ဆဲလ်တစ်နည်းပြဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဘင်နီတက်ဇ်

ရာဖေးလ်ဘင်နီတက်ဇ်ဟာဆဲလ်တစ်နည်းပြသစ်ဖြစ်လာရန်ထိပ်ဆုံးမှရေပန်းအစားဆုံးဖြစ်နေကြောင်းသိရပါတယ်။ဆဲလ်တစ်နည်းပြနေးလ်လင်နွန်ဟာထိပ်ဆုံးမှမဟာပြိုင်ဘက်ရိန်းဂျားနှင့်ရမှတ်၂၃မှတ်အထိကြီးမားစွာကွာဟနေမှုနဲ့အတူရာထူးမှထုတ်ပယ်ခံရမယ့်အနေအထားမှာရှိနေပါတယ်။

အသက်၆၀နှစ်ရှိလီဗာပူးနှင့်ချဲလ်ဆီးနည်းပြဟောင်းဟာမကြာသေးမီတုန်းကမိသားစုအကြောင်းပြချက်များဖြင့် တစ်နှစ်ပေါင်၁၂သန်းရရှိနေတဲ့ဒါလီယန်ပရော်ဖက်ရှင်နယ်အသင်းမှနုတ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဘင်နီတက်ဇ်နှင့်သူ့မိသားစုဟာအင်္ဂလန်အရှေ့မြောက်ပိုင်းသို့ရောက်နေတာနှစ်လတိုင်တိုင်ရှိပြီဖြစ်ပြီးတရုတ်မပြန် တော့ဘဲရာထူးမှနုတ်ထွက်တော့မယ်လို့အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်ဇူလိုင်လတုန်းကနယူးကာဆယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်တရုတ်သို့ထွက်ခွာခဲ့သူ ဖြစ်ပြီးနယူးကာဆယ်နှင့်ချဲလ်ဆီးနည်းပြရာထူးတို့အတွက်ရေပန်းစားနေသူလည်းဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာဆဲလ်တစ်အသင်းကိုလက်ခံလိုက်ပါကတပည့်ဟောင်းစတီဗင်ဂျရတ်နှင့်ရင်ဆိုင်ရပါမယ်။ဂျရတ်ဟာရိန်းဂျားအသင်းအားတစ်ခေတ်ပြန်လည်ထူထောင်နိုင်အောင်ဦးဆောင်ပေးလျက်ရှိနေပါတယ်။

ZawGyi

ဆဲလ္တစ္နည္းျပျဖစ္လာဖို႔ ေရပန္းစားေနတဲ့ ဘင္နီတက္ဇ္

ရာေဖးလ္ဘင္နီတက္ဇ္ဟာဆဲလ္တစ္နည္းျပသစ္ျဖစ္လာရန္ထိပ္ဆုံးမွေရပန္းအစားဆုံးျဖစ္ေနေၾကာင္းသိရပါတယ္။ဆဲလ္တစ္နည္းျပေနးလ္လင္ႏြန္ဟာထိပ္ဆုံးမွမဟာၿပိဳင္ဘက္ရိန္းဂ်ားႏွင့္ရမွတ္၂၃မွတ္အထိႀကီးမားစြာကြာဟေနမႈနဲ႔အတူရာထူးမွထုတ္ပယ္ခံရမယ့္အေနအထားမွာရွိေနပါတယ္။

အသက္၆၀ႏွစ္ရွိလီဗာပူးႏွင့္ခ်ဲလ္ဆီးနည္းျပေဟာင္းဟာမၾကာေသးမီတုန္းကမိသားစုအေၾကာင္းျပခ်က္မ်ားျဖင့္ တစ္ႏွစ္ေပါင္၁၂သန္းရရွိေနတဲ့ဒါလီယန္ပေရာ္ဖက္ရွင္နယ္အသင္းမွႏုတ္ထြက္လာခဲ့တာျဖစ္ပါတယ္။

ဘင္နီတက္ဇ္ႏွင့္သူ႔မိသားစုဟာအဂၤလန္အေရွ႕ေျမာက္ပိုင္းသို႔ေရာက္ေနတာႏွစ္လတိုင္တိုင္ရွိၿပီျဖစ္ၿပီးတ႐ုတ္မျပန္ ေတာ့ဘဲရာထူးမွႏုတ္ထြက္ေတာ့မယ္လို႔အေၾကာင္းၾကားခဲ့တာလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္ဇူလိုင္လတုန္းကနယူးကာဆယ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္တ႐ုတ္သို႔ထြက္ခြာခဲ့သူ ျဖစ္ၿပီးနယူးကာဆယ္ႏွင့္ခ်ဲလ္ဆီးနည္းျပရာထူးတို႔အတြက္ေရပန္းစားေနသူလည္းျဖစ္ပါတယ္။

ဘင္နီတက္ဇ္ဟာဆဲလ္တစ္အသင္းကိုလက္ခံလိုက္ပါကတပည့္ေဟာင္းစတီဗင္ဂ်ရတ္ႏွင့္ရင္ဆိုင္ရပါမယ္။ဂ်ရတ္ဟာရိန္းဂ်ားအသင္းအားတစ္ေခတ္ျပန္လည္ထူေထာင္ႏိုင္ေအာင္ဦးေဆာင္ေပးလ်က္ရွိေနပါတယ္။