
မန်ချက်စတာယူနိုက်တက်ရဲ့ဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲကဆိုးရွားသထက်ဆိုးရွားလာခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာလီဗာပူးကို၇-၀ဂိုးဖြင့်သမိုင်းဝင်ရှုံးပွဲကြီးကြုံတွေ့ခဲ့ရပြီးနောက်ဆောက်သမ်တန်နှင့်ပွဲတွင်ဂိုးမရှိသရေကျခဲ့တာလည်းဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင်ယူနိုက်တက်ကွင်းလယ်ကစားသမားကက်စ်မီရိုဟာပွဲချိန်၃၄မိနစ်တွင်ပင်ကားလို့စ်အယ်ကာရက်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားဟာယခုရာသီဒုတိယမြောက်ပရီးမီးယားလိဂ်အနီကတ်ပြသခြင်းခံခဲ့ရမှုနှင့်အတူ၄ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်ပိုပြီးတော့ဆိုးရွားလာတာကတော့အလီဂျန်ဒရိုဂါနာချိုမှာဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားပြီးနောက်ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တာဖြစ်ပါတယ်။
သူဟာပွဲချိန်၇၃မိနစ်တွင်ဆန်ချိုအစားလူစားဝင်ရောက်ကစားပြီးနောက်၉မိနစ်အကြာတွင်ကိုင်လီဝေါလ်ကားပီတာရဲ့ခြေနှစ်ဖက်ညှပ်ကြမ်းတမ်းစွာကစားခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ယင်းနောက်သူဟာပွဲကိုဆက်ကစားခဲ့ပေမဲ့လည်းနာကျင်အချိန်ပိုတွင်ဖရက်အစားလူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးတွင်ဂါနာချိုကို Protecitive Boot စီးပြီးဂျိုင်းထောက်နှင့်တွေ့ရမှုနှင့်အတူဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ယူဆရပါတယ်။
သူဟာကြားရက်တွင်စပိန်သို့သွားရောက်ကာဘက်တစ်နှင့်ရင်ဆိုင်ကစားရမဲ့ပွဲစဉ်မှာပါဝင်လာနိုင်ဖို့မရှိတော့ပါဘူး။
ZawGyi
ေဆာက္သမ္တန္ႏွင့္သေရက်တဲ့ပြဲအၿပီးတြင္ ခ်ိဳင္းေထာက္ႏွင့္ ေတြ႕ခဲ့ရတဲ့ အလီဂ်န္ဒ႐ိုဂါနာခ်ိဳ
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ေဆာက္သမ္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲကဆိုး႐ြားသထက္ဆိုး႐ြားလာခဲ့ၿပီျဖစ္ပါတယ္။
ယူႏိုက္တက္ဟာလီဗာပူးကို၇-၀ဂိုးျဖင့္သမိုင္းဝင္ရႈံးပြဲႀကီးႀကဳံေတြ႕ခဲ့ရၿပီးေနာက္ေဆာက္သမ္တန္ႏွင့္ပြဲတြင္ဂိုးမရွိသေရက်ခဲ့တာလည္းျဖစ္ပါတယ္။
ယင္းပြဲစဥ္တြင္ယူႏိုက္တက္ကြင္းလယ္ကစားသမားကက္စ္မီ႐ိုဟာပြဲခ်ိန္၃၄မိနစ္တြင္ပင္ကားလို႔စ္အယ္ကာရက္ဇ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
ဘရာဇီးကြင္းလယ္ကစားသမားဟာယခုရာသီဒုတိယေျမာက္ပရီးမီးယားလိဂ္အနီကတ္ျပသျခင္းခံခဲ့ရမႈႏွင့္အတူ၄ပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။
ယူႏိုက္တက္အတြက္ပိုၿပီးေတာ့ဆိုး႐ြားလာတာကေတာ့အလီဂ်န္ဒ႐ိုဂါနာခ်ိဳမွာဒုတိယပိုင္းတြင္လူစားဝင္ေရာက္ကစားၿပီးေနာက္ဒဏ္ရာျပင္းထန္စြာရရွိသြားခဲ့တာျဖစ္ပါတယ္။
သူဟာပြဲခ်ိန္၇၃မိနစ္တြင္ဆန္ခ်ိဳအစားလူစားဝင္ေရာက္ကစားၿပီးေနာက္၉မိနစ္အၾကာတြင္ကိုင္လီေဝါလ္ကားပီတာရဲ႕ေျခႏွစ္ဖက္ညႇပ္ၾကမ္းတမ္းစြာကစားျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ယင္းေနာက္သူဟာပြဲကိုဆက္ကစားခဲ့ေပမဲ့လည္းနာက်င္အခ်ိန္ပိုတြင္ဖရက္အစားလူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။
ပြဲအၿပီးတြင္ဂါနာခ်ိဳကို Protecitive Boot စီးၿပီးဂ်ိဳင္းေထာက္ႏွင့္ေတြ႕ရမႈႏွင့္အတူဒဏ္ရာျပင္းထန္စြာရရွိသြားတယ္လို႔ယူဆရပါတယ္။
သူဟာၾကားရက္တြင္စပိန္သို႔သြားေရာက္ကာဘက္တစ္ႏွင့္ရင္ဆိုင္ကစားရမဲ့ပြဲစဥ္မွာပါဝင္လာႏိုင္ဖို႔မရွိေတာ့ပါဘူး။