ဆဲလ်ဖို့ဒ်စီအီးအိုရာထူးမှ ဂယ်ရီနဗီးလ်နုတ်ထွက်လာပြီး နစ်ကီဘတ်နှင့်အစားထိုးလာဖွယ်ရှိ

ဂယ်ရီနဗီးလ်ဟာဆဲလ်ဖို့ဒ်စီးတီးအမှုဆောင်ချုပ်နေရာမှနုတ်ထွက်မှုပြုလုပ်လာပါတယ်။မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဟာဆဲလ်ဖို့ဒ်စီအီးအိုရာထူးမှနုတ်ထွက်လိုက်ပေမဲ့ပူးတွဲပိုင်ရှင်အဖြစ်ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်နုတ်ထွက်လိုက်မှုကြောင့်လစ်လပ်နေတဲ့ဆဲလ်ဖို့ဒ်စီးအီးအိုရာထူးကိုကစားဖော်ဟောင်းနစ်ကီဘတ်ကရယူလာဖို့ရှိပါတယ်။

အသက်၄၇နှစ်ရှိဂယ်ရီနဗီးလ်ဟာလွန်ခဲ့တဲ့ရှစ်နှစ်တုန်းကနစ်ကီဘတ်၊ပေါလလ်စခိုးလ်၊ရိုင်ယန်ဂစ်၊ပီတာလမ်၊ဖီးလ်နဗီးလ်တို့နှင့်အတူဝယ်ယူလိုက်ပြီးနောက် စီအီးအိုအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူလည်းဖြစ်ပါတယ်။ဆဲလ်ဖို့ဒ်အသင်းရဲ့၁၀ရာခိုင်နှုန်းကိုဒေးဗစ်ဘက်ဟမ်းကလည်းပိုင်ဆိုင်ထားပါတယ်။

ဂယ်ရီနဗီးလ်ဦးဆောင်တဲ့ကာလတွင်းတွင်ဆဲလ်ဖို့ဒ်ဟာ၂၀၁၉ခုနှစ်တုန်းကလိဂ်၂အထိတက်ရောက်နိုင်ခဲ့ပါတယ်။

ဆဲလ်ဖို့ဒ်ဟာ ပထမဆုံးEFLကလပ်အနေဖြင့် Football League Trophy 2020 ဆွတ်ခူးခဲ့ပါသေးတယ်။

ဒါပေမဲ့ဂယ်ရီနဗီးလ်ဟာ ဆဲလ်ဖို့ဒ်အပြင် Sky Sport တွင်ဝေဖန်သုံးသပ်သူအဖြစ်လည်းကောင်း၊အခြားလုပ်ငန်းများကိုလည်းလုပ်ဆောင်နေရမှုအပေါ် ကလပ်အပေါ်အပြည့်အဝအာရုံစိုက်နိုင်ခြင်းမရှိပါဘူး။

ZawGyi

ဆဲလ္ဖို႔ဒ္စီအီးအိုရာထူးမွ ဂယ္ရီနဗီးလ္ႏုတ္ထြက္လာၿပီး နစ္ကီဘတ္ႏွင့္အစားထိုးလာဖြယ္ရွိ

ဂယ္ရီနဗီးလ္ဟာဆဲလ္ဖို႔ဒ္စီးတီးအမႈေဆာင္ခ်ဳပ္ေနရာမွႏုတ္ထြက္မႈျပဳလုပ္လာပါတယ္။မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ဟာဆဲလ္ဖို႔ဒ္စီအီးအိုရာထူးမွႏုတ္ထြက္လိုက္ေပမဲ့ပူးတြဲပိုင္ရွင္အျဖစ္ဆက္ရွိေနဦးမွာျဖစ္ပါတယ္။

ဂယ္ရီနဗီးလ္ႏုတ္ထြက္လိုက္မႈေၾကာင့္လစ္လပ္ေနတဲ့ဆဲလ္ဖို႔ဒ္စီးအီးအိုရာထူးကိုကစားေဖာ္ေဟာင္းနစ္ကီဘတ္ကရယူလာဖို႔ရွိပါတယ္။

အသက္၄၇ႏွစ္ရွိဂယ္ရီနဗီးလ္ဟာလြန္ခဲ့တဲ့ရွစ္ႏွစ္တုန္းကနစ္ကီဘတ္၊ေပါလလ္စခိုးလ္၊႐ိုင္ယန္ဂစ္၊ပီတာလမ္၊ဖီးလ္နဗီးလ္တို႔ႏွင့္အတူဝယ္ယူလိုက္ၿပီးေနာက္ စီအီးအိုအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူလည္းျဖစ္ပါတယ္။ဆဲလ္ဖို႔ဒ္အသင္းရဲ႕၁၀ရာခိုင္ႏႈန္းကိုေဒးဗစ္ဘက္ဟမ္းကလည္းပိုင္ဆိုင္ထားပါတယ္။

ဂယ္ရီနဗီးလ္ဦးေဆာင္တဲ့ကာလတြင္းတြင္ဆဲလ္ဖို႔ဒ္ဟာ၂၀၁၉ခုႏွစ္တုန္းကလိဂ္၂အထိတက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဆဲလ္ဖို႔ဒ္ဟာ ပထမဆုံးEFLကလပ္အေနျဖင့္ Football League Trophy 2020 ဆြတ္ခူးခဲ့ပါေသးတယ္။

ဒါေပမဲ့ဂယ္ရီနဗီးလ္ဟာ ဆဲလ္ဖို႔ဒ္အျပင္ Sky Sport တြင္ေဝဖန္သုံးသပ္သူအျဖစ္လည္းေကာင္း၊အျခားလုပ္ငန္းမ်ားကိုလည္းလုပ္ေဆာင္ေနရမႈအေပၚ ကလပ္အေပၚအျပည့္အဝအာ႐ုံစိုက္ႏိုင္ျခင္းမရွိပါဘူး။