ဆော်ဒီစပွန်ဆာနှင့်ပတ်သက်ပြီး ဖီဖာထံ အကြောင်းကြားလာတဲ့ ၂၀၂၃ ကမ္ဘာ့ဖလားအိမ်ရှင် ဩစတြေးလျနှင့်နယူးဇီလန်

၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်များဖြစ်ကြတဲ့ဩစတြေးလျနှင့်နယူးဇီလန်တို့ဟာ၂၀၂၃ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အဓိကစပွန်ဆာ ဆော်ဒီခရီးသွားစပွန်ဆာနှင့်ပတ်သက်ပြီးရှင်းလင်းမှုပြုလုပ်ပေးရန်ဖီဖာကိုတောင်းဆိုလာပါတယ်။

Visit Saudi ဟာ၂၀၂၃ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အဓိကစပွန်ဆာဖြစ်လာမှာဖြစ်ပြီးယင်းစပွန်ဆာကိုလက်ခံလိုက်မှုအတွက်လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့များရဲ့ဝေဖန်မှုပြုလုပ်ခြင်းခံနေရပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံ့ဟာလူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်များဖြစ်ကြတဲ့ဩစတြေးလျနှင့်နယူးဇီလန်တို့ဟာ Visit Saudi ကိုအဓိကစပွန်ဆာအဖြစ်လက်ခံရန်ဖီဖာကဆုံးဖြတ်စဉ်တုန်းကအိမ်ရှင်နိုင်ငံများနှင့်မဆွေးနွေးမှုအတွက်အကြီးအကျယ်စိတ်ပျက်နေကြတာလည်းဖြစ်ပါတယ်။

၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုဩစတြေးလျနှင်နယူးဇီလန်တို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပလာမှာဖြစ်ပြီးဇူလိုင်လ၂၀ရက်နေ့မှဩဂုတ်လ၂၀ရက်နေ့အထိကျင်းပသွားပါမယ်။

လက်ရှိအချိန်တွင်ဖီဖာဟာ၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားအဓိကစပွန်ဆာအဖြစ် Visit Saudi ကိုမကြေညာသေးပေမဲ့၎င်းတို့အကြားသဘောတူညီမှုရရှိပြီးပြီလို့ယုံကြည်ရပါတယ်။

၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဟာလူစိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီးတစ်ကမ္ဘာလုံးမှကြည့်ရှုသူ၂ဘီလီယံအထိစံချိန်တင်မြင့်တက်လာမယ်လို့ခန့်မှန်းခြင်းခံထားရပါတယ်။

ဒါ့ပေမဲ့ဆော်ဒီနိုင်ငံရဲ့အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊သေဒဏ်ပေးမှု၊အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုထောင်ချမှု၊၂၀၁၈ခုနှစ်တုန်းကဂျာနယ်လစ်ဂျာမယ်ခါချိုဂီအားလုပ်ကြံမှုတို့ကြောင့် Visit Saudi စပွန်ဆာကိုလက်မခံရန်လူ့အခွင့်အရေးလှုပ်ရှားသူများတောင်းဆိုနေကြပါတယ်။

တဖက်တွင်ဗုဒ္ဓဟူးနေ့တုန်းကဆော်ဒီဟာ၂၀၂၇ခုနှစ်အမျိုးသားအာရှဖလားပြိုင်ပွဲအိမ်ရှင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်၎င်းတို့ဟာ၂၀၂၆အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုလည်းအိမ်ရှင်အဖြစ်လက်ခံကျင်းပရန်လျှောက်ထားပါသေးတယ်။

ဆော်ဒီဟာအမျိုးသမီးဘောလုံးအသင်းကို၂၀၁၂အိုလံပစ်ပြိုင်ပွဲတွင်မှစတင်စေလွှတ်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့နှစ်များတွင်အမျိုးသမီးဘောလုံးအသင်းများကိုတိုးတက်အောင်လုပ်လာခဲ့ပါတယ်။ဒါ့အပြင်အမျိုးသမီးဘောလုံးပရိသတ်များဟာလည်း၂၀၁၈ခုနှစ်တွင်မှစတင်ကာကွင်းအတွင်းဝင်ကြည့်ခွင့်ရခဲ့ပါတယ်။

ZawGyi

ေဆာ္ဒီစပြန္ဆာႏွင့္ပတ္သက္ၿပီး ဖီဖာထံ အေၾကာင္းၾကားလာတဲ့ ၂၀၂၃ ကမာၻ႔ဖလားအိမ္ရွင္ ဩစေၾတးလ်ႏွင့္နယူးဇီလန္

၂၀၂၃အမ်ိဳးသမီးကမာၻ႔ဖလားပူးတြဲအိမ္ရွင္မ်ားျဖစ္ၾကတဲ့ဩစေၾတးလ်ႏွင့္နယူးဇီလန္တို႔ဟာ၂၀၂၃ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အဓိကစပြန္ဆာ ေဆာ္ဒီခရီးသြားစပြန္ဆာႏွင့္ပတ္သက္ၿပီးရွင္းလင္းမႈျပဳလုပ္ေပးရန္ဖီဖာကိုေတာင္းဆိုလာပါတယ္။

Visit Saudi ဟာ၂၀၂၃ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အဓိကစပြန္ဆာျဖစ္လာမွာျဖစ္ၿပီးယင္းစပြန္ဆာကိုလက္ခံလိုက္မႈအတြက္လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားအဖြဲ႕မ်ားရဲ႕ေဝဖန္မႈျပဳလုပ္ျခင္းခံေနရပါတယ္။

အေရွ႕အလယ္ပိုင္းႏိုင္ငံ့ဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားျပဳလုပ္ေနတဲ့ႏိုင္ငံတစ္ခုလည္းျဖစ္ပါတယ္။

၂၀၂၃အမ်ိဳးသမီးကမာၻ႔ဖလားပူးတြဲအိမ္ရွင္မ်ားျဖစ္ၾကတဲ့ဩစေၾတးလ်ႏွင့္နယူးဇီလန္တို႔ဟာ Visit Saudi ကိုအဓိကစပြန္ဆာအျဖစ္လက္ခံရန္ဖီဖာကဆုံးျဖတ္စဥ္တုန္းကအိမ္ရွင္ႏိုင္ငံမ်ားႏွင့္မေဆြးေႏြးမႈအတြက္အႀကီးအက်ယ္စိတ္ပ်က္ေနၾကတာလည္းျဖစ္ပါတယ္။

၂၀၂၃အမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲကိုဩစေၾတးလ်ႏွင္နယူးဇီလန္တို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပလာမွာျဖစ္ၿပီးဇူလိုင္လ၂၀ရက္ေန႔မွဩဂုတ္လ၂၀ရက္ေန႔အထိက်င္းပသြားပါမယ္။

လက္ရွိအခ်ိန္တြင္ဖီဖာဟာ၂၀၂၃အမ်ိဳးသမီးကမာၻ႔ဖလားအဓိကစပြန္ဆာအျဖစ္ Visit Saudi ကိုမေၾကညာေသးေပမဲ့၎တို႔အၾကားသေဘာတူညီမႈရရွိၿပီးၿပီလို႔ယုံၾကည္ရပါတယ္။

၂၀၂၃အမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲဟာလူစိတ္ဝင္စားမႈျမင့္တက္လ်က္ရွိၿပီးတစ္ကမာၻလုံးမွၾကည့္ရႈသူ၂ဘီလီယံအထိစံခ်ိန္တင္ျမင့္တက္လာမယ္လို႔ခန႔္မွန္းျခင္းခံထားရပါတယ္။

ဒါ့ေပမဲ့ေဆာ္ဒီႏိုင္ငံရဲ႕အမ်ိဳးသမီးအခြင့္အေရးခ်ိဳးေဖာက္မႈ၊ေသဒဏ္ေပးမႈ၊အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားသူမ်ားကိုေထာင္ခ်မႈ၊၂၀၁၈ခုႏွစ္တုန္းကဂ်ာနယ္လစ္ဂ်ာမယ္ခါခ်ိဳဂီအားလုပ္ႀကံမႈတို႔ေၾကာင့္ Visit Saudi စပြန္ဆာကိုလက္မခံရန္လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားေတာင္းဆိုေနၾကပါတယ္။

တဖက္တြင္ဗုဒၶဟူးေန႔တုန္းကေဆာ္ဒီဟာ၂၀၂၇ခုႏွစ္အမ်ိဳးသားအာရွဖလားၿပိဳင္ပြဲအိမ္ရွင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္၎တို႔ဟာ၂၀၂၆အမ်ိဳးသမီးအာရွဖလားၿပိဳင္ပြဲကိုလည္းအိမ္ရွင္အျဖစ္လက္ခံက်င္းပရန္ေလွ်ာက္ထားပါေသးတယ္။

ေဆာ္ဒီဟာအမ်ိဳးသမီးေဘာလုံးအသင္းကို၂၀၁၂အိုလံပစ္ၿပိဳင္ပြဲတြင္မွစတင္ေစလႊတ္ခဲ့တာျဖစ္ၿပီးၿပီးခဲ့တဲ့ႏွစ္မ်ားတြင္အမ်ိဳးသမီးေဘာလုံးအသင္းမ်ားကိုတိုးတက္ေအာင္လုပ္လာခဲ့ပါတယ္။ဒါ့အျပင္အမ်ိဳးသမီးေဘာလုံးပရိသတ္မ်ားဟာလည္း၂၀၁၈ခုႏွစ္တြင္မွစတင္ကာကြင္းအတြင္းဝင္ၾကည့္ခြင့္ရခဲ့ပါတယ္။