ဆောက်သမ်တန်နှင့်ပွဲစဉ်တွင် တီယာဂိုဆေးလ်ဗားနှင့်ကိုင်ဟာဗတ်ဇ်တို့ ပါဝင်လာနိုင်

တီယာဂိုဆေးလ်ဗားနှင့်ကိုင်ဟာဗတ်ဇ်တို့ဟာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်မှုနဲ့အတူစနေနေ့တွင် ဆောက်သမ်တန်နှင့်ကစားရမယ့်ချဲလ်ဆီးနှင့်ပွဲစဉ်တွင်ပါဝင်ကစားလာနိုင်ကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိဘရာဇီးနောက်ခံလူတီယာဂိုဆေးလ်ဗားဟာယခုလအစောပိုင်းတုန်းကစပါးစ်အားအနိုင်ရရှိတဲ့ပွဲစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။

အသက်၂၁နှစ်ရှိကိုင်ဟာဗတ်ဇ်မှာလည်းလေ့ကျင့်ခန်းအစီအစဉ်တွင်ရရှိတဲ့ဒဏ်ရာပြဿနာကြောင့်ချဲလ်ဆီးရဲ့နောက်ဆုံးလေးပွဲကိုလွဲချော်လာခဲ့သူဖြစ်ပါတယ်။

ယခုအခါ ၎င်းတို့နှစ်ဦးဟာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်မှုနဲ့အတူမနက်ဖြန်ဆောက်သမ်တန်အားအဝေး ကွင်းသို့သွားရောက်ကစားရမယ့်ပွဲစဉ်မှာပါဝင်လာနိုင်ဖို့ရှိပါတယ်။

ဒါပေမယ့်ချဲလ်ဆီးနည်းပြသစ်တူချယ်ဟာသူကိုင်တွယ်တဲ့ခြောက်ပွဲမှာငါးပွဲအနိုင်ရရှိထားပြီးနောက်ဆုံးပရီးမီးယားလိဂ်လေးပွဲဆက်အနိုင်ရရှိထားရာဟာဗတ်ဇ်ကိုပွဲထွက်ကစားသမားအဖြစ်သုံးလာမလားမေးခွန်းထုတ်စရာတော့ ရှိနေပါတယ်။

ချဲလ်ဆီးဟာလာမယ့်အပတ်မှာအက်သလက်တီကိုနှင့်ချန်ပီယံလိဂ်ပွဲကစားရမယ့်အပြင်ပရီးမီးယားလိဂ်ပွဲစဉ်အ ဖြစ်မန်ယူနှင့်ရင်ဆိုင်ကစားသွားရပါမယ်။

ZawGyi

ေဆာက္သမ္တန္ႏွင့္ပြဲစဥ္တြင္ တီယာဂိုေဆးလ္ဗားႏွင့္ကိုင္ဟာဗတ္ဇ္တို႔ ပါဝင္လာႏိုင္

တီယာဂိုေဆးလ္ဗားႏွင့္ကိုင္ဟာဗတ္ဇ္တို႔ဟာအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းလာႏိုင္မႈနဲ႔အတူစေနေန႔တြင္ ေဆာက္သမ္တန္ႏွင့္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္ပါဝင္ကစားလာႏိုင္ေၾကာင္းသိရပါတယ္။

အသက္၃၆ႏွစ္ရွိဘရာဇီးေနာက္ခံလူတီယာဂိုေဆးလ္ဗားဟာယခုလအေစာပိုင္းတုန္းကစပါးစ္အားအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိကိုင္ဟာဗတ္ဇ္မွာလည္းေလ့က်င့္ခန္းအစီအစဥ္တြင္ရရွိတဲ့ဒဏ္ရာျပႆနာေၾကာင့္ခ်ဲလ္ဆီးရဲ႕ေနာက္ဆုံးေလးပြဲကိုလြဲေခ်ာ္လာခဲ့သူျဖစ္ပါတယ္။

ယခုအခါ ၎တို႔ႏွစ္ဦးဟာအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္မႈနဲ႔အတူမနက္ျဖန္ေဆာက္သမ္တန္အားအေဝး ကြင္းသို႔သြားေရာက္ကစားရမယ့္ပြဲစဥ္မွာပါဝင္လာႏိုင္ဖို႔ရွိပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးနည္းျပသစ္တူခ်ယ္ဟာသူကိုင္တြယ္တဲ့ေျခာက္ပြဲမွာငါးပြဲအႏိုင္ရရွိထားၿပီးေနာက္ဆုံးပရီးမီးယားလိဂ္ေလးပြဲဆက္အႏိုင္ရရွိထားရာဟာဗတ္ဇ္ကိုပြဲထြက္ကစားသမားအျဖစ္သုံးလာမလားေမးခြန္းထုတ္စရာေတာ့ ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္အပတ္မွာအက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္ပြဲကစားရမယ့္အျပင္ပရီးမီးယားလိဂ္ပြဲစဥ္အ ျဖစ္မန္ယူႏွင့္ရင္ဆိုင္ကစားသြားရပါမယ္။