ဆော်ဒီသမိုင်းတွင် အကြီးကျယ်ဆုံး အစုလိုက်အပြုံလိုက် ကွပ်မျက်ခံရမှုအဖြစ် ၈၁ ဦးအထိ ကွပ်မျက်ခံရမှုအပေါ် နယူးကာဆယ်နည်းပြတုံ့ပြန်လာ

အက်ဒီဟိုဝီဟာဆော်ဒီအာရဗျတွင်တစ်နေ့တွင်အစုလိုက်အပြုံလိုက်ကွပ်မျက်ခံမှုနဲ့ပတ်သက်ပြီးသတိထားမှုကြောင်းပြောကြားလာပါတယ်။

နယူးကာဆယ်ဟာတနင်္ဂနွေနေ့တုန်းကချဲလ်ဆီးကိုအဝေးကွင်းသို့သွားရောက်ကစားခဲ့ရပါတယ်။ယင်းနေ့တွင်ပင်ဆော်ဒီတွင်သမိုင်းတစ်လျှောက်တစ်နေ့တည်းအစုလိုက်အပြုံလိုက်ကွပ်မျက်ခံရမှုအဖြစ်လူ၈၁ဦးအထိကွပ်မျက်ခံခဲ့ရပါတယ်။

နယူးကာဆယ်ကို The Saudi Arabian Public Investment Fund ကပေါင်သန်း၃၀၀ဖြင့်ဝယ်ယူပြီးနောက် ဆော်ဒီတွင်အကြီးအကျယ်ကွပ်မျက်မှုဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။ The Saudi Arabian Public Investment Fund ကိုဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်မန်ကဥက္ကဌအဖြစ်ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဟိုဝီဟာဗြိတိန်နှင့်မိုင်၄၀၀၀အကွာအဝေးတွင်ဖြစ်ပျက်နေတဲ့ အရာကိုစိတ်ဝင်စားခြင်းမရှိဘဲတန်းမဆင်းရရေးအတွက်သာအပြည့်အဝအာရုံစိုက်နေကြောင်းဆိုလာပါတယ်။

ဟိုဝီက”ဘောလုံးကလပ်ကိုစီမံခန့်ခွဲဖို့ရောက်လာတာပါ။ဘောလုံးအသင်းကိုနည်းပြဖို့ရောက်လာတာပါ။တကမ္ဘာလုံးမှာဖြစ်ပျက်နေတာကိုကောင်းကောင်းသိပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အသင်းရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာဖို့ဘောလုံးပွဲအနိုင်ရဖို့နဲ့လိဂ်မှာဆက်ရပ်တည်ဖို့အမှတ်ရဖို့ပဲအာရုံစိုက်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘဲပြောပါမယ်”လို့ပြောကြားသွားပါတယ်။

ဆော်ဒီအာဏာပိုင်တို့ဟာမည်သည့်အတွက်ကြောင့်လူပေါင်း၈၁ဦးတို့ကိုကွပ်မျက်ခဲ့သလဲဆိုတာမသိရသေးပါဘူး။

အဆိုပါကွပ်မျက်မှုမှာ၁၉၈၀ခုနှစ်၊ဇန်နဝါရီလတုန်းက စစ်သား၆၃ဦးတို့ကို Grand Mosque အားသိမ်းပိုက်မှုအတွက်ကွပ်မျက်ခဲ့ပြီးနောက်အများဆုံးကွပ်မျက်မှုဖြစ်ပါတယ်။

ZawGyi

ေဆာ္ဒီသမိုင္းတြင္ အႀကီးက်ယ္ဆုံး အစုလိုက္အၿပဳံလိုက္ ကြပ္မ်က္ခံရမႈအျဖစ္ ၈၁ ဦးအထိ ကြပ္မ်က္ခံရမႈအေပၚ နယူးကာဆယ္နည္းျပတုံ႔ျပန္လာ

အက္ဒီဟိုဝီဟာေဆာ္ဒီအာရဗ်တြင္တစ္ေန႔တြင္အစုလိုက္အၿပဳံလိုက္ကြပ္မ်က္ခံမႈနဲ႔ပတ္သက္ၿပီးသတိထားမႈေၾကာင္းေျပာၾကားလာပါတယ္။

နယူးကာဆယ္ဟာတနဂၤေႏြေန႔တုန္းကခ်ဲလ္ဆီးကိုအေဝးကြင္းသို႔သြားေရာက္ကစားခဲ့ရပါတယ္။ယင္းေန႔တြင္ပင္ေဆာ္ဒီတြင္သမိုင္းတစ္ေလွ်ာက္တစ္ေန႔တည္းအစုလိုက္အၿပဳံလိုက္ကြပ္မ်က္ခံရမႈအျဖစ္လူ၈၁ဦးအထိကြပ္မ်က္ခံခဲ့ရပါတယ္။

နယူးကာဆယ္ကို The Saudi Arabian Public Investment Fund ကေပါင္သန္း၃၀၀ျဖင့္ဝယ္ယူၿပီးေနာက္ ေဆာ္ဒီတြင္အႀကီးအက်ယ္ကြပ္မ်က္မႈျဖစ္ေပၚလာျခင္းလည္းျဖစ္ပါတယ္။ The Saudi Arabian Public Investment Fund ကိုေဆာ္ဒီမင္းသားမိုဟာမက္ဘင္ဆယ္မန္ကဥကၠဌအျဖစ္ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဟိုဝီဟာၿဗိတိန္ႏွင့္မိုင္၄၀၀၀အကြာအေဝးတြင္ျဖစ္ပ်က္ေနတဲ့ အရာကိုစိတ္ဝင္စားျခင္းမရွိဘဲတန္းမဆင္းရေရးအတြက္သာအျပည့္အဝအာ႐ုံစိုက္ေနေၾကာင္းဆိုလာပါတယ္။

ဟိုဝီက”ေဘာလုံးကလပ္ကိုစီမံခန႔္ခြဲဖို႔ေရာက္လာတာပါ။ေဘာလုံးအသင္းကိုနည္းျပဖို႔ေရာက္လာတာပါ။တကမာၻလုံးမွာျဖစ္ပ်က္ေနတာကိုေကာင္းေကာင္းသိပါတယ္။ဒါေပမဲ့ကြၽန္ေတာ္ကေတာ့အသင္းရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာဖို႔ေဘာလုံးပြဲအႏိုင္ရဖို႔နဲ႔လိဂ္မွာဆက္ရပ္တည္ဖို႔အမွတ္ရဖို႔ပဲအာ႐ုံစိုက္ပါတယ္။ဒါနဲ႔ပတ္သက္ၿပီးေတာ့ဘဲေျပာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ေဆာ္ဒီအာဏာပိုင္တို႔ဟာမည္သည့္အတြက္ေၾကာင့္လူေပါင္း၈၁ဦးတို႔ကိုကြပ္မ်က္ခဲ့သလဲဆိုတာမသိရေသးပါဘူး။

အဆိုပါကြပ္မ်က္မႈမွာ၁၉၈၀ခုႏွစ္၊ဇန္နဝါရီလတုန္းက စစ္သား၆၃ဦးတို႔ကို Grand Mosque အားသိမ္းပိုက္မႈအတြက္ကြပ္မ်က္ခဲ့ၿပီးေနာက္အမ်ားဆုံးကြပ္မ်က္မႈျဖစ္ပါတယ္။