ဆော်ဒီမင်းသား ဝယ်ယူလိုက်ပြီးနောက် စပါးစ်နှင့်ကစားမယ့်ပွဲအတွက် လက်မှတ်အားလုံး ရောင်းချခဲ့ရတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာလာမယ့်စပါးစ်နှင့်ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အတွင်းလက်မှတ်အားလုံးအကုန်ရောင်းချခဲ့ရပါတယ်။နယူးကာဆယ်ပရိသတ်များဟာပုံမှန်အားလုံး စိန့်ဂျိမ်းပါ့ခ်ကွင်းပြည့်နီးပါးလာရောက်အားပေးလေ့ရှိကြပါတယ်။

ဒါပေမယ့်၎င်းတို့ဟာယခင်အသင်းပိုင်ရှင်မိုက်အက်ရှ်လေ၊နည်းပြစတိဗ်ဘရုစ်တို့ကြောင့်စိန့်ဂျိမ်းစ်ပါ့ခ်မှာကွင်းလုံးပြည့်လက်မှတ်ရာနှုန်းပြည့်ရောင်းချခဲ့ရခြင်းမရှိပါဘူး။

သို့ပေမယ့်ဆော်ဒီစီးပွားရေးရင်းနှီးမြှပ်နှံရေးအဖွဲ့ကနယူးကာဆယ်အားပေါင်သန်း၃၀၀ဖြင့်ဝယ်ယူလိုက်မှုနဲ့အတူပရိသတ်များဟာအသင်းပိုင်ရှင်သစ်လက်အောက်မှာပြောင်းလဲလာမယ့်အသင်းအခြေအနေအပေါ်စိတ်လှုပ်ရှားကာကွင်းလုံးပြည့်လာရောက်ကြည့်ကြတော့မှာဖြစ်ပါတယ်။

နယူးကာဆယ်ဟာနောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့လိဒ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲအတွက်လက်မှတ်၅၀၄၀၇ရောင်းချခဲ့ရပြီးဩဂုတ်လတုန်းကဆောက်သမ်တန်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲအတွက်လက်မှတ်၄၄၀၁၇ရောင်းချခဲ့ရပါတယ်။

ဒါပေမယ့်လာမယ့်နယူးကာဆယ်ရဲ့အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့စပါးစ်နှင့်ပွဲစဉ်မှာတော့ပရိသတ်၅၂၀၀၀အပြည့်လာရောက်ကြည့်ရှုကြတော့မှာဖြစ်ပါတယ်။

တစ်ဖက်တွင်လာမယ့်စပါးစ်နှင့်ပွဲစဉ်တွင်နယူးကာဆယ်အသင်းကိုစတိဗ်ဘရုစ်ကကြီးကြပ်/မကြပ်အတိအကျမပြောနိုင်သေးပါဘူး။

နယူးကာဆယ်အသင်းရဲ့ရှယ်ယာ၂၀ရာခိုင်နှုန်းကိုပိုင်ဆိုင်လာတဲ့အေမန်ဒါစတာဗီလေက နယူးကာဆယ်ကိုကလပ်သမိုင်းတွင်ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအစွမ်းကုန်ရင်းနှီးမြှပ်နှံသွားမှာဖြစ်ကြောင်းကတိပြုခဲ့ပေမယ့်နည်းပြစတိဗ်ဘရုစ်ရဲ့အနာဂတ်ကိုတော့အာမခံချက်မပေးခဲ့ပါဘူး။

တစ်ဖက်တွင်စတိဗ်ဘရုစ်ကိုယ်တိုင်ကလည်းသူ့ရဲ့နယူးကာဆယ်နည်းပြအနာဂတ်ရေရာမှုမရှိကြောင်းဝန်ခံထားပါတယ်။

ZawGyi

ေဆာ္ဒီမင္းသား ဝယ္ယူလိုက္ၿပီးေနာက္ စပါးစ္ႏွင့္ကစားမယ့္ပြဲအတြက္ လက္မွတ္အားလုံး ေရာင္းခ်ခဲ့ရတဲ့ နယူးကာဆယ္

နယူးကာဆယ္ဟာလာမယ့္စပါးစ္ႏွင့္ရင္ဆိုင္ရမယ့္ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္အတြင္းလက္မွတ္အားလုံးအကုန္ေရာင္းခ်ခဲ့ရပါတယ္။နယူးကာဆယ္ပရိသတ္မ်ားဟာပုံမွန္အားလုံး စိန႔္ဂ်ိမ္းပါ့ခ္ကြင္းျပည့္နီးပါးလာေရာက္အားေပးေလ့ရွိၾကပါတယ္။

ဒါေပမယ့္၎တို႔ဟာယခင္အသင္းပိုင္ရွင္မိုက္အက္ရွ္ေလ၊နည္းျပစတိဗ္ဘ႐ုစ္တို႔ေၾကာင့္စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာကြင္းလုံးျပည့္လက္မွတ္ရာႏႈန္းျပည့္ေရာင္းခ်ခဲ့ရျခင္းမရွိပါဘူး။

သို႔ေပမယ့္ေဆာ္ဒီစီးပြားေရးရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ကနယူးကာဆယ္အားေပါင္သန္း၃၀၀ျဖင့္ဝယ္ယူလိုက္မႈနဲ႔အတူပရိသတ္မ်ားဟာအသင္းပိုင္ရွင္သစ္လက္ေအာက္မွာေျပာင္းလဲလာမယ့္အသင္းအေျခအေနအေပၚစိတ္လႈပ္ရွားကာကြင္းလုံးျပည့္လာေရာက္ၾကည့္ၾကေတာ့မွာျဖစ္ပါတယ္။

နယူးကာဆယ္ဟာေနာက္ဆုံးအိမ္ကြင္းပြဲစဥ္ျဖစ္တဲ့လိဒ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲအတြက္လက္မွတ္၅၀၄၀၇ေရာင္းခ်ခဲ့ရၿပီးဩဂုတ္လတုန္းကေဆာက္သမ္တန္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲအတြက္လက္မွတ္၄၄၀၁၇ေရာင္းခ်ခဲ့ရပါတယ္။

ဒါေပမယ့္လာမယ့္နယူးကာဆယ္ရဲ႕အိမ္ကြင္းပြဲစဥ္ျဖစ္တဲ့စပါးစ္ႏွင့္ပြဲစဥ္မွာေတာ့ပရိသတ္၅၂၀၀၀အျပည့္လာေရာက္ၾကည့္ရႈၾကေတာ့မွာျဖစ္ပါတယ္။

တစ္ဖက္တြင္လာမယ့္စပါးစ္ႏွင့္ပြဲစဥ္တြင္နယူးကာဆယ္အသင္းကိုစတိဗ္ဘ႐ုစ္ကႀကီးၾကပ္/မၾကပ္အတိအက်မေျပာႏိုင္ေသးပါဘူး။

နယူးကာဆယ္အသင္းရဲ႕ရွယ္ယာ၂၀ရာခိုင္ႏႈန္းကိုပိုင္ဆိုင္လာတဲ့ေအမန္ဒါစတာဗီေလက နယူးကာဆယ္ကိုကလပ္သမိုင္းတြင္ပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးေရးအစြမ္းကုန္ရင္းႏွီးျမႇပ္ႏွံသြားမွာျဖစ္ေၾကာင္းကတိျပဳခဲ့ေပမယ့္နည္းျပစတိဗ္ဘ႐ုစ္ရဲ႕အနာဂတ္ကိုေတာ့အာမခံခ်က္မေပးခဲ့ပါဘူး။

တစ္ဖက္တြင္စတိဗ္ဘ႐ုစ္ကိုယ္တိုင္ကလည္းသူ႔ရဲ႕နယူးကာဆယ္နည္းျပအနာဂတ္ေရရာမႈမရွိေၾကာင္းဝန္ခံထားပါတယ္။