ဆဲလ်တစ်နှင့်ပွဲတွင် အံ့ဩသင့်စရာကောင်းတဲ့ဂိုးသွင်းယူခဲ့တဲ့ အာဆင်နယ်ပစ်မှတ် ရှက်တာစတားမူဒရစ်

အာဆင်နယ်ကတော့ သူတို့ရဲ့အဓိကပစ်မှတ်မိုင်ခေလိုမူဒရစ် တကိုယ်တော်အစွမ်းဖြင့်လှပတဲ့ဂိုးတစ်ဂိုးသွင်းလာပြီးနောက် နောက်ထပ်ခြေလှမ်းတွေလှမ်းဖို့ပြင်ဆင်လာဖို့သေချာနေပါတယ်။

ရှက်တာဒိုးနစ်ရဲ့ယူကရိန်းနေမာဟာမနေ့ညတုန်းကဆဲလ်တစ်နှင့်တစ်ဂိုးစီသရေကျတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ၂၅ကိုက်အကွာကနေဧရိယာအတွင်းဆွဲပြေးဝင်ပြီးအံ့ဩသင့်စရာကောင်းတဲ့ဂိုးကိုသွင်းခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိတောင်ပံစတားကိုအာဆင်နယ်အပြင် နယူးကာဆယ်၊အဲဗာတန်နှင့်နိုက်စ်တို့ကလည်းစိတ်ဝင်စားနေပါတယ်။

သူဟာယူကရိန်းလက်ရွေးစင်အသင်းအတွက်၈ပွဲကစားထားပြီးဖြစ်ကာပေါင်၂၅သန်းဝန်းကျင်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

အာဆင်နယ်အတွက်သတင်းကောင်းတစ်ခုကတော့မူဒရစ်ကိုယ်တိုင်ကပရီးမီးယားလိဂ်သို့ပြောင်းကစားလိုနေခဲ့တာဖြစ်ပါတယ်။

၎င်းက “ကျွန်တော့်အိပ်မက်ကပရီးမီးယားလိဂ်မှာကစားဖို့ပါ။အာဆင်နယ်ကအသင်းကောင်းတစ်သင်းဖြစ်သလိုအရမ်းကောင်းတဲ့နည်းပြလည်းရှိတယ်။ဒီတော့ကျွန်တော့်အနေနဲ့ဆိုရင်တော့အာဆင်နယ်ကိုမငြင်းနိုင်ပါဘူး”လို့ဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi

ဆဲလ္တစ္ႏွင့္ပြဲတြင္ အံ့ဩသင့္စရာေကာင္းတဲ့ဂိုးသြင္းယူခဲ့တဲ့ အာဆင္နယ္ပစ္မွတ္ ရွက္တာစတားမူဒရစ္

အာဆင္နယ္ကေတာ့ သူတို႔ရဲ႕အဓိကပစ္မွတ္မိုင္ေခလိုမူဒရစ္ တကိုယ္ေတာ္အစြမ္းျဖင့္လွပတဲ့ဂိုးတစ္ဂိုးသြင္းလာၿပီးေနာက္ ေနာက္ထပ္ေျခလွမ္းေတြလွမ္းဖို႔ျပင္ဆင္လာဖို႔ေသခ်ာေနပါတယ္။

ရွက္တာဒိုးနစ္ရဲ႕ယူကရိန္းေနမာဟာမေန႔ညတုန္းကဆဲလ္တစ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ၂၅ကိုက္အကြာကေနဧရိယာအတြင္းဆြဲေျပးဝင္ၿပီးအံ့ဩသင့္စရာေကာင္းတဲ့ဂိုးကိုသြင္းခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိေတာင္ပံစတားကိုအာဆင္နယ္အျပင္ နယူးကာဆယ္၊အဲဗာတန္ႏွင့္ႏိုက္စ္တို႔ကလည္းစိတ္ဝင္စားေနပါတယ္။

သူဟာယူကရိန္းလက္ေ႐ြးစင္အသင္းအတြက္၈ပြဲကစားထားၿပီးျဖစ္ကာေပါင္၂၅သန္းဝန္းက်င္သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

အာဆင္နယ္အတြက္သတင္းေကာင္းတစ္ခုကေတာ့မူဒရစ္ကိုယ္တိုင္ကပရီးမီးယားလိဂ္သို႔ေျပာင္းကစားလိုေနခဲ့တာျဖစ္ပါတယ္။

၎က “ကြၽန္ေတာ့္အိပ္မက္ကပရီးမီးယားလိဂ္မွာကစားဖို႔ပါ။အာဆင္နယ္ကအသင္းေကာင္းတစ္သင္းျဖစ္သလိုအရမ္းေကာင္းတဲ့နည္းျပလည္းရွိတယ္။ဒီေတာ့ကြၽန္ေတာ့္အေနနဲ႔ဆိုရင္ေတာ့အာဆင္နယ္ကိုမျငင္းႏိုင္ပါဘူး”လို႔ဖြင့္ဟခဲ့ဖူးပါတယ္။