ဆော်ဒီ ခရီးသွားလုပ်ငန်း တိုးတက်ရေး လုပ်ဆောင်ရန် ပေါင် ၅.၃ သန်းဖြင့် ကမ်းလှမ်းမှုကို ရော်နယ်ဒို ဘာကြောင့် ပယ်ချခဲ့သလဲ?

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီရဲ့နိုင်ငံခြားသားခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် လုပ်ဆောင်လုပ် တစ်နှစ်ပေါင်၅.၃သန်းဖြင့်မြင့်မားတဲ့ကမ်းလှမ်းမှုရရှိခဲ့ပေမယ့်ပယ်ချခဲ့ကြောင်းသိရပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံဟာခရစ္စတီယာနိုရော်နယ်ဒိုကပယ်ချခြင်းခံခဲ့ရပေမယ့်နောက်ထပ်ကမ္ဘာ့ထိပ်တန်းကစား သမားတစ်ဦးဖြစ်တဲ့လီယွန်နယ်မက်ဆီကိုချဉ်းကပ်ဖို့စီစဉ်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီသို့သွားရောက်လည်ပတ်မှုများအပါအဝင်ဆော်ဒီခရီးသွားလုပ်ငန်းအတွက် ပရိုမိုးရှင်းများတွင်ရုပ်ပုံလွှာအသုံးပြုခအတွက်ပေါင်၅.၃သန်းဖြင့်ကမ်းလှမ်းခံခဲ့ရတာပါ။

ယင်းသို့မက်လောက်စရာမြင့်မားတဲ့ငွေပမာဏမျိုးဖြင့်ကမ်းလှမ်းခံခဲ့ရပေမယ့်အသက်၃၅နှစ်ရှိရော်နယ်ဒိုဟာပယ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်ကမ်းလှမ်းမှုကိုလက်ခံပါကသူ့ကိုပါ ထိခိုက်လာနိုင်တဲ့အခြေအနေကြောင့်ပယ်ချလိုက်တာပါ။

ဆော်ဒီဟာလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များရဲ့အကြီးအကျယ်ဝေဖန်မှုများနှင့်ကြုံနေရပါတယ်။ဒါပေမယ့်ဆော်ဒီဟာသူတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုထိပ်တန်းအားကစား ပြိုင်ပွဲများကျင်းပကာကာကွယ်ဖို့လုပ်ဆောင်နေပါတယ်။

၎င်းတို့ဟာလာမယ့်နှစ်မှာဖော်မြူလာဝမ်းပြိုင်ပွဲကျင်းပဖို့စီစဉ်ထားသလိုအန်တိုနီဂျိုရှာနှင့်အင်ဒီရုဇ်ဂျူနီယာတို့ရဲ့လက်ဝှေ့ပွဲကိုလည်းကျင်းပဖို့စီစဉ်ထားပါတယ်။ဆော်ဒီဟာနွေရာသီတုန်းကလည်းကပရီးမီးယားလိဂ်ကလပ်နယူးကာ ဆယ်ကိုဝယ်ယူရန်ကြိုးပမ်းခဲ့ပြီးလိဂ်အဖွဲ့ချုပ်ရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည်သူများကဆော်ဒီဟာနာမည်ကျော်အားကစားသမားများ၊အားကစားပြိုင်ပွဲများကိုအသုံးချကာလူ့အခွင့်အရေးချိုးဖောက်မှုများကိုဖာထေးနိုင်ရေးကြိုးပမ်းနေတယ်လို့ယုံကြည်နေကြပါတယ်။

ယင်းသို့သောအခြေအနေများကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီထံမှမက်လောက်စရာကမ်းလှမ်းမှုရခဲ့ပေ မယ့်လည်းလက်ခံလိုက်ပါကလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များရဲ့ပစ်မှတ်ထားဝေဖန်မှုခံရကာသူ့ပုံရိပ်ကျဆင်းလာနိုင်တဲ့အခြေအနေများကြောင့်လက်မခံခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ေဆာ္ဒီ ခရီးသြားလုပ္ငန္း တိုးတက္ေရး လုပ္ေဆာင္ရန္ ေပါင္ ၅.၃ သန္းျဖင့္ ကမ္းလွမ္းမႈကို ေရာ္နယ္ဒို ဘာေၾကာင့္ ပယ္ခ်ခဲ့သလဲ?

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ေဆာ္ဒီရဲ႕ႏိုင္ငံျခားသားခရီးသြားလုပ္ငန္းတိုးတက္ေရးအတြက္ လုပ္ေဆာင္လုပ္ တစ္ႏွစ္ေပါင္၅.၃သန္းျဖင့္ျမင့္မားတဲ့ကမ္းလွမ္းမႈရရွိခဲ့ေပမယ့္ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

အေရွ႕အလယ္ပိုင္းႏိုင္ငံဟာခရစၥတီယာႏိုေရာ္နယ္ဒိုကပယ္ခ်ျခင္းခံခဲ့ရေပမယ့္ေနာက္ထပ္ကမာၻ႔ထိပ္တန္းကစား သမားတစ္ဦးျဖစ္တဲ့လီယြန္နယ္မက္ဆီကိုခ်ဥ္းကပ္ဖို႔စီစဥ္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီသို႔သြားေရာက္လည္ပတ္မႈမ်ားအပါအဝင္ေဆာ္ဒီခရီးသြားလုပ္ငန္းအတြက္ ပ႐ိုမိုးရွင္းမ်ားတြင္႐ုပ္ပုံလႊာအသုံးျပဳခအတြက္ေပါင္၅.၃သန္းျဖင့္ကမ္းလွမ္းခံခဲ့ရတာပါ။

ယင္းသို႔မက္ေလာက္စရာျမင့္မားတဲ့ေငြပမာဏမ်ိဳးျဖင့္ကမ္းလွမ္းခံခဲ့ရေပမယ့္အသက္၃၅ႏွစ္ရွိေရာ္နယ္ဒိုဟာပယ္ခ်ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေၾကာင့္ကမ္းလွမ္းမႈကိုလက္ခံပါကသူ႔ကိုပါ ထိခိုက္လာႏိုင္တဲ့အေျခအေနေၾကာင့္ပယ္ခ်လိုက္တာပါ။

ေဆာ္ဒီဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေၾကာင့္လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕မ်ားရဲ႕အႀကီးအက်ယ္ေဝဖန္မႈမ်ားႏွင့္ႀကဳံေနရပါတယ္။ဒါေပမယ့္ေဆာ္ဒီဟာသူတို႔ရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုထိပ္တန္းအားကစား ၿပိဳင္ပြဲမ်ားက်င္းပကာကာကြယ္ဖို႔လုပ္ေဆာင္ေနပါတယ္။

၎တို႔ဟာလာမယ့္ႏွစ္မွာေဖာ္ျမဴလာဝမ္းၿပိဳင္ပြဲက်င္းပဖို႔စီစဥ္ထားသလိုအန္တိုနီဂ်ိဳရွာႏွင့္အင္ဒီ႐ုဇ္ဂ်ဴနီယာတို႔ရဲ႕လက္ေဝွ႔ပြဲကိုလည္းက်င္းပဖို႔စီစဥ္ထားပါတယ္။ေဆာ္ဒီဟာေႏြရာသီတုန္းကလည္းကပရီးမီးယားလိဂ္ကလပ္နယူးကာ ဆယ္ကိုဝယ္ယူရန္ႀကိဳးပမ္းခဲ့ၿပီးလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

လူ႔အခြင့္အေရးေစာင့္ၾကည္သူမ်ားကေဆာ္ဒီဟာနာမည္ေက်ာ္အားကစားသမားမ်ား၊အားကစားၿပိဳင္ပြဲမ်ားကိုအသုံးခ်ကာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုဖာေထးႏိုင္ေရးႀကိဳးပမ္းေနတယ္လို႔ယုံၾကည္ေနၾကပါတယ္။

ယင္းသို႔ေသာအေျခအေနမ်ားေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီထံမွမက္ေလာက္စရာကမ္းလွမ္းမႈရခဲ့ေပ မယ့္လည္းလက္ခံလိုက္ပါကလူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕မ်ားရဲ႕ပစ္မွတ္ထားေဝဖန္မႈခံရကာသူ႔ပုံရိပ္က်ဆင္းလာႏိုင္တဲ့အေျခအေနမ်ားေၾကာင့္လက္မခံခဲ့တာလည္းျဖစ္ပါတယ္။