ဆော်ဒီရဲ့တစ်ကမ္ဘာ့လုံးရှော့ရစေတဲ့နိုင်ပွဲအပါအဝင် ကမ္ဘာ့ဖလားပွဲတွေကို ကြေးထပ်ပြီး ပေါင် ၁.၃ သန်းအောင်ပွဲဆင်သွားသူတစ်ဦး ထွက်ပေါ်လာ

Twitch Streamer တစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုကြေးထပ်ပြီးပေါင်၁.၃သန်းအထိအောင်ပွဲဆင်သွားခဲ့ပါတယ်။

သူဟာကမ္ဘာ့ဖလားပွဲလေးပွဲရဲ့ရလဒ်ကိုမှန်ကန်စွာခန့်မှန်းနိုင်ခဲ့တာဖြစ်ပြီးယင်းပွဲထဲမှာဆော်ဒီကအာဂျင်တီးနားကိုအနိုင်ရရှိတဲ့ပွဲလည်းပါဝင်ပါတယ်။

Twitch ရဲ့ထိပ်တန်း Streamer များထဲမှတစ်ဦးအပါအဝင်ဖြစ်တဲ့ Trainwreckstv ဟာ Follower ၂.၁သန်းအထိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားပွဲလေးပွဲကိုပေါင်၂၅၀၀၀လောင်းကြေးထပ်ခဲ့ပါတယ်။ Trainwreckstv ဟာပြင်သစ်ကဩစတြေးလျကိုအနိုင်ရမယ်၊ဒိန်းမတ်နှင့်တူနီးရှားသရေကျမယ်၊မက္ကဆီကိုနှင့်ပိုလန်သရေကျမယ်၊ဆော်ဒီကအာဂျင်တီးနားကိုအနိုင်ရမယ်ဆိုပြီးခန့်မှန်းခဲ့တာပါ။

သူ့ရဲ့ပထမခန့်မှန်းမှုသုံးခုကရိုးရှင်းပေမဲ့လည်းဆော်ဒီကမက်ဆီရဲ့အာဂျင်တီးနားကိုအနိုင်ရမယ်လို့ခန့်မှန်းသွားမှုကတော့တကယ့်ကိုရှော့လောင်းကြေးထပ်မှုဖြစ်ပါတယ်။

ဒါပေမဲ့လည်း Trainwreckstv ရဲ့ခန့်မှန်းမှုမှန်ကန်ခဲ့ပြီးဆော်ဒီကအာဂျင်တီးနားကို၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။

သူဟာယင်းပွဲလေးပွဲရလဒ်ကို ပေါင်၂၅၀၀၀လောင်းကြေးထပ်ခဲ့တာဖြစ်ပြီးပေါင်၁.၃သန်းအထိအနိုင်ရခဲ့ပါတယ်။

ZawGyi

ေဆာ္ဒီရဲ႕တစ္ကမာၻ႔လုံးေရွာ့ရေစတဲ့ႏိုင္ပြဲအပါအဝင္ ကမာၻ႔ဖလားပြဲေတြကို ေၾကးထပ္ၿပီး ေပါင္ ၁.၃ သန္းေအာင္ပြဲဆင္သြားသူတစ္ဦး ထြက္ေပၚလာ

Twitch Streamer တစ္ဦးဟာကမာၻ႔ဖလားၿပိဳင္ပြဲေတြကိုေၾကးထပ္ၿပီးေပါင္၁.၃သန္းအထိေအာင္ပြဲဆင္သြားခဲ့ပါတယ္။

သူဟာကမာၻ႔ဖလားပြဲေလးပြဲရဲ႕ရလဒ္ကိုမွန္ကန္စြာခန႔္မွန္းႏိုင္ခဲ့တာျဖစ္ၿပီးယင္းပြဲထဲမွာေဆာ္ဒီကအာဂ်င္တီးနားကိုအႏိုင္ရရွိတဲ့ပြဲလည္းပါဝင္ပါတယ္။

Twitch ရဲ႕ထိပ္တန္း Streamer မ်ားထဲမွတစ္ဦးအပါအဝင္ျဖစ္တဲ့ Trainwreckstv ဟာ Follower ၂.၁သန္းအထိပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားပြဲေလးပြဲကိုေပါင္၂၅၀၀၀ေလာင္းေၾကးထပ္ခဲ့ပါတယ္။ Trainwreckstv ဟာျပင္သစ္ကဩစေၾတးလ်ကိုအႏိုင္ရမယ္၊ဒိန္းမတ္ႏွင့္တူနီးရွားသေရက်မယ္၊မကၠဆီကိုႏွင့္ပိုလန္သေရက်မယ္၊ေဆာ္ဒီကအာဂ်င္တီးနားကိုအႏိုင္ရမယ္ဆိုၿပီးခန႔္မွန္းခဲ့တာပါ။

သူ႔ရဲ႕ပထမခန႔္မွန္းမႈသုံးခုက႐ိုးရွင္းေပမဲ့လည္းေဆာ္ဒီကမက္ဆီရဲ႕အာဂ်င္တီးနားကိုအႏိုင္ရမယ္လို႔ခန႔္မွန္းသြားမႈကေတာ့တကယ့္ကိုေရွာ့ေလာင္းေၾကးထပ္မႈျဖစ္ပါတယ္။

ဒါေပမဲ့လည္း Trainwreckstv ရဲ႕ခန႔္မွန္းမႈမွန္ကန္ခဲ့ၿပီးေဆာ္ဒီကအာဂ်င္တီးနားကို၂-၁ျဖင့္အႏိုင္ရခဲ့ပါတယ္။

သူဟာယင္းပြဲေလးပြဲရလဒ္ကို ေပါင္၂၅၀၀၀ေလာင္းေၾကးထပ္ခဲ့တာျဖစ္ၿပီးေပါင္၁.၃သန္းအထိအႏိုင္ရခဲ့ပါတယ္။