ဆဲလ်ဘတ်နှင့်ပွဲမှာ ချန်ပီယံလိဂ်ရဲ့အမြန်ဆုံးဟက်ထရစ်ကို သွင်းယူခဲ့တဲ့ ရောဘတ်လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာဆဲလ်ဘတ်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့တုန်းကကန်ချက်တစ်ကြိမ်မှပြုလုပ်နိုင်ခဲ့ခြင်းမရှိပေမဲ့လည်းမနေ့ညတုန်းကကစားခဲ့တဲ့ဒုတိယအကျော့ပွဲစဉ်မှာတော့ချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဟက်ထရစ်ကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဆဲလ်ဘတ်ဟာပြီးခဲ့တဲ့လတုန်းကပထမအကျော့ပွဲစဉ်တုန်းကဘိုင်ယန်မြူးနစ်ကိုတစ်ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့မနေ့ညကပွဲမှာတော့ဆဲလ်ဘတ်ဟာဘိုင်ယန်မြူးနစ်ကိုမယှဉ်နိုင်ဘဲ၇-၁ဖြင့်ရှုံးနိမ့်ခဲ့ပြီးတိုက်စစ်မှူးလီဝန်ဒေါ့စကီးဟာလည်း၂၂မိနစ်အတွင်းမှာဟက်ထရစ်သွင်းနိုင်ခဲ့ကာချန်ပီယံလိဂ်သမိုင်းမှာအမြန်ဆုံးဟက်ထရစ်သွင်းယူနိုင်တဲ့စံချိန်ကိုရယူနိုင်ခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာပွဲချိန်၁၂မိနစ်မှာသူ့ကြောင့်ရတဲ့ပင်နယ်တီကနေဘိုင်ယန်အတွက်ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး၉မိနစ်အကြာမှာပင်နယ်တီကပဲနောက်ထပ်တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။နောက်၂မိနစ်အကြာ၂၃မိနစ်မှာသူဟာဟက်ထရစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ယခင်တုန်းကချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဟက်ထရစ်ကိုမီလန်ရဲ့မာကိုဆီမြွန်နီက၁၉၉၆ခုနှစ်တုန်းကရိုဆင်ဘတ်နှင့်ပွဲမှာသွင်းယူခဲ့တာပါ။

မနေ့ညကပွဲစဉ်မှာဘိုင်ယန်ရဲ့ကျန်ဂိုးများကိုဆာဂျီဂနာဘရီ၊သောမတ်စ်မူလာ(၂)နှင့်လီရွိုင်းဆာနေးတို့ကသွင်းယူခဲ့ကြပြီးဆဲလ်ဘတ်အတွက်နှစ်သိမ့်ဂိုးကိုခါဂတ်ကသွင်းယူခဲ့ပါတယ်။

ZawGyi

ဆဲလ္ဘတ္ႏွင့္ပြဲမွာ ခ်န္ပီယံလိဂ္ရဲ႕အျမန္ဆုံးဟက္ထရစ္ကို သြင္းယူခဲ့တဲ့ ေရာဘတ္လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာဆဲလ္ဘတ္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့တုန္းကကန္ခ်က္တစ္ႀကိမ္မွျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိေပမဲ့လည္းမေန႔ညတုန္းကကစားခဲ့တဲ့ဒုတိယအေက်ာ့ပြဲစဥ္မွာေတာ့ခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဟက္ထရစ္ကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဆဲလ္ဘတ္ဟာၿပီးခဲ့တဲ့လတုန္းကပထမအေက်ာ့ပြဲစဥ္တုန္းကဘိုင္ယန္ျမဴးနစ္ကိုတစ္ဂိုးစီသေရကစားႏိုင္ခဲ့ပါတယ္။ဒါေပမဲ့မေန႔ညကပြဲမွာေတာ့ဆဲလ္ဘတ္ဟာဘိုင္ယန္ျမဴးနစ္ကိုမယွဥ္ႏိုင္ဘဲ၇-၁ျဖင့္ရႈံးနိမ့္ခဲ့ၿပီးတိုက္စစ္မႉးလီဝန္ေဒါ့စကီးဟာလည္း၂၂မိနစ္အတြင္းမွာဟက္ထရစ္သြင္းႏိုင္ခဲ့ကာခ်န္ပီယံလိဂ္သမိုင္းမွာအျမန္ဆုံးဟက္ထရစ္သြင္းယူႏိုင္တဲ့စံခ်ိန္ကိုရယူႏိုင္ခဲ့ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာပြဲခ်ိန္၁၂မိနစ္မွာသူ႔ေၾကာင့္ရတဲ့ပင္နယ္တီကေနဘိုင္ယန္အတြက္ဦးေဆာင္ဂိုးစတင္သြင္းယူႏိုင္ခဲ့ၿပီး၉မိနစ္အၾကာမွာပင္နယ္တီကပဲေနာက္ထပ္တစ္ဂိုးထပ္သြင္းခဲ့ပါတယ္။ေနာက္၂မိနစ္အၾကာ၂၃မိနစ္မွာသူဟာဟက္ထရစ္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ယခင္တုန္းကခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဟက္ထရစ္ကိုမီလန္ရဲ႕မာကိုဆီႁမြန္နီက၁၉၉၆ခုႏွစ္တုန္းက႐ိုဆင္ဘတ္ႏွင့္ပြဲမွာသြင္းယူခဲ့တာပါ။

မေန႔ညကပြဲစဥ္မွာဘိုင္ယန္ရဲ႕က်န္ဂိုးမ်ားကိုဆာဂ်ီဂနာဘရီ၊ေသာမတ္စ္မူလာ(၂)ႏွင့္လီ႐ြိဳင္းဆာေနးတို႔ကသြင္းယူခဲ့ၾကၿပီးဆဲလ္ဘတ္အတြက္ႏွစ္သိမ့္ဂိုးကိုခါဂတ္ကသြင္းယူခဲ့ပါတယ္။