ဆဲလ်တစ်နည်းပြရာထူးအား သရဲနီဂန္ထဝင်ရွိုင်ကိန်းရယူလိုနေ

ရွိုင်ကိန်းဟာအသင်းဟောင်းဆဲလ်တစ်အသင်းရဲ့နည်းပြရာထူးကိုရယူလိုလျက်နေရှိနေကြောင်း သိရပါတယ်။

မန်ယူနှင့်အိုင်ယာလန်ဂန္ထဝင်ကစားသမားဟာဆဲလ်တစ်နည်းပြရာထူးအတွက်ကမ်းလှမ်းမှုရရှိလာလျှင် လာမယ့်ရာသီတွင်စတီဗင်ဂျရတ်ရဲ့ရိန်းဂျားကိုယှဉ်ပြိုင်ရေးစိန်ခေါ်မှုကိုလက်ခံသွားပါမယ်။

 

ရွိုင်ကိန်းဟာ နည်းပြလောကနှင့်အဆက်အသွယ်ပြတ်ပြီးနောက် Sky တွင်ရုပ်သံတင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။အကယ်၍ရွိုင်ကိန်းဟာဆဲလ်တစ်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုရရှိလာလျှင်လည်း Sky မှလုပ်ခကဲ့သို့ပင်ကောင်းမွန်တဲ့ကမ်းလှမ်းမှုရရှိပါမယ်။

ရွိုင်ကိန်းဟာမန်ယူတွင်ကာလရှည်ကြာကစားပြီးနောက်ဆဲလ်တစ်တွင်တစ်ရာသီကစားကာကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။

ZawGyi




