးယားလိဂ်မှာဘဲဆက်ကစားဖို့ပြောပါတယ်။ဝက်စ်ဟမ်းကအသင့်တော်ဆုံးကလပ်လို့လည်းပြောပါတယ်”လို့ပြောကြားလိုက်ပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းနှင့်အတူခြေစွမ်းပြနိုင်မှုနဲ့အတူဆန်မာရီနို၊အယ်လ်ဘေးနီးယား၊ပိုလန်တို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင်ကစားနိုင်မယ့်အခွင့်အရေးရရှိလာပြီဖြစ်ပါတယ်။သူဟာ၂၀၁၆ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအင်္ဂလန်ကိုဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေဆာက္ဂိတ္ရဲ႕အႀကံျပဳခ်က္ေၾကာင့္ ဝက္စ္ဟမ္းသို႔ ေျပာင္းခဲ့ျခင္းဟု လင္ဂတ္ဖြင့္ဟ

ဂ်က္စီလင္ဂတ္ကမန္ယူမွဝက္စ္ဟမ္းသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕ကစားရန္အဂၤလန္နည္းျပဂေရမီေဆာက္ ဂိတ္ကအႀကံျပဳခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

လင္ဂတ္ဟာပထမရာသီဝက္တြင္မန္ယူအတြက္ပရီးမီးယားလိဂ္ပြဲတစ္ပြဲမွ်ကစားခြင့္မရရွိမႈေၾကာင့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဝက္စ္ဟမ္းသို႔အငွားျဖင့္ေျပာင္းခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာဝက္စ္ဟမ္းအတြက္ပရီးမီးယားလိဂ္ပြဲ၇ပြဲကစားထားရာတြင္၅ဂိုးသြင္းၿပီး ၂ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္မႈႏွင့္အတူအဂၤလန္အသင္းမွာျပန္လည္ေ႐ြးခ်ယ္ျခင္းခံလာရပါတယ္။

လင္ဂတ္က “သူကကြၽန္ေတာ့္ကိုအမ်ားႀကီးေထာက္ပံ့အားေပးခဲ့တဲ့သူပါ။ကြၽန္ေတာ့္ကိုပထမဆုံး အဂၤလန္ပြဲကိုကစားခြင့္ေပးခဲ့တဲ့သူလည္းျဖစ္ပါတယ္။ကြၽန္ေတာ္ပြဲမကစားရတဲ့အခ်ိန္မွာလည္း အဆက္အသြယ္မျပတ္ခဲ့ပါဘူး။ကြၽန္ေတာ့္ကိုဘာလုပ္သင့္တယ္ဆိုတာအၿမဲအႀကံေပးေလ့ရွိပါ တယ္။ပရီးမီးယားလိဂ္မွာဆက္ကစားမလား၊ဥေရာပသို႔ေျခဆန႔္မလားဆုံးျဖတ္ခ်က္ရဖို႔ႀကဳံလာရပါတယ္။သူကပရီးမီးယားလိဂ္မွာဘဲဆက္ကစားဖို႔ေျပာပါတယ္။ဝက္စ္ဟမ္းကအသင့္ေတာ္ဆုံးကလပ္လို႔လည္းေျပာပါတယ္”လို႔ေျပာၾကားလိုက္ပါတယ္။

လင္ဂတ္ဟာဝက္စ္ဟမ္းႏွင့္အတူေျခစြမ္းျပႏိုင္မႈနဲ႔အတူဆန္မာရီႏို၊အယ္လ္ေဘးနီးယား၊ပိုလန္တို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားတြင္ကစားႏိုင္မယ့္အခြင့္အေရးရရွိလာၿပီျဖစ္ပါတယ္။သူဟာ၂၀၁၆ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအဂၤလန္ကိုဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။