ဆောက်ဂိတ်အား ဆာဘွဲ့ ချီးမြှင့်ရန် အင်္ဂလန်ပရိသတ်များ တောင်းဆို

အင်္ဂလန်ပရိသတ်များဟာအင်္ဂလန်အသင်းကို၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်စွမ်းဆောင်ထားတဲ့ဂါရတ်ဆောက်ဂိတ်အားသူရဲကောင်းဘွဲ့ချီးမြှင့်ရန်တောင်းဆိုလာကြပါတယ်။

အင်္ဂလန်ဟာမနေ့ညတုန်းကဒိန်းမတ်ကို၂-၁ဂိုးဖြင့်သမိုင်းဝင်နိုင်ပွဲရရှိခဲ့ပြီးယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ၁၉၆၆ခုနှစ်တုန်းကကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၆၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့တဲ့ရမ်ဆေးဟာလည်းဆာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်အင်္ဂလန်ပရိသတ်များကလည်းယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်အောင်စွမ်းဆောင်ပေးထားတဲ့ဂါရတ်ဆောက်ဂိတ်ကိုဆာဘွဲ့ချီးမြှင့်သင့်တယ်လို့ယုံကြည်နေပါတယ်။

ပရိသတ်တစ်ဦးက “ဆာဂါရတ်ဆောက်ဂိတ်ဆိုပြီးဂုဏ်ပြုတာကမှန်ကန်တဲ့ဂုဏ်ပြုမှုပါ ဝန်ကြီးချုပ်။ကျေးဇူးပြုပြီးချီးမြှင့်ပေးပါ”လို့ဆိုသွားပါတယ်။

ဒါ့အပြင်နောက်တစ်ဦးကလည်း “အနိုင်ရခဲ့ရင်(ဗိုလ်လုပွဲ)မှာဆာဂါရတ်ဆောက်ဂိတ်ဖြစ်သင့်ပါတယ်”လို့ဆိုသွားပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “ဆာဂါရတ်ဆောက်ဂိတ်။ကြီးကျယ်တဲ့မန်နေဂျာတစ်ဦးအနေနဲ့သာမဟုတ်ပါဘူး။ကြီးမားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။အင်္ဂလန်အကောင်းဆုံးလုပ်နိုင်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေဆာက္ဂိတ္အား ဆာဘြဲ႕ ခ်ီးျမႇင့္ရန္ အဂၤလန္ပရိသတ္မ်ား ေတာင္းဆို

အဂၤလန္ပရိသတ္မ်ားဟာအဂၤလန္အသင္းကို၅၅ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ထားတဲ့ဂါရတ္ေဆာက္ဂိတ္အားသူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္ရန္ေတာင္းဆိုလာၾကပါတယ္။

အဂၤလန္ဟာမေန႔ညတုန္းကဒိန္းမတ္ကို၂-၁ဂိုးျဖင့္သမိုင္းဝင္ႏိုင္ပြဲရရွိခဲ့ၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ၁၉၆၆ခုႏွစ္တုန္းကကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၁၉၆၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့တဲ့ရမ္ေဆးဟာလည္းဆာဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင့္အဂၤလန္ပရိသတ္မ်ားကလည္းယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ေအာင္စြမ္းေဆာင္ေပးထားတဲ့ဂါရတ္ေဆာက္ဂိတ္ကိုဆာဘြဲ႕ခ်ီးျမႇင့္သင့္တယ္လို႔ယုံၾကည္ေနပါတယ္။

ပရိသတ္တစ္ဦးက “ဆာဂါရတ္ေဆာက္ဂိတ္ဆိုၿပီးဂုဏ္ျပဳတာကမွန္ကန္တဲ့ဂုဏ္ျပဳမႈပါ ဝန္ႀကီးခ်ဳပ္။ေက်းဇူးျပဳၿပီးခ်ီးျမႇင့္ေပးပါ”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္ေနာက္တစ္ဦးကလည္း “အႏိုင္ရခဲ့ရင္(ဗိုလ္လုပြဲ)မွာဆာဂါရတ္ေဆာက္ဂိတ္ျဖစ္သင့္ပါတယ္”လို႔ဆိုသြားပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “ဆာဂါရတ္ေဆာက္ဂိတ္။ႀကီးက်ယ္တဲ့မန္ေနဂ်ာတစ္ဦးအေနနဲ႔သာမဟုတ္ပါဘူး။ႀကီးမားတဲ့ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။အဂၤလန္အေကာင္းဆုံးလုပ္ႏိုင္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။