ဆော်ဒီတွင် ခရစ္စတီယာနိုရော်နယ်ဒိုကစားတဲ့ ပထမဆုံးပွဲမှာ Al Nassr အတွက်ကစားတဲ့ပွဲဖြစ်လာမည်မဟုတ်

Al Nassr နည်းပြရူဒီဂါစီယာကဆော်ဒီတွင်ခရစ္စတီယာနိုရော်နယ်ဒို ပထမဆုံးကစားတဲ့ပွဲမှာ Al Nassr အတွက်ကစားတဲ့ပွဲဖြစ်လာမှာမဟုတ်ဘဲပီအက်စ်ဂျီနှင့်ခြေစမ်းပွဲဖြစ်နေမှုအပေါ်စိတ်ပျက်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဒီဇင်ဘာလနှောင်းပိုင်းတုန်းကAl Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန်၂နှစ်ခွဲစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

ဒါပေမဲ့သူဟာယူနိုက်တက်ကစားသမားဘဝတုန်းကအဲဗာတန်ပရိသတ်ငယ်လက်ကိုရိုက်ချပြီးဖုန်းပြုတ်ကျအောင်ပြုလုပ်မှုကြောင့်နှစ်ပွဲပယ်ပြစ်ဒဏ်ကိုချခံနေရမှု၊ Al Nassr တွင်နိုင်ငံခြားသားကစားသမားများနေမှုကြောင့်ယခုတိုင်ပွဲမကစားရသေးပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲကစားရေးစိတ်ပျက်စရာစောင့်ဆိုင်းခဲ့ရပြီးနောက်ယခုဇန်နဝါရီလအတွင်းမှာဆော်ဒီတွင်ပထမဆုံးပွဲကစားလာနိုင်ပါမယ်။ဒါပေမဲ့Al Nassrအတွက်မဟုတ်ပါဘူး။

သူဟာပီအက်စ်ဂျီနှင့်ကစားရမဲ့ခြေစမ်းပွဲစဉ်တွင်ပါဝင်ကစားလာမှာလည်းဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီအော့စတားအသင်းနှင့်ပီအက်စ်ဂျီတို့ရဲ့ခြေစမ်းပွဲတွင်ပါဝင်ကစားလာမှာလည်းဖြစ်ပါတယ်။

ယင်းပွဲကိုဇန်နဝါရီလ၁၉ရက်နေ့တွင် Riyadh ရှိ King Fahd Stadium တွင်ကစားသွားပါမယ်။

Al Nassr နည်းပြရူဒီဂါစီယာက “Al Nassr ဂျာစီနဲ့ကစားမဲ့ပွဲမဟုတ်ပါဘူး။ Al Halil နဲ့ Al Nassr ပေါင်းစပ်ထားတဲ့အသင်းအတွက်ကစားလာပါမယ်။ Al Nassr နည်းပြတစ်ယောက်အနေနဲ့ဒီပွဲအပေါ်မပျော်ပါဘူး။ဒါပေမဲ့ပီအက်စ်ဂျီလိုကြီးကျယ်တဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့အသင်းနဲ့ကစားရမှာဖြစ်လို့အသင်းကိုတိုးတက်လာစေမှာဖြစ်လို့ကောင်းတဲ့အချက်ပါ။ပွဲပြက္ခဒိန်အရတော့မရင်ပိုကောင်းတာပေါ့။ဒါပေမဲ့ဒါကလည်းပြဿနာကြီးမဟုတ်ပါဘူး။အခုလိဂ်ကိုဦးဆောင်နေတယ်။ပျော်တယ်။ဒီလိဂ်ကချန်ပီယံဖြစ်ဖို့ခက်တဲ့လိဂ်ပါ။ဒါပေမဲ့ဖြစ်လာအောင်လုပ်ဖို့ရည်မှန်းထားတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေဆာ္ဒီတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုကစားတဲ့ ပထမဆုံးပြဲမွာ Al Nassr အတြက္ကစားတဲ့ပြဲျဖစ္လာမည္မဟုတ္

Al Nassr နည္းျပ႐ူဒီဂါစီယာကေဆာ္ဒီတြင္ခရစၥတီယာႏိုေရာ္နယ္ဒို ပထမဆုံးကစားတဲ့ပြဲမွာ Al Nassr အတြက္ကစားတဲ့ပြဲျဖစ္လာမွာမဟုတ္ဘဲပီအက္စ္ဂ်ီႏွင့္ေျခစမ္းပြဲျဖစ္ေနမႈအေပၚစိတ္ပ်က္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒီဇင္ဘာလေႏွာင္းပိုင္းတုန္းကAl Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းတန္၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

ဒါေပမဲ့သူဟာယူႏိုက္တက္ကစားသမားဘဝတုန္းကအဲဗာတန္ပရိသတ္ငယ္လက္ကို႐ိုက္ခ်ၿပီးဖုန္းျပဳတ္က်ေအာင္ျပဳလုပ္မႈေၾကာင့္ႏွစ္ပြဲပယ္ျပစ္ဒဏ္ကိုခ်ခံေနရမႈ၊ Al Nassr တြင္ႏိုင္ငံျခားသားကစားသမားမ်ားေနမႈေၾကာင့္ယခုတိုင္ပြဲမကစားရေသးပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲကစားေရးစိတ္ပ်က္စရာေစာင့္ဆိုင္းခဲ့ရၿပီးေနာက္ယခုဇန္နဝါရီလအတြင္းမွာေဆာ္ဒီတြင္ပထမဆုံးပြဲကစားလာႏိုင္ပါမယ္။ဒါေပမဲ့Al Nassrအတြက္မဟုတ္ပါဘူး။

သူဟာပီအက္စ္ဂ်ီႏွင့္ကစားရမဲ့ေျခစမ္းပြဲစဥ္တြင္ပါဝင္ကစားလာမွာလည္းျဖစ္ပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီေအာ့စတားအသင္းႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕ေျခစမ္းပြဲတြင္ပါဝင္ကစားလာမွာလည္းျဖစ္ပါတယ္။

ယင္းပြဲကိုဇန္နဝါရီလ၁၉ရက္ေန႔တြင္ Riyadh ရွိ King Fahd Stadium တြင္ကစားသြားပါမယ္။

Al Nassr နည္းျပ႐ူဒီဂါစီယာက “Al Nassr ဂ်ာစီနဲ႔ကစားမဲ့ပြဲမဟုတ္ပါဘူး။ Al Halil နဲ႔ Al Nassr ေပါင္းစပ္ထားတဲ့အသင္းအတြက္ကစားလာပါမယ္။ Al Nassr နည္းျပတစ္ေယာက္အေနနဲ႔ဒီပြဲအေပၚမေပ်ာ္ပါဘူး။ဒါေပမဲ့ပီအက္စ္ဂ်ီလိုႀကီးက်ယ္တဲ့ကစားသမားေတြနဲ႔စုဖြဲ႕ထားတဲ့အသင္းနဲ႔ကစားရမွာျဖစ္လို႔အသင္းကိုတိုးတက္လာေစမွာျဖစ္လို႔ေကာင္းတဲ့အခ်က္ပါ။ပြဲျပကၡဒိန္အရေတာ့မရင္ပိုေကာင္းတာေပါ့။ဒါေပမဲ့ဒါကလည္းျပႆနာႀကီးမဟုတ္ပါဘူး။အခုလိဂ္ကိုဦးေဆာင္ေနတယ္။ေပ်ာ္တယ္။ဒီလိဂ္ကခ်န္ပီယံျဖစ္ဖို႔ခက္တဲ့လိဂ္ပါ။ဒါေပမဲ့ျဖစ္လာေအာင္လုပ္ဖို႔ရည္မွန္းထားတယ္”လို႔ေျပာၾကားသြားပါတယ္။