ဆဲလ်တစ်အမှုဆောင်ချုပ်ရဲ့နေအိမ်တွင် ပေါက်ကွဲမှု၊ မီးလောင်မှုဖြစ်ပွား

To go with story by Alasdair Clark. Celtic chief Peter Lawwell's home hit by 'petrol bomb attack' Picture shows; Fire damage at Peter Lawwell's home. Inset: Peter Lawwell. Thortonhall, Lanarkshire. Supplied by DCT Media Date; 19/05/2021

စကော့တလန်ရဲတပ်ဖွဲ့ဟာဂလက်စကိုတွင်ဆဲလ်တစ်အမှုဆောင်ချုပ်ပီတာလောဝဲလ်ရဲ့နေအိမ်တွင်ပေါက်ကွဲမှု၊မီးလောင်မှုဖြစ်ပွားခဲ့မှုအားစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတုန်းကဖြစ်ပျက်ခဲ့တဲ့ပေါက်ကွဲမှု၊မီးလောင်မှုကြောင့်ကားစီးအထိဆုံးရှုံးသွားခဲ့ရပါတယ်။ဒါပေမယ့်လောဝဲလ်ရဲ့မိသားစုများဟာပေါက်ကွဲမှု၊မီးလောင်မှုတို့ကြောင့်တစ်စုံတစ်ရာဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။သို့သော်အထက်ပါအဖြစ်အပျက်ကြောင့်အကြီးအကျယ်တုန်လှုပ်လျက်ရှိပါတယ်။

လောဝဲလ်ဟာဆဲလ်တစ်အသင်းတွင်အမှုဆောင်ချုပ်အဖြစ်၁၇နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးယခုရာသီအကုန်တွင်ရာထူးမှနုတ်ထွက်ပါမယ်။သူ့နေရာမှာစကော့တလန်ရက်ဘီအဖွဲ့ချုပ်မှ COO ဒိုမီနစ်မက်ကေးကတာဝန်လွဲပြောင်းထမ်းဆောင်သွားပါမယ်။

အသက်၆၁နှစ်ရှိလောဝဲလ်ရဲ့လက်ထက်တွင်ဆဲလ်တစ်ဟာများစွာတိုးတက်မှုရှိခဲ့သော်လည်း၂၀၂၀-၂၁ရာသီတွင်မဟာပြိုင်ဘက်ရိန်းဂျားအားချန်ပီယံဘွဲ့အားလွဲပြောင်းပေးလိုက်ရမှုနဲ့အတူအခက်အခဲများစွာနှင့်ကြုံခဲ့ရပါတယ်။

ZawGyi

ဆဲလ္တစ္အမႈေဆာင္ခ်ဳပ္ရဲ႕ေနအိမ္တြင္ ေပါက္ကြဲမႈ၊ မီးေလာင္မႈျဖစ္ပြား

စေကာ့တလန္ရဲတပ္ဖြဲ႕ဟာဂလက္စကိုတြင္ဆဲလ္တစ္အမႈေဆာင္ခ်ဳပ္ပီတာေလာဝဲလ္ရဲ႕ေနအိမ္တြင္ေပါက္ကြဲမႈ၊မီးေလာင္မႈျဖစ္ပြားခဲ့မႈအားစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ဗုဒၶဟူးေန႔နံနက္ပိုင္းတုန္းကျဖစ္ပ်က္ခဲ့တဲ့ေပါက္ကြဲမႈ၊မီးေလာင္မႈေၾကာင့္ကားစီးအထိဆုံးရႈံးသြားခဲ့ရပါတယ္။ဒါေပမယ့္ေလာဝဲလ္ရဲ႕မိသားစုမ်ားဟာေပါက္ကြဲမႈ၊မီးေလာင္မႈတို႔ေၾကာင့္တစ္စုံတစ္ရာဒဏ္ရာရရွိခဲ့ျခင္းမရွိပါဘူး။သို႔ေသာ္အထက္ပါအျဖစ္အပ်က္ေၾကာင့္အႀကီးအက်ယ္တုန္လႈပ္လ်က္ရွိပါတယ္။

ေလာဝဲလ္ဟာဆဲလ္တစ္အသင္းတြင္အမႈေဆာင္ခ်ဳပ္အျဖစ္၁၇ႏွစ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီးယခုရာသီအကုန္တြင္ရာထူးမွႏုတ္ထြက္ပါမယ္။သူ႔ေနရာမွာစေကာ့တလန္ရက္ဘီအဖြဲ႕ခ်ဳပ္မွ COO ဒိုမီနစ္မက္ေကးကတာဝန္လြဲေျပာင္းထမ္းေဆာင္သြားပါမယ္။

အသက္၆၁ႏွစ္ရွိေလာဝဲလ္ရဲ႕လက္ထက္တြင္ဆဲလ္တစ္ဟာမ်ားစြာတိုးတက္မႈရွိခဲ့ေသာ္လည္း၂၀၂၀-၂၁ရာသီတြင္မဟာၿပိဳင္ဘက္ရိန္းဂ်ားအားခ်န္ပီယံဘြဲ႕အားလြဲေျပာင္းေပးလိုက္ရမႈနဲ႔အတူအခက္အခဲမ်ားစြာႏွင့္ႀကဳံခဲ့ရပါတယ္။