ဆော်ဒီရဲ့နယူးကာဆယ်အား ပေါင်သန်း ၃၀၀ ဖြင့်ဝယ်ယူရေးကို ခွင့်ပြုလိုက်ပြီ

ဆော်ဒီရဲ့နယူးကာဆယ်အသင်းအားပေါင်သန်း၃၀၀ဖြင့်ဝယ်ယူရေးကြိုးပမ်းမှုကိုပရီးမီးယားလိဂ်ကခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ဆော်ဒီရဲ့နယူးကာဆယ်အားဝယ်ယူရေးမှာယခုရက်ပိုင်းအတွင်းတွင်ပင်အပြီးသတ်လုပ်ဆောင်သွားနိုင်ဖို့ရှိနေပါတယ်။

ဆော်ဒီအစိုးရကကာတာရုပ်သံဌာန belIN Sports ကို နိုင်ငံတွင်းပိတ်ပင်ထားမှုအားဖယ်ရှားလိုက်မှုနဲ့အတူ ဆော်ဒီရဲ့နယူးကာဆယ်အားဝယ်ယူရေးအပြီးသတ်ဖို့ဖြစ်လာတာဖြစ်ပါတယ်။

ဆော်ဒီဟာအရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကတို့အတွက်ပရီးမီးယားလိဂ်ပွဲများထုတ်လွှင့်ခွင့်ရရှိထားတဲ့ belIN Sports ကိုဆော်ဒီနိုင်ငံအတွင်းတွင်ပြသခွင့်လေးနှစ်ကြာပိတ်ပင်ထားမှုနဲ့အတူ ၎င်းတို့ရဲ့နယူးကာဆယ်အားဝယ်ယူရေးမှာအတားအဆီးဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းဆော်ဒီရဲ့နယူးကာဆယ်အားဝယ်ယူရေးအတွက်၂၀၁၉ခုနှစ်ကတည်းကကြိုးပမ်းလာမှုမှာပရီးမီးယားလိဂ်ရဲ့တားဆီးမှုများနှင့်ကြုံတွေ့လာခဲ့ရပါတယ်။

ယခုအခါ Saudi Public Investment Fund ဟာ နယူးကာဆယ်အားဝယ်ယူရေးအတွက်ပရီးမီးယားလိဂ်ရဲ့မီးစိမ်းပြမှုရရှိလာခဲ့ပါတယ်။

တစ်ဖက်တွင်ပရီးမီးယားလိဂ်ဟာနယူးကာဆယ်ကို ထိန်းချုပ်လွှမ်းမိုးရေးအား ဆော်ဒီအစိုးရကလုပ်ဆောင်ခြင်းမရှိဘဲSaudi Investment Fund ကဦးဆောင်လုပ်ဆောင်မှာဖြစ်လို့ယင်းသို့ ခွင့်ပြုချက်ပေးလာတာလည်းဖြစ်ပါတယ်။

နယူးကာဆယ်ကို Saudi Investment Fund ကဝယ်ယူရေးအောင်မြင်လာတော့မှာဖြစ်တာနဲ့အညီနည်းပြစတိဗ်ဘရုစ်ရဲ့အနာဂတ်မှာလည်းမရေမရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ZawGyi

ေဆာ္ဒီရဲ႕နယူးကာဆယ္အား ေပါင္သန္း ၃၀၀ ျဖင့္ဝယ္ယူေရးကို ခြင့္ျပဳလိုက္ၿပီ

ေဆာ္ဒီရဲ႕နယူးကာဆယ္အသင္းအားေပါင္သန္း၃၀၀ျဖင့္ဝယ္ယူေရးႀကိဳးပမ္းမႈကိုပရီးမီးယားလိဂ္ကခြင့္ျပဳခ်က္ေပးလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေဆာ္ဒီရဲ႕နယူးကာဆယ္အားဝယ္ယူေရးမွာယခုရက္ပိုင္းအတြင္းတြင္ပင္အၿပီးသတ္လုပ္ေဆာင္သြားႏိုင္ဖို႔ရွိေနပါတယ္။

ေဆာ္ဒီအစိုးရကကာတာ႐ုပ္သံဌာန belIN Sports ကို ႏိုင္ငံတြင္းပိတ္ပင္ထားမႈအားဖယ္ရွားလိုက္မႈနဲ႔အတူ ေဆာ္ဒီရဲ႕နယူးကာဆယ္အားဝယ္ယူေရးအၿပီးသတ္ဖို႔ျဖစ္လာတာျဖစ္ပါတယ္။

ေဆာ္ဒီဟာအေရွ႕အလယ္ပိုင္းႏွင့္ေျမာက္အာဖရိကတို႔အတြက္ပရီးမီးယားလိဂ္ပြဲမ်ားထုတ္လႊင့္ခြင့္ရရွိထားတဲ့ belIN Sports ကိုေဆာ္ဒီႏိုင္ငံအတြင္းတြင္ျပသခြင့္ေလးႏွစ္ၾကာပိတ္ပင္ထားမႈနဲ႔အတူ ၎တို႔ရဲ႕နယူးကာဆယ္အားဝယ္ယူေရးမွာအတားအဆီးျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းေဆာ္ဒီရဲ႕နယူးကာဆယ္အားဝယ္ယူေရးအတြက္၂၀၁၉ခုႏွစ္ကတည္းကႀကိဳးပမ္းလာမႈမွာပရီးမီးယားလိဂ္ရဲ႕တားဆီးမႈမ်ားႏွင့္ႀကဳံေတြ႕လာခဲ့ရပါတယ္။

ယခုအခါ Saudi Public Investment Fund ဟာ နယူးကာဆယ္အားဝယ္ယူေရးအတြက္ပရီးမီးယားလိဂ္ရဲ႕မီးစိမ္းျပမႈရရွိလာခဲ့ပါတယ္။

တစ္ဖက္တြင္ပရီးမီးယားလိဂ္ဟာနယူးကာဆယ္ကို ထိန္းခ်ဳပ္လႊမ္းမိုးေရးအား ေဆာ္ဒီအစိုးရကလုပ္ေဆာင္ျခင္းမရွိဘဲSaudi Investment Fund ကဦးေဆာင္လုပ္ေဆာင္မွာျဖစ္လို႔ယင္းသို႔ ခြင့္ျပဳခ်က္ေပးလာတာလည္းျဖစ္ပါတယ္။

နယူးကာဆယ္ကို Saudi Investment Fund ကဝယ္ယူေရးေအာင္ျမင္လာေတာ့မွာျဖစ္တာနဲ႔အညီနည္းျပစတိဗ္ဘ႐ုစ္ရဲ႕အနာဂတ္မွာလည္းမေရမရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။