ဆောက်သမ်တန်နှင့်ပွဲမှ အနီကတ်ကြောင့် ကက်စ်မီရို ပွဲဘယ်လောက်အပယ်ခံရမလဲ?

ကက်စ်မီရိုဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲတွင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ယူနိုက်တက်ရဲ့အရေးပါတဲ့ပွဲအချို့တို့ကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့အပတ်တုန်းကခါးသီးတဲ့ပြိုင်ဘက်လီဗာပူးကို၇-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးသမိုင်းဝင်ရှုံးပွဲကြီးကြုံရပြီးနောက်ဆောက်သမ်တန်နှင့်ပွဲတွင်ပြန်လည်ရုန်းထရန်ကြိုးပမ်းခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာဘရူနိုဖာနန်ဒက်စ်၊ကက်စ်မီရိုတို့ကိုကွင်းလယ်မှာသုံးပြီးတိုက်စစ်တွင်ဆန်ချို၊အန်တိုနီ၊ရက်ဖို့ဒ်၊ဝက်ဟော့စ်တို့ကိုအသုံးပြုပြီးတိုက်စစ်အခင်းအကျင်းဖြင့်ပွဲထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ပွဲချိန်၃၄မိနစ်မှာတော့ကက်စ်မီရိုဟာကားလို့စ်အယ်ကာရက်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတော့တယ်။

သူဟာယူနိုက်တက်တွင်ကစားတဲ့ပထမရာသီတွင်ပင်ဒုတိယမြောက်အနီကတ်ပြသခြင်းခံလာခဲ့ရတာဖြစ်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်မှာ၉ရာသီကစားတုန်းက၂ကြိမ်တည်းသာအနီကတ်ပြသခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာဒုတိယမြောက်အနီကတ်ပြထုတ်ပယ်ခြင်းခံရမှုနှင့်အတူ၄ပွဲအထိပွဲပယ်ခံလာရပါမယ်။

သူဟာယခုအပတ်အကုန်တွင်ဖူလ်ဟမ်နှင့်ကစားရမဲ့အက်ဖ်အေဖလားပွဲကိုစတင်လွဲပါမယ်။ပြီးလျှင်သူဟာနယူးကာဆယ်၊ဘရန့်ဖို့ဒ်၊အဲဗာတန်တို့နှင့်ကစားရမဲ့ပွဲများကိုလွဲလာပါမယ်။

ဒါပေမဲ့ကက်စ်မီရိုဟာပြည်တွင်းပွဲသာပွဲပယ်ခံရမှာဖြစ်ပြီးယခုအပတ်ကြားရက်တွင်ဘကတ်တစ်ကိုစပိန်သို့သွားကစားရမဲ့ပွဲတွင်ပါဝင်နိုင်ပါမယ်။

ZawGyi

ေဆာက္သမ္တန္ႏွင့္ပြဲမွ အနီကတ္ေၾကာင့္ ကက္စ္မီ႐ို ပြဲဘယ္ေလာက္အပယ္ခံရမလဲ?

ကက္စ္မီ႐ိုဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲတြင္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ယူႏိုက္တက္ရဲ႕အေရးပါတဲ့ပြဲအခ်ိဳ႕တို႔ကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာၿပီးခဲ့တဲ့အပတ္တုန္းကခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးကို၇-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးသမိုင္းဝင္ရႈံးပြဲႀကီးႀကဳံရၿပီးေနာက္ေဆာက္သမ္တန္ႏွင့္ပြဲတြင္ျပန္လည္႐ုန္းထရန္ႀကိဳးပမ္းခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာဘ႐ူႏိုဖာနန္ဒက္စ္၊ကက္စ္မီ႐ိုတို႔ကိုကြင္းလယ္မွာသုံးၿပီးတိုက္စစ္တြင္ဆန္ခ်ိဳ၊အန္တိုနီ၊ရက္ဖို႔ဒ္၊ဝက္ေဟာ့စ္တို႔ကိုအသုံးျပဳၿပီးတိုက္စစ္အခင္းအက်င္းျဖင့္ပြဲထြက္လာခဲ့ပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၃၄မိနစ္မွာေတာ့ကက္စ္မီ႐ိုဟာကားလို႔စ္အယ္ကာရက္ဇ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါေတာ့တယ္။

သူဟာယူႏိုက္တက္တြင္ကစားတဲ့ပထမရာသီတြင္ပင္ဒုတိယေျမာက္အနီကတ္ျပသျခင္းခံလာခဲ့ရတာျဖစ္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္မွာ၉ရာသီကစားတုန္းက၂ႀကိမ္တည္းသာအနီကတ္ျပသျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာဒုတိယေျမာက္အနီကတ္ျပထုတ္ပယ္ျခင္းခံရမႈႏွင့္အတူ၄ပြဲအထိပြဲပယ္ခံလာရပါမယ္။

သူဟာယခုအပတ္အကုန္တြင္ဖူလ္ဟမ္ႏွင့္ကစားရမဲ့အက္ဖ္ေအဖလားပြဲကိုစတင္လြဲပါမယ္။ၿပီးလွ်င္သူဟာနယူးကာဆယ္၊ဘရန႔္ဖို႔ဒ္၊အဲဗာတန္တို႔ႏွင့္ကစားရမဲ့ပြဲမ်ားကိုလြဲလာပါမယ္။

ဒါေပမဲ့ကက္စ္မီ႐ိုဟာျပည္တြင္းပြဲသာပြဲပယ္ခံရမွာျဖစ္ၿပီးယခုအပတ္ၾကားရက္တြင္ဘကတ္တစ္ကိုစပိန္သို႔သြားကစားရမဲ့ပြဲတြင္ပါဝင္ႏိုင္ပါမယ္။