ဆံပင်ပုံစံသစ် ပြောင်းဖို့ အချိန် ၄ နာရီအထိ ပေးခဲ့ရတဲ့ နေမာ

နေမာဟာဆံပင်ပုံစံသစ်ပြောင်းလိုက်ပါတယ်။ဘရာဇီးစတားဟာရာသီကြိုလေ့ကျင့်ခန်းဆင်းဖို့ပီအက်စ်ဂျီနှင့်ပူးပေါင်းတဲ့အချိန်မှာကစားဖော်များ အံ့ဩသင့်သွားအောင် ဆံပင်ပုံစံသစ်ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်။

ဘရာဇီးစတားဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာဆံပင်ဒီဇိုင်းပေါင်းများစွာပြောင်းလဲလာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယခုနောက်ဆုံးပြောင်းလဲလိုက်တဲ့နေမာရဲ့ဆံပင်စတိုင်သစ်ကပိုပြီးတော့ဆန်းသစ်အံ့ဩစရာကောင်းနေပါတယ်။

နေမာဟာအမေရိကန်အဆိုတော် Ty Dolla Sign ကဲ့သို့ပင် ဆံပင်ဆက်ပြီးကျစ်လိမ်ကျထားတဲ့စတိုင်သို့ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

နေမာရဲ့ဆံပင်စတိုင်သစ်ပြောင်းလဲလိုက်မှုအပေါ် ပရိသတ်များကလှောင်ပြောင်မှုများပြာလုပ်နေကြပါတယ်။ပရိသတ်အချို့တို့ကနေမာဟာဘရာဇီးကိုကိုပါအမေရိကဖလားရရှိအောင်မစွမ်းဆောင်နိုင်မှုကြောင့်ကိုယ့်ကိုယ်ကိုအပြစ်ပေးတဲ့အနေဖြင့်ယင်းစတိုင်ပြောင်းလဲလိုက်တာလို့ဆိုနေကြပါတယ်။

နေမာရဲ့ဆံပင်စတိုင်ကိုပြောင်းလဲပေးခဲ့တဲ့ဘရာဇီးသားနန္ဒာဘာဂူဆင်ဟာကနေမာရဲ့ဆံပင်စတိုင်ကိုအချိန်လေးနာရီကြာဖန်တီးခဲ့ရကြောင်းဆိုသွားပါတယ်။

နေမာဟာဆံပင်စတိုင်အတွက်အချိန်နှင့်ငွေအကုန်အကျခံဖို့ မနှမြောတဲ့သူပါ။သူဟာဘာစီလိုနာမှာကစားစဉ်တုန်းကတစ်လလျှင်ယူရို၁၄၀၀အထိအသုံးပြုခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi







