ဆွစ်ဇာလန်နှင့်ပွဲတွင် ဘယ်သူမှမလိုချင်တဲ့ ကမ္ဘာ့ဖလားစံချိန်တစ်ခု ရလာဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညဆွစ်ဇာလန်နှင့်ပေါ်တူဂီတို့ရင်ဆိုင်ကစားရမဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် မည်သူမျှမလိုချင်တဲ့ကမ္ဘာ့ဖလားစံချိန်တစ်ခုကိုရယူလာနိုင်ဖို့ရှိနေပါတယ်။

ပေါ်တူဂီဟာဂါနာနှင့်ဥရုဂွေးတို့ကိုနှစ်ပွဲဆက်အနိုင်ရရှိပြီးနောက်အုပ်စုနောက်ဆုံးပွဲတွင်တောင်ကိုရီးယားကိုရှုံးနိမ့်ခဲ့ပေမဲ့အုပ်စုဗိုလ်အဖြစ်ရှုံးထွက်အဆင့်သို့တက်လာပါတယ်။

၎င်းတို့ဟာအုပ်စုနောက်ဆုံးပွဲတွင်ဆားဘီးယားကို၃-၂ဖြင့်အနိုင်ရရှိလာတဲ့ ဆွစ်ဇာလန်နှင့် ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှာထိပ်တိုက်တွေ့ပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂိုးသွင်းထားနိုင်ပြီးနောက်ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းထားနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းရေးထိုးထားနိုင်ပါတယ်။

ဒါပေမဲ့သူဟာဆွစ်ဇာလန်နှင့်ရှုံးထွက်အဆင့်ပွဲစဉ်မှာဘယ်သူမှမလိုချင်တဲ့ကမ္ဘာ့စံချိန်တစ်ခုရရှိလာနိုင်ပါတယ်။

တကယ်လို့များသူဟာဆွစ်ဇာလန်နှင့်ရှုံးထွက်အဆင့်ပွဲစဉ်တွင်ဂိုးမသွင်းနိုင်ပါကကမ္ဘာ့ဖလားငါးကြိမ်ဆက်ရှုံးထွက်အဆင့်တွင်ဂိုးမသွင်းနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းရေးထိုးလာပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းထားနိုင်ပေမဲ့လည်းကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာတစ်ကြိမ်မျှဂိုးသွင်းခဲ့ဖူးခြင်းမရှိပါဘူး။

ပေါ်တူဂီဟာဆွစ်ဇာလန်ကိုကျော်ဖြတ်လာနိုင်ပါကကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်တွင် စပိန်-မော်ရိုကိုပွဲစဉ်မှအနိုင်ရရှိတဲ့အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ရော်နယ်ဒိုဟာပေါ်တူဂီအတွက်၁၉၄ပွဲကစားထားရာမှာ၁၁၈ဂိုးသွင်းထားနိုင်ပေမဲ့ သူ့ရဲ့ကမ္ဘာ့ဖလားကစားသမားဘဝကိုရှုံးထွက်အဆင့်မှာဂိုးမသွင်းနိုင်ဘဲ အဆုံးသတ်ရလာရမည်ဆိုပါကသူ့ကစားသမားဘဝအတွက်ခြောက်လှန့်လာမယ့်အိပ်မက်ဆိုးတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။

ZawGyi

ဆြစ္ဇာလန္ႏွင့္ပြဲတြင္ ဘယ္သူမွမလိုခ်င္တဲ့ ကမာၻ႔ဖလားစံခ်ိန္တစ္ခု ရလာဖို႔ ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညဆြစ္ဇာလန္ႏွင့္ေပၚတူဂီတို႔ရင္ဆိုင္ကစားရမဲ့ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ မည္သူမွ်မလိုခ်င္တဲ့ကမာၻ႔ဖလားစံခ်ိန္တစ္ခုကိုရယူလာႏိုင္ဖို႔ရွိေနပါတယ္။

ေပၚတူဂီဟာဂါနာႏွင့္ဥ႐ုေဂြးတို႔ကိုႏွစ္ပြဲဆက္အႏိုင္ရရွိၿပီးေနာက္အုပ္စုေနာက္ဆုံးပြဲတြင္ေတာင္ကိုရီးယားကိုရႈံးနိမ့္ခဲ့ေပမဲ့အုပ္စုဗိုလ္အျဖစ္ရႈံးထြက္အဆင့္သို႔တက္လာပါတယ္။

၎တို႔ဟာအုပ္စုေနာက္ဆုံးပြဲတြင္ဆားဘီးယားကို၃-၂ျဖင့္အႏိုင္ရရွိလာတဲ့ ဆြစ္ဇာလန္ႏွင့္ ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္မွာထိပ္တိုက္ေတြ႕ပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဂိုးသြင္းထားႏိုင္ၿပီးေနာက္ကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းထားႏိုင္တဲ့ကစားသမားအျဖစ္မွတ္တမ္းေရးထိုးထားႏိုင္ပါတယ္။

ဒါေပမဲ့သူဟာဆြစ္ဇာလန္ႏွင့္ရႈံးထြက္အဆင့္ပြဲစဥ္မွာဘယ္သူမွမလိုခ်င္တဲ့ကမာၻ႔စံခ်ိန္တစ္ခုရရွိလာႏိုင္ပါတယ္။

တကယ္လို႔မ်ားသူဟာဆြစ္ဇာလန္ႏွင့္ရႈံးထြက္အဆင့္ပြဲစဥ္တြင္ဂိုးမသြင္းႏိုင္ပါကကမာၻ႔ဖလားငါးႀကိမ္ဆက္ရႈံးထြက္အဆင့္တြင္ဂိုးမသြင္းႏိုင္တဲ့ကစားသမားအျဖစ္မွတ္တမ္းေရးထိုးလာပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းထားႏိုင္ေပမဲ့လည္းကမာၻ႔ဖလားရႈံးထြက္အဆင့္မွာတစ္ႀကိမ္မွ်ဂိုးသြင္းခဲ့ဖူးျခင္းမရွိပါဘူး။

ေပၚတူဂီဟာဆြစ္ဇာလန္ကိုေက်ာ္ျဖတ္လာႏိုင္ပါကကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္တြင္ စပိန္-ေမာ္႐ိုကိုပြဲစဥ္မွအႏိုင္ရရွိတဲ့အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

ေရာ္နယ္ဒိုဟာေပၚတူဂီအတြက္၁၉၄ပြဲကစားထားရာမွာ၁၁၈ဂိုးသြင္းထားႏိုင္ေပမဲ့ သူ႔ရဲ႕ကမာၻ႔ဖလားကစားသမားဘဝကိုရႈံးထြက္အဆင့္မွာဂိုးမသြင္းႏိုင္ဘဲ အဆုံးသတ္ရလာရမည္ဆိုပါကသူ႔ကစားသမားဘဝအတြက္ေျခာက္လွန႔္လာမယ့္အိပ္မက္ဆိုးတစ္ခုျဖစ္လာဖို႔ရွိေနပါတယ္။