ဆောက်သမ်တန်ရသွားတဲ့ဂိုးမတိုင်မီ ဘရူနိုဖာနန်ဒက်စ်အား ဖရီးကစ်မပေးမှုအပေါ် မန်ယူပရိသတ်များ ပေါက်ကွဲ

မန်ယူပရိသတ်များဟာဆောက်သမ်တန်နှင့်ပွဲစဉ်တွင်ပေးလိုက်ရတဲ့ဂိုးမတိုင်မီဘရူနိုဖာနန်ဒက်စ်အားတွန်းကာဘောလုံးရယူမှုအတွက်ဖရီးကစ်မပေးမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။

တနင်္ဂနွေနေ့ညတွင်စိန့်မေရီမှာကစားတဲ့ပွဲစဉ်မှာချီအဒမ်ဟာဆောက်သမ်တန်အတွက်အဖွင့်ဂိုးကိုအဝေးမှကန်သွင်းယူခဲ့ပါတယ်။

ဒါပေမယ့်မန်ယူပရိသတ်များကချီအဒမ်ကဂိုးမသွင်းမီဘရူနိုဖာနန်ဒက်စ်အားဂျက်စတီဖင်ရဲ့ဖျက်ထုတ်မှုအပေါ်ဖရီးကစ်မပေးခဲ့ဘဲဆက်ကစားနေမှုအပေါ်ဒေါသထွက်နေပါတယ်။

စတီဖင်ဟာပေါ်တူဂီစတားထံမှဘောလုံးလုယူပြီးတိုက်စစ်လမ်းကြောင်းခင်းခဲ့တာလည်းဖြစ်ပါတယ်။

စတီဖင်ကမူဆာဒီဂျီနီပိုအားဘောလုံးပေးခဲ့ပြီး၎င်းမှတစ်ဆင့်အဒမ်အမ်စထရောင်းကိုချပေးခဲ့ပါတယ်။အမ်စထရောင်းရဲ့ဖန်တီးမှုကနေချီအဒမ်ကဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့်ဒိုင်လူကြီးကမန်ယူဘက်သို့ဖရီးကစ်မပေးမှုနဲ့အတူပထမပိုင်းမှာဆောက်သမ်တန်က၁-ဝဂိုးဖြင့်ဦးဆောင်နေခဲ့ပါတယ်။

ZawGyi

ေဆာက္သမ္တန္ရသြားတဲ့ဂိုးမတိုင္မီ ဘ႐ူႏိုဖာနန္ဒက္စ္အား တြန္းမႈအတြက္ ဖရီးကစ္မေပးမႈအေပၚ မန္ယူပရိသတ္မ်ား ေပါက္ကြဲ

မန္ယူပရိသတ္မ်ားဟာေဆာက္သမ္တန္ႏွင့္ပြဲစဥ္တြင္ေပးလိုက္ရတဲ့ဂိုးမတိုင္မီဘ႐ူႏိုဖာနန္ဒက္စ္အားတြန္းကာေဘာလုံးရယူမႈအတြက္ဖရီးကစ္မေပးမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနၾကပါတယ္။

တနဂၤေႏြေန႔ညတြင္စိန႔္ေမရီမွာကစားတဲ့ပြဲစဥ္မွာခ်ီအဒမ္ဟာေဆာက္သမ္တန္အတြက္အဖြင့္ဂိုးကိုအေဝးမွကန္သြင္းယူခဲ့ပါတယ္။

ဒါေပမယ့္မန္ယူပရိသတ္မ်ားကခ်ီအဒမ္ကဂိုးမသြင္းမီဘ႐ူႏိုဖာနန္ဒက္စ္အားဂ်က္စတီဖင္ရဲ႕ဖ်က္ထုတ္မႈအေပၚဖရီးကစ္မေပးခဲ့ဘဲဆက္ကစားေနမႈအေပၚေဒါသထြက္ေနပါတယ္။

စတီဖင္ဟာေပၚတူဂီစတားထံမွေဘာလုံးလုယူၿပီးတိုက္စစ္လမ္းေၾကာင္းခင္းခဲ့တာလည္းျဖစ္ပါတယ္။

စတီဖင္ကမူဆာဒီဂ်ီနီပိုအားေဘာလုံးေပးခဲ့ၿပီး၎မွတစ္ဆင့္အဒမ္အမ္စထေရာင္းကိုခ်ေပးခဲ့ပါတယ္။အမ္စထေရာင္းရဲ႕ဖန္တီးမႈကေနခ်ီအဒမ္ကဂိုးသြင္းယူခဲ့ပါတယ္။

ဒါေပမယ့္ဒိုင္လူႀကီးကမန္ယူဘက္သို႔ဖရီးကစ္မေပးမႈနဲ႔အတူပထမပိုင္းမွာေဆာက္သမ္တန္က၁-ဝဂိုးျဖင့္ဦးေဆာင္ေနခဲ့ပါတယ္။