ဆော်ဒီစူပါဖလားမှ Al Nassr အသင်း ထွက်ခွာခဲ့ရပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုကို ‘မက်ဆီ’လို့ အော်ဟစ်ကာ ပြိုင်ဘက်ပရိသတ်များ လှောင်ပြောင်

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီစူပါဖလားပြိုင်ပွဲမှာ Al Nassr အသင်းထွက်ခွာခဲ့ရပြီးနောက် ပြိုင်ဘက်အသင်းပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr အတွက် ဒုတိယမြောက်ကစားတဲ့ပွဲတွင် Al-lttihad ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-lttihad နှင့်ပွဲတွင်လည်း ဂိုးမသွင်းနိုင်မှုနဲ့အတူ Al Nassr အတွက် ဂိုးပေါက်ရှာမတွေ့သေးပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ဟာ Al-lttihad နှင့်ပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမဲ့လည်း ဂိုးပေါက်တည့်ကန်ချက် ၃ ကြိမ်တည်းသာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ပိုပြီးတော့ ဆိုးရွားသွားကတော့ King Fahd International Stadium တွင် ပြိုင်ဘက်ပရိသတ်များက ‘မက်ဆီ၊ မက်ဆီ၊ မက်ဆီ’လို့ သံပြိုင်အော်ဟစ် လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပီအက်စ်ဂျီနှင့် ဆော်ဒီအောစတားတို့ရဲပွဲစဉ်တွင် ပြိုင်ဘက်ဟောင်းလီယွန်နယ်မက်ဆီနှင့် ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းပွဲတွင် ၂ ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ZawGyi







