ဆေးစစ်မှုခံယူပြီးနောက် ချဲလ်ဆီးနှင့်ပူးပေါင်းရန် LA သို့ စတာလင်းထွက်ခွာ

ရာဟမ်းစတာလင်းဟာချဲလ်ဆီးကစားသမားသစ်အဖြစ်မိတ်မဆက်မီ ချဲလ်ဆီးကစားဖော်သစ်များနှင့်ရာသီကြိုခရီးစဉ်ပူးပေါင်းရန်အမေရိကန်သို့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးစတားဟာချဲလ်ဆီးသို့ပြောင်းရေးအတွက်ဆေးစစ်ဆေးမှုအားလုံးပြုလုပ်ထားပြီးဖြစ်ကာ၂၄နာရီအတွင်းကစားသမားသစ်အဖြစ်ကြေညာလာဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာစတာလင်းအပြင်နာပိုလီဗဟိုနောက်ခံလူခါလီဒူကူလီဘာလီကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပြီးအပြီးသတ်လုနီးပါးဖြစ်နေပါတယ်။

အသက်၂၇နှစ်ရှိအင်္ဂလန်စတားဟာချဲလ်ဆီးနှင့်တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀တန်ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုထည့်သွင်းသွားပါမယ်။

ရာဟမ်းစတာလင်းဟာလာမယ့်အပတ်ဗုဒ္ဓဟူးနေ့တွင်ချာလော့တီနှင့်ကစားမယ့်ခြေစမ်းပွဲ(သို့မဟုတ်)စနေနေ့တွင်အော်လန်ဒိုတွင်အာဆင်နယ်နှင့်ကစားမယ့်ခြေစမ်းပွဲတွင်ချဲလ်ဆီးအတွက်စတင်ပါဝင်ကစားလာဖို့ရှိနေပါတယ်။

ZawGyi

ေဆးစစ္မႈခံယူၿပီးေနာက္ ခ်ဲလ္ဆီးႏွင့္ပူးေပါင္းရန္ LA သို႔ စတာလင္းထြက္ခြာ

ရာဟမ္းစတာလင္းဟာခ်ဲလ္ဆီးကစားသမားသစ္အျဖစ္မိတ္မဆက္မီ ခ်ဲလ္ဆီးကစားေဖာ္သစ္မ်ားႏွင့္ရာသီႀကိဳခရီးစဥ္ပူးေပါင္းရန္အေမရိကန္သို႔ထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။

မန္စီးတီးစတားဟာခ်ဲလ္ဆီးသို႔ေျပာင္းေရးအတြက္ေဆးစစ္ေဆးမႈအားလုံးျပဳလုပ္ထားၿပီးျဖစ္ကာ၂၄နာရီအတြင္းကစားသမားသစ္အျဖစ္ေၾကညာလာဖို႔ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာစတာလင္းအျပင္နာပိုလီဗဟိုေနာက္ခံလူခါလီဒူကူလီဘာလီကိုလည္းေခၚယူရန္ႀကိဳးပမ္းေနၿပီးအၿပီးသတ္လုနီးပါးျဖစ္ေနပါတယ္။

အသက္၂၇ႏွစ္ရွိအဂၤလန္စတားဟာခ်ဲလ္ဆီးႏွင့္တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀တန္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုထည့္သြင္းသြားပါမယ္။

ရာဟမ္းစတာလင္းဟာလာမယ့္အပတ္ဗုဒၶဟူးေန႔တြင္ခ်ာေလာ့တီႏွင့္ကစားမယ့္ေျခစမ္းပြဲ(သို႔မဟုတ္)စေနေန႔တြင္ေအာ္လန္ဒိုတြင္အာဆင္နယ္ႏွင့္ကစားမယ့္ေျခစမ္းပြဲတြင္ခ်ဲလ္ဆီးအတြက္စတင္ပါဝင္ကစားလာဖို႔ရွိေနပါတယ္။