ဆေးစစ်မှုခံယူပြီးနောက် ချဲလ်ဆီးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်နှင့် ပူးပေါင်းရန် ကူလီဘာလီထွက်ခွာ

ခါလီဒူကူလီဘာလီဟာချဲလ်ဆီးသို့ပြောင်းရွှေ့ရေးအပြီးသတ်ရန်ဆေးစစ်ဆေးမှုခံယူပြီးနောက် အမေရိကန်ရှိချဲလ်ဆီးကစားဖော်သစ်များနှင့်ပူးပေါင်းရန် ဟီးသရိုးလေဆိပ်မှလေဆိပ်စီးနင်းကထွက်ခွာသွားခဲ့ပါတယ်။

နာပိုလီစတားဟာယခုအပတ်အစောပိုင်းတုန်းက ချဲလ်ဆီးနှင့်နာပိုလီအကြားပေါင်၃၄သန်းဖြင့်သဘောတူညီမှုရရှိပြီးနောက်ဆေးစစ်ဆေးမှုခံယူရန်လန်ဒန်သို့ရောက်ရှိနေခဲ့ပါတယ်။

သူဟာဆေးစစ်ဆေးမှုခံယူပြီးနောက်ချဲလ်ဆီးနှင့်တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀တန်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ယင်းစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဆီနီဂေါစတားဟာအယ်အေတွင်ချဲလ်ဆီးအသင်းနှင့်ပူးပေါင်းမှာဖြစ်ပြီးကစားသမားမိတ်ဆက်မှုကိုလည်းတပါတည်းပြုလုပ်သွားဖို့ရှိနေပါတယ်။

ကူလီဘာလီဟာ၂၀၁၄ခုနှစ်တွင်ဂျန့်မှနာပိုလီသို့ရောက်လာပြီးနောက်ဥရောပအကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ်ရပ်တည်လာသူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာယခုနွေရာသီတွင်ကူလီဘာလီမတိုင်မီရာဟမ်းစတာလင်းကိုလည်းပေါင်သန်း၅၀ဖြင့်ခေါ်ယူထားပြီးဖြစ်ပါတယ်။

ZawGyi

ေဆးစစ္မႈခံယူၿပီးေနာက္ ခ်ဲလ္ဆီးရဲ႕အေမရိကန္ရာသီႀကိဳခရီးစဥ္ႏွင့္ ပူးေပါင္းရန္ ကူလီဘာလီထြက္ခြာ

ခါလီဒူကူလီဘာလီဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ရန္ေဆးစစ္ေဆးမႈခံယူၿပီးေနာက္ အေမရိကန္ရွိခ်ဲလ္ဆီးကစားေဖာ္သစ္မ်ားႏွင့္ပူးေပါင္းရန္ ဟီးသ႐ိုးေလဆိပ္မွေလဆိပ္စီးနင္းကထြက္ခြာသြားခဲ့ပါတယ္။

နာပိုလီစတားဟာယခုအပတ္အေစာပိုင္းတုန္းက ခ်ဲလ္ဆီးႏွင့္နာပိုလီအၾကားေပါင္၃၄သန္းျဖင့္သေဘာတူညီမႈရရွိၿပီးေနာက္ေဆးစစ္ေဆးမႈခံယူရန္လန္ဒန္သို႔ေရာက္ရွိေနခဲ့ပါတယ္။

သူဟာေဆးစစ္ေဆးမႈခံယူၿပီးေနာက္ခ်ဲလ္ဆီးႏွင့္တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀တန္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ယင္းစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဆီနီေဂါစတားဟာအယ္ေအတြင္ခ်ဲလ္ဆီးအသင္းႏွင့္ပူးေပါင္းမွာျဖစ္ၿပီးကစားသမားမိတ္ဆက္မႈကိုလည္းတပါတည္းျပဳလုပ္သြားဖို႔ရွိေနပါတယ္။

ကူလီဘာလီဟာ၂၀၁၄ခုႏွစ္တြင္ဂ်န႔္မွနာပိုလီသို႔ေရာက္လာၿပီးေနာက္ဥေရာပအေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္လာသူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာယခုေႏြရာသီတြင္ကူလီဘာလီမတိုင္မီရာဟမ္းစတာလင္းကိုလည္းေပါင္သန္း၅၀ျဖင့္ေခၚယူထားၿပီးျဖစ္ပါတယ္။