ရိုမိန်းဆောယားအတွက်အရေးယူနိုင်ရန်ဝက်စ်ဟမ်းကြိုးပမ်းလာ

ဆမ်အလာဒွိုက်ကပရီးမီးယားလိဂ်ကစားသမားများအနေဖြင့်ဆိုရှယ်မီဒီယာများတွင်တိုက်ခိုက်ပြောဆိုလာကြတဲ့ကီးဘုတ်သတ္တိခဲများကိုအမှုဖွင့်အရေးယူဖို့လိုအပ်နေတယ်လို့ပြောကြားလာပါတယ်။

ဝက်စ်ဘရွန်းအသင်းမှရိုမိန်းဆောယားဟာလည်းမန်စီးတီးကိုရှုံးနိမ့်တဲ့ပွဲအပြီးတွင်ဆိုရှယ်မီဒီယာတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်ရေးသားခြင်းခံခဲ့ရကာဝက်စ်ဘရွန်းကရဲစခန်းသို့ဆက်သွယ်အကြောင်းကြားထားပါတယ်။

အသက်၂၉နှစ်ရှိအလယ်တန်းကစားသမားဟာမန်စီးတီးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပွဲချိန်ပြည့်ကစားခဲ့သူဖြစ်ပြီးပွဲအပြီးတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံခဲ့ရပါတယ်။

မန်ယူအသင်းမှအန်တိုနီမာရှယ်နှင့်တွန်ဇွမ်ဘီတို့ဟာလည်းကြားရက်တုန်းကရှက်ဖီးလ်ယူနိုက်တက်အား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာလူမျိုးရေးခွဲခြားတိုက်ခိုက်မှုများခံခဲ့ရပါတယ်။တွန်ဇွမ်ဘီဟာလူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ ခံရပြီးနောက်တွစ်တာအကောင့်ကိုဖျက်ခဲ့ပါတယ်။

ZawGyi

႐ိုမိန္းေဆာယားအတြက္အေရးယူႏိုင္ရန္ဝက္စ္ဟမ္းႀကိဳးပမ္းလာ

ဆမ္အလာဒြိဳက္ကပရီးမီးယားလိဂ္ကစားသမားမ်ားအေနျဖင့္ဆိုရွယ္မီဒီယာမ်ားတြင္တိုက္ခိုက္ေျပာဆိုလာၾကတဲ့ ကီးဘုတ္သတၱိခဲမ်ားကိုအမႈဖြင့္အေရးယူဖို႔လိုအပ္ေနတယ္လို႔ေျပာၾကားလာပါတယ္။

ဝက္စ္ဘ႐ြန္းအသင္းမွ႐ိုမိန္းေဆာယားဟာလည္းမန္စီးတီးကိုရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ဆိုရွယ္မီဒီယာတြင္လူမ်ိဳးေရးခြဲ ျခားတိုက္ခိုက္ေရးသားျခင္းခံခဲ့ရကာဝက္စ္ဘ႐ြန္းကရဲစခန္းသို႔ဆက္သြယ္အေၾကာင္းၾကားထားပါတယ္။

အသက္၂၉ႏွစ္ရွိအလယ္တန္းကစားသမားဟာမန္စီးတီးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပြဲခ်ိန္ျပည့္ကစားခဲ့သူျဖစ္ၿပီး ပြဲအၿပီးတြင္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံခဲ့ရပါတယ္။

မန္ယူအသင္းမွအန္တိုနီမာရွယ္ႏွင့္တြန္ဇြမ္ဘီတို႔ဟာလည္းၾကားရက္တုန္းကရွက္ဖီးလ္ယူႏိုက္တက္အား၂-၁ဂိုးျဖင့္ ရႈံးနိမ့္တဲ့ပြဲအၿပီးမွာလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားခံခဲ့ရပါတယ္။တြန္ဇြမ္ဘီဟာလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ား ခံရၿပီးေနာက္တြစ္တာအေကာင့္ကိုဖ်က္ခဲ့ပါတယ္။