ဆော်ဒီပိုင်ရှင်လက်အောက်သို့ ရောက်ခဲ့ပြီးနောက် နယူးကာဆယ်နည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ဘရုစ်ဝန်ခံလာ

နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ကအသင်းကိုဆော်ဒီရင်းနှီးမြှပ်နှံရေးအဖွဲ့ကဝယ်ယူလိုက်ပြီးနောက်နယူးကာဆယ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရနိုင်ကြောင်းဖွင့်ဟလာပါတယ်။

အသက်၆၀နှစ်ရှိမန်ယူဂန္ထဝင်ကစားသမားဟောင်းဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လကတည်းကနယူးကာဆယ်နည်းပြအဖြစ်တာဝန်ယူလာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်မှထုတ်ပယ်ခြင်းခံရမယ့် နည်းပြစာရင်းတွင်ထိပ်ဆုံးမှပါဝင်နေသူလည်းဖြစ်ပါတယ်။

ဆော်ဒီရင်းနှီးမြှပ်နှံရေးအဖွဲ့ Public Investment Fund နှင့် PIF တို့ဟာဟာမနေ့ညတုန်းကနယူးကာဆယ်အားမိုက်အက်ရှ်လေထံမှပေါင်သန်း၃၀၀ဖြင့်အပြီးသတ်ဝယ်ယူခဲ့ပါတယ်။

နယူးကာဆယ်ဘုတ်အဖွဲ့တွင်တာဝန်တစ်ခုထမ်းဆောင်လာမယ့် PIF မှ မော်ဒယ်ဟောင်းအေမန်ဒါစတာဗီလေက၎င်းတို့မှာပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအထိရည်မှန်းထားကြောင်းပြောကြားခဲ့ပြီးစတိဗ်ဘရုစ်ရဲ့အနာဂတ်ကိုအာမခံချက်မပေးခဲ့ပါဘူး။နယူးကာဆယ်ဟာ၁၉၂၇ခုနှစ်ကတည်းကအမှတ်ပေးဖလားမဆွတ်ခူးခဲ့ဖူးပါဘူး။

လက်ရှိအချိန်တွင်နယူးကာဆယ်နည်းပြဖြစ်လာရန်အတွက်အက်ဒီဟိုဝီ၊ဖရန့်လမ်းပတ်၊နည်းပြဟောင်းရာဖေးလ်ဘင်နီတက်ဇ်၊အန်တိုနီယိုကွန်တီတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ဒါပေမယ့်နည်းပြစတိဗ်ဘရုစ်ဟာနယူးကာဆယ်အသင်းနှင့်အတူဆက်လက်လေ့ကျင့်မှုများပြုလုပ်နေပြီးလာမယ့်အပတ်တွင်သူ့ရဲ့နည်းပြဘဝပွဲတစ်ထောင်ပြည့်ပွဲဖြစ်လာမယ့်စပါးစ်နှင့်ပွဲအတွက်ပြင်ဆင်နေပါတယ်။

စတိဗ်ဘရုစ်က “ကျွန်တော်ဆက်ပြီးတော့ကိုင်တွယ်သွားချင်ပါတယ်။ပိုင်ရှင်သစ်တွေကိုကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာပြသချင်ပါတယ်။ဒါပေမယ့်အခြေအနေမှန်ကိုတော့သိရပါမယ်။သူတို့ဟာနည်းပြသစ်နဲ့အတူစီမံကိန်းသစ်ကိုစတင်ချင်ပါလိမ့်မယ်။ပိုင်ရှင်သစ်တွေနည်းပြသစ်ဘဲလိုချင်ကြပါတယ်။ဒါကိုနားလည်လာခဲ့တာကြာပါပြီ။ကျွန်တော့်ဆုံးဖြတ်ချက်အပေါ်မှာမမူတည်ပါဘူး။ဘာပဲဖြစ်လာပါစေလက်ခံသွားပါမယ်။သင့်တော်တဲ့အချိန်ကျရင်တော့ဆွေးနွေးမှုပြုလုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်ပရိသတ်များဟာမိုက်အက်ရှ်လေလက်အောက်မှလွတ်မြောက်ကာပိုင်ရှင်သစ် လက်အောက်တွင် ပန်းတိုင်သစ်သို့လျှောက်လှမ်းလာရတော့မှာဖြစ်လို့အကြီးအကျယ်ပျော်နေကြပါတယ်။

ZawGyi

ေဆာ္ဒီပိုင္ရွင္လက္ေအာက္သို႔ ေရာက္ခဲ့ၿပီးေနာက္ နယူးကာဆယ္နည္းျပရာထူးမွ ထုတ္ပယ္ခံရႏိုင္ေၾကာင္း ဘ႐ုစ္ဝန္ခံလာ

နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ကအသင္းကိုေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ကဝယ္ယူလိုက္ၿပီးေနာက္နယူးကာဆယ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရႏိုင္ေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၆၀ႏွစ္ရွိမန္ယူဂႏၴဝင္ကစားသမားေဟာင္းဟာ၂၀၁၉ခုႏွစ္၊ဇူလိုင္လကတည္းကနယူးကာဆယ္နည္းျပအျဖစ္တာဝန္ယူလာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္မွထုတ္ပယ္ျခင္းခံရမယ့္ နည္းျပစာရင္းတြင္ထိပ္ဆုံးမွပါဝင္ေနသူလည္းျဖစ္ပါတယ္။

ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ Public Investment Fund ႏွင့္ PIF တို႔ဟာဟာမေန႔ညတုန္းကနယူးကာဆယ္အားမိုက္အက္ရွ္ေလထံမွေပါင္သန္း၃၀၀ျဖင့္အၿပီးသတ္ဝယ္ယူခဲ့ပါတယ္။

နယူးကာဆယ္ဘုတ္အဖြဲ႕တြင္တာဝန္တစ္ခုထမ္းေဆာင္လာမယ့္ PIF မွ ေမာ္ဒယ္ေဟာင္းေအမန္ဒါစတာဗီေလက၎တို႔မွာပရီးမီးယားလိဂ္ဖလားဆြတ္ခူးေရးအထိရည္မွန္းထားေၾကာင္းေျပာၾကားခဲ့ၿပီးစတိဗ္ဘ႐ုစ္ရဲ႕အနာဂတ္ကိုအာမခံခ်က္မေပးခဲ့ပါဘူး။နယူးကာဆယ္ဟာ၁၉၂၇ခုႏွစ္ကတည္းကအမွတ္ေပးဖလားမဆြတ္ခူးခဲ့ဖူးပါဘူး။

လက္ရွိအခ်ိန္တြင္နယူးကာဆယ္နည္းျပျဖစ္လာရန္အတြက္အက္ဒီဟိုဝီ၊ဖရန႔္လမ္းပတ္၊နည္းျပေဟာင္းရာေဖးလ္ဘင္နီတက္ဇ္၊အန္တိုနီယိုကြန္တီတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။

ဒါေပမယ့္နည္းျပစတိဗ္ဘ႐ုစ္ဟာနယူးကာဆယ္အသင္းႏွင့္အတူဆက္လက္ေလ့က်င့္မႈမ်ားျပဳလုပ္ေနၿပီးလာမယ့္အပတ္တြင္သူ႔ရဲ႕နည္းျပဘဝပြဲတစ္ေထာင္ျပည့္ပြဲျဖစ္လာမယ့္စပါးစ္ႏွင့္ပြဲအတြက္ျပင္ဆင္ေနပါတယ္။

စတိဗ္ဘ႐ုစ္က “ကြၽန္ေတာ္ဆက္ၿပီးေတာ့ကိုင္တြယ္သြားခ်င္ပါတယ္။ပိုင္ရွင္သစ္ေတြကိုကြၽန္ေတာ္ဘာလုပ္ႏိုင္တယ္ဆိုတာျပသခ်င္ပါတယ္။ဒါေပမယ့္အေျခအေနမွန္ကိုေတာ့သိရပါမယ္။သူတို႔ဟာနည္းျပသစ္နဲ႔အတူစီမံကိန္းသစ္ကိုစတင္ခ်င္ပါလိမ့္မယ္။ပိုင္ရွင္သစ္ေတြနည္းျပသစ္ဘဲလိုခ်င္ၾကပါတယ္။ဒါကိုနားလည္လာခဲ့တာၾကာပါၿပီ။ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္အေပၚမွာမမူတည္ပါဘူး။ဘာပဲျဖစ္လာပါေစလက္ခံသြားပါမယ္။သင့္ေတာ္တဲ့အခ်ိန္က်ရင္ေတာ့ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္ပရိသတ္မ်ားဟာမိုက္အက္ရွ္ေလလက္ေအာက္မွလြတ္ေျမာက္ကာပိုင္ရွင္သစ္ လက္ေအာက္တြင္ ပန္းတိုင္သစ္သို႔ေလွ်ာက္လွမ္းလာရေတာ့မွာျဖစ္လို႔အႀကီးအက်ယ္ေပ်ာ္ေနၾကပါတယ္။