ဆောက်ဂိတ်အနေဖြင့် ကစားသမားသုံးဦးကို အနားပေးပြီး ယူကရိန်းကိုယှဉ်ပြိုင်လျှင်လည်း အနိုင်ရကြောင်း မော်ရင်ဟိုပြောကြား

ဟိုဆေးမော်ရင်ဟိုကဂါရတ်ဆောက်ဂိတ်အနေဖြင့်လာမယ့်ယူကရိန်းနှင့်ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်တွင်ကစားသမားသုံးဦးကိုအနားပေးပြီးအပြောင်းအလဲလုပ်ကာရင်ဆိုင်ပါကလည်းအနိုင်ရရှိနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

အင်္ဂလန်ဟာယူရို၂၀၂၀ပြိုင်ပွဲအုပ်စု(ဃ)မှာအုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်ခဲ့ပြီး၁၆သင်းရှုံးထွက်အဆင့်မှာဂျာမနီကိုအနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန်ဟာစနေနေ့မှာရောမရှိအိုလံပီကိုကွင်းတွင်ယူကရိန်းနှင့်ကွာတားဖိုင်နယ်ပွဲစဉ်ကစားသွားရပါမယ်။

မော်ရင်ဟိုကသူသာဆောက်ဂိတ်နေရာမှာဆိုလျှင်ခြေကျင်းဝတ်ဒဏ်ရာကြောင့်ယူရိုအုပ်စုအဖွင့်ပွဲနှစ်ပွဲကိုလွဲခဲ့တဲ့မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားအားအနားပေးသွားမည်ဖြစ်ကြောင်းဆိုသွားခဲ့ပါတယ်။

ဒါ့အပြင်ပေါ်တူဂီလူမျိုးနည်းပြကလေးပွဲဆက်ပွဲထွက်ကစားထားတဲ့ဒက်လန်းရိုက်စ်နှင့် ကီဗင်ဖီးလစ်တို့မှတစ်ဦးကိုအနားပေးကာလီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်ကိုအသုံးပြုသင့်ကြောင်းလည်းဆိုသွားပါတယ်။

မော်ရင်ဟိုက “ဘာဖိအားမှမရှိဘဲဖြေနိုင်ပါတယ်။ကျွန်တော်ဆိုရင်တော့နှစ်ဦးလုံး(ရိုက်စ်နဲ့ဖီးလစ်)အနားပေးပါမယ်။ယူကရိန်းကိုအနိုင်ယူဖို့အတွက်သူတို့နှစ်ဦးမလိုပါဘူး။အများဆုံးနှစ်ဦးကတစ်ဦးကိုသုံးရုံပါ။ဂျော်ဒန်ဟင်ဒါဆင်ရှိပါတယ်။သူ့ရဲ့အခြေအနေကိုယုံကြည်ချင်ပါတယ်။အခြားကစားသမားတွေကိုအခွင့်အရေးပေးပြီးကြံ့ခိုင်မှုပိုင်း၊စိတ်ဓာတ်ပိုင်းမြှင့်ပေးရပါမယ်။ရိုက်စ်ပုံစံကိုကြည့်ရတာပွဲပန်းနေသလိုပါပဲ။ပြီးတော့ဆီမီးဖိုင်နယ်ကကွာတားထက်ပိုပီဲးတော့ခက်ခဲလာပါမယ်။ကစားသမားတွေကိုပွဲပန်းအောင်လုပ်နေစရာမလိုပါဘူး။ကျွန်တော်သာဆိုရင်တော့ရိုက်စ်(သို့မဟုတ်)ဖီးလစ်နေရာမှာဟင်ဒါဆင်ကိုသုံးပါမယ်။မက်ဂွိုင်းယားကပြိုင်ပွဲအတွက်အကောင်းဆုံးမပြင်ဆင်နိုင်ခဲ့တော့ဒီပွဲကသူ့ကိုအနားပေးဖို့အကောင်းဆုံးအခွင့်အရေးပါ။ပြီးတော့အနားပေးလိုက်လို့သူ့အဝါကတ်အပြခံရပြီးဆီမီးမှာမကစားနိုင်အောင်လည်းလုပ်လို့မရတော့ပါဘူး။အလယ်တန်းရဲ့အင်ဂျင်နှစ်လုံးမပါဝင်ဘူးဆိုရင်ခက်ခဲလာနိုင်တယ်။တစ်ဦးကိုအနားပေးလိုက်မယ်ဆိုရင်ပွဲပန်းမှုကိုလျှော့နိုင်မယ်။နည်းစနစ်ပိုင်းနဲ့ဖာထေးမယ်။သေချာတာကတော့ရိုက်စ်ရောဖီးလစ်ကိုပါဆီမီးမှာရာနှုန်းပြည့်အနေအထားမျိုးဖြစ်အောင်လုပ်ရပမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေဆာက္ဂိတ္အေနျဖင့္ ကစားသမားသုံးဦးကို အနားေပးၿပီး ယူကရိန္းကိုယွဥ္ၿပိဳင္လွ်င္လည္း အႏိုင္ရေၾကာင္း ေမာ္ရင္ဟိုေျပာၾကား

ဟိုေဆးေမာ္ရင္ဟိုကဂါရတ္ေဆာက္ဂိတ္အေနျဖင့္လာမယ့္ယူကရိန္းႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲစဥ္တြင္ကစားသမားသုံးဦးကိုအနားေပးၿပီးအေျပာင္းအလဲလုပ္ကာရင္ဆိုင္ပါကလည္းအႏိုင္ရရွိႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အဂၤလန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအုပ္စု(ဃ)မွာအုပ္စုဗိုလ္အျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီး၁၆သင္းရႈံးထြက္အဆင့္မွာဂ်ာမနီကိုအႏိုင္ရရွိခဲ့ပါတယ္။

အဂၤလန္ဟာစေနေန႔မွာေရာမရွိအိုလံပီကိုကြင္းတြင္ယူကရိန္းႏွင့္ကြာတားဖိုင္နယ္ပြဲစဥ္ကစားသြားရပါမယ္။

ေမာ္ရင္ဟိုကသူသာေဆာက္ဂိတ္ေနရာမွာဆိုလွ်င္ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ယူ႐ိုအုပ္စုအဖြင့္ပြဲႏွစ္ပြဲကိုလြဲခဲ့တဲ့မန္ယူအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားအားအနားေပးသြားမည္ျဖစ္ေၾကာင္းဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ေပၚတူဂီလူမ်ိဳးနည္းျပကေလးပြဲဆက္ပြဲထြက္ကစားထားတဲ့ဒက္လန္း႐ိုက္စ္ႏွင့္ ကီဗင္ဖီးလစ္တို႔မွတစ္ဦးကိုအနားေပးကာလီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္ကိုအသုံးျပဳသင့္ေၾကာင္းလည္းဆိုသြားပါတယ္။

ေမာ္ရင္ဟိုက “ဘာဖိအားမွမရွိဘဲေျဖႏိုင္ပါတယ္။ကြၽန္ေတာ္ဆိုရင္ေတာ့ႏွစ္ဦးလုံး(႐ိုက္စ္နဲ႔ဖီးလစ္)အနားေပးပါမယ္။ယူကရိန္းကိုအႏိုင္ယူဖို႔အတြက္သူတို႔ႏွစ္ဦးမလိုပါဘူး။အမ်ားဆုံးႏွစ္ဦးကတစ္ဦးကိုသုံး႐ုံပါ။ေဂ်ာ္ဒန္ဟင္ဒါဆင္ရွိပါတယ္။သူ႔ရဲ႕အေျခအေနကိုယုံၾကည္ခ်င္ပါတယ္။အျခားကစားသမားေတြကိုအခြင့္အေရးေပးၿပီးႀကံ့ခိုင္မႈပိုင္း၊စိတ္ဓာတ္ပိုင္းျမႇင့္ေပးရပါမယ္။႐ိုက္စ္ပုံစံကိုၾကည့္ရတာပြဲပန္းေနသလိုပါပဲ။ၿပီးေတာ့ဆီမီးဖိုင္နယ္ကကြာတားထက္ပိုပီဲးေတာ့ခက္ခဲလာပါမယ္။ကစားသမားေတြကိုပြဲပန္းေအာင္လုပ္ေနစရာမလိုပါဘူး။ကြၽန္ေတာ္သာဆိုရင္ေတာ့႐ိုက္စ္(သို႔မဟုတ္)ဖီးလစ္ေနရာမွာဟင္ဒါဆင္ကိုသုံးပါမယ္။မက္ဂြိဳင္းယားကၿပိဳင္ပြဲအတြက္အေကာင္းဆုံးမျပင္ဆင္ႏိုင္ခဲ့ေတာ့ဒီပြဲကသူ႔ကိုအနားေပးဖို႔အေကာင္းဆုံးအခြင့္အေရးပါ။ၿပီးေတာ့အနားေပးလိုက္လို႔သူ႔အဝါကတ္အျပခံရၿပီးဆီမီးမွာမကစားႏိုင္ေအာင္လည္းလုပ္လို႔မရေတာ့ပါဘူး။အလယ္တန္းရဲ႕အင္ဂ်င္ႏွစ္လုံးမပါဝင္ဘူးဆိုရင္ခက္ခဲလာႏိုင္တယ္။တစ္ဦးကိုအနားေပးလိုက္မယ္ဆိုရင္ပြဲပန္းမႈကိုေလွ်ာ့ႏိုင္မယ္။နည္းစနစ္ပိုင္းနဲ႔ဖာေထးမယ္။ေသခ်ာတာကေတာ့႐ိုက္စ္ေရာဖီးလစ္ကိုပါဆီမီးမွာရာႏႈန္းျပည့္အေနအထားမ်ိဳးျဖစ္ေအာင္လုပ္ရပမယ္”လို႔ေျပာၾကားသြားပါတယ္။