ဆောက်သမ်တန်မှ နော်ဝေတိုက်စစ်မှူးဂျိုရှာကိန်းကို အဲဗာတန် ခေါ်ယူ

အဲဗာတန်ဟာချန်ပီယရှစ်ကလပ်ဘုန်းမောက်မှတိုက်စစ်မှူးဂျိုရှာကိန်းကိုရာသီအကုန်အထိစာချုပ်ဖြင့်ခေါ်ယူအား ဖြည့်လိုက်ပါတယ်။

အသက်၂၉နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာ၂၀၁၅ခုနှစ်တွင်ဘုန်းမောက်သို့ရောက်လာပြီးနောက်၁၈၄ပွဲကစားရာတွင်၅၃ဂိုးအထိသွင်းယူခဲ့သူဖြစ်ပါတယ်။

ယခုရာသီအကုန်တွင်ဘုန်းမောက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကိန်းကိုဖူလ်ဟမ်ကလည်းခေါ်ယူလိုခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်ကအဲဗာတန်သို့ပြောင်းရန်ရွေးချယ်ခဲ့ပါတယ်။

အဲဗာတန်ဟာကိန်းကိုခြောက်လစာချုပ်သာချုပ်ဆိုခဲ့ပေမယ့်စာချုပ်အတွင်းမှာသက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ကိန်းဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းကမန်ယူသို့ပြောင်းမယ်လို့သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီးအပြောင်းအရွှေ့ဖြစ်လာခဲ့ခြင်းမရှိဘဲမန်ယူကနိုင်ဂျီးရီးယားတိုက်စစ်မှူးအိုဒီယွန်အိုင်ဂါလိုကိုသာခေါ်ယူခဲ့ပါတယ်။

၂၀၁၆-၁၇ရာသီတုန်းကပရီးမီးယားလိဂ်တွင်ဘုန်းမောက်အဆင့်၉နေရာတွင်ရပ်တည်စဉ်ကကိန်းမှာပရီးမီးယားလိဂ် ဂိုး၁၆ဂိုးအထိသွင်းယူပြီးအဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကလည်းပရီးမီးယားလိဂ်ဂိုး ၆ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာယခုရာသီမှာချန်ပီယံရှစ်မှာ၁၂ပွဲကစားရာမှာဂိုးပေါက်တွေ့ခြင်းမရှိဘဲအက်ဖ်အေဖလားမှာသာ၃ဂိုးသွင်းထား နိုင်ပါတယ်။

ဘုန်းမောက်ဟာဂျိုရှာကိန်းရဲ့နေရာမှာဆောက်သမ်တန်မှအသက်၃၄နှစ်ရှိအိုင်ယာလန်တိုက်စစ်မှူးရှိန်းလောင်းအား အငှားဖြင့်ခေါ်ယူကာအစားထိုးခဲ့ပါတယ်။

ZawGyi

ေဆာက္သမ္တန္မွ ေနာ္ေဝတိုက္စစ္မႉးဂ်ိဳရွာကိန္းကို အဲဗာတန္ ေခၚယူ

အဲဗာတန္ဟာခ်န္ပီယရွစ္ကလပ္ဘုန္းေမာက္မွတိုက္စစ္မႉးဂ်ိဳရွာကိန္းကိုရာသီအကုန္အထိစာခ်ဳပ္ျဖင့္ေခၚယူအား ျဖည့္လိုက္ပါတယ္။

အသက္၂၉ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာ၂၀၁၅ခုႏွစ္တြင္ဘုန္းေမာက္သို႔ေရာက္လာၿပီးေနာက္၁၈၄ပြဲကစားရာတြင္၅၃ဂိုးအထိသြင္းယူခဲ့သူျဖစ္ပါတယ္။

ယခုရာသီအကုန္တြင္ဘုန္းေမာက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ကိန္းကိုဖူလ္ဟမ္ကလည္းေခၚယူလိုခဲ့ေပမယ့္ ကာယကံရွင္ကိုယ္တိုင္ကအဲဗာတန္သို႔ေျပာင္းရန္ေ႐ြးခ်ယ္ခဲ့ပါတယ္။

အဲဗာတန္ဟာကိန္းကိုေျခာက္လစာခ်ဳပ္သာခ်ဳပ္ဆိုခဲ့ေပမယ့္စာခ်ဳပ္အတြင္းမွာသက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ကိန္းဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလတုန္းကမန္ယူသို႔ေျပာင္းမယ္လို႔သတင္းထြက္ခဲ့ဖူးသူျဖစ္ၿပီးအေျပာင္းအေ႐ႊ႕ျဖစ္လာခဲ့ျခင္းမရွိဘဲမန္ယူကႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးအိုဒီယြန္အိုင္ဂါလိုကိုသာေခၚယူခဲ့ပါတယ္။

၂၀၁၆-၁၇ရာသီတုန္းကပရီးမီးယားလိဂ္တြင္ဘုန္းေမာက္အဆင့္၉ေနရာတြင္ရပ္တည္စဥ္ကကိန္းမွာပရီးမီးယားလိဂ္ ဂိုး၁၆ဂိုးအထိသြင္းယူၿပီးအဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကလည္းပရီးမီးယားလိဂ္ဂိုး ၆ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာယခုရာသီမွာခ်န္ပီယံရွစ္မွာ၁၂ပြဲကစားရာမွာဂိုးေပါက္ေတြ႕ျခင္းမရွိဘဲအက္ဖ္ေအဖလားမွာသာ၃ဂိုးသြင္းထား ႏိုင္ပါတယ္။

ဘုန္းေမာက္ဟာဂ်ိဳရွာကိန္းရဲ႕ေနရာမွာေဆာက္သမ္တန္မွအသက္၃၄ႏွစ္ရွိအိုင္ယာလန္တိုက္စစ္မႉးရွိန္းေလာင္းအား အငွားျဖင့္ေခၚယူကာအစားထိုးခဲ့ပါတယ္။