ဆွစ်ဇာလန်နှင့်ပွဲတွင် အရန်ခုံမှာ ထိုင်နေခဲ့ရပြီးနောက် ပေါ်တူဂီရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆွစ်ဇာလန်ကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်အရန်ခုံမှာထိုင်နေခဲ့ရပြီးနောက်ပေါ်တူဂီရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းရန်ပျက်ကွက်ခဲ့ကြောင်းသိရပါတယ်။

ပေါ်တူဂီဂန္ထဝင်စတားဟာဆွစ်ဇာလန်ကို၆-၁ဂိုးဖြင့်အနိုင်ရရှိပြီးကွာတားဖိုင်နယ်သို့တက်ရောက်ခဲ့တဲ့ပွဲမှာအရန်ခုံမှာထိုင်နေခဲ့ရပါတယ်။

သူဟာယင်းပွဲစဉ်တွင်အရန်အဖြစ်ဝင်ရောက်ကစားရန်အတွက်နည်းပြဆန်းတို့စ်ကသွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ Marca ရဲ့ဖော်ပြမှုအရခရစ္စတီယာနိုရော်နယ်ဒိုဟာအခြားအရန်ကစားသမားများနှင့်အတူသွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ခြင်းမရှိပါဘူး။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဂျိုအာအိုဖီးလစ်အစားလူစားဝင်ရောက်ကာ၁၇မိနစ်ကြာကစားခဲ့ပါတယ်။

ယနေ့တွင် Marca ရဲ့ဖော်ပြလာမှုအရခရစ္စတီယာနိုရော်နယ်ဒိုဟာဒဏ်ရာတစုံတရာရရှိခြင်းမရှိပေမဲ့လည်း ပေါ်တူဂီကစားဖော်များနှင့်အတူလေ့ကျင့်ခန်းမဆင်းဘဲ တကိုယ်တည်း Gym သာပြုလုပ်နေကြောင်းသိရပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူအပေါ် ပေါ်တူဂီကစားဖော်များအံ့ဩသင့်လျက်ရှိကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီရဲ့နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲကြီး၃၁ပွဲဆက်တိုက်ပွဲထွက်ကစားလာခဲ့သူဖြစ်ပြီးယင်းမှာဆွစ်ဇာလန်ကိုအနိုင်ရတဲ့ပွဲတွင်အဆုံးသတ်သွားခဲ့ပါတယ်။

ZawGyi

ဆြစ္ဇာလန္ႏွင့္ပြဲတြင္ အရန္ခုံမွာ ထိုင္ေနခဲ့ရၿပီးေနာက္ ေပၚတူဂီရဲ႕ေလ့က်င့္ခန္းအစီအစဥ္တြင္ ခရစၥတီယာႏိုေရာ္နယ္ဒို မပါဝင္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆြစ္ဇာလန္ကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္အရန္ခုံမွာထိုင္ေနခဲ့ရၿပီးေနာက္ေပၚတူဂီရဲ႕ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းရန္ပ်က္ကြက္ခဲ့ေၾကာင္းသိရပါတယ္။

ေပၚတူဂီဂႏၴဝင္စတားဟာဆြစ္ဇာလန္ကို၆-၁ဂိုးျဖင့္အႏိုင္ရရွိၿပီးကြာတားဖိုင္နယ္သို႔တက္ေရာက္ခဲ့တဲ့ပြဲမွာအရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။

သူဟာယင္းပြဲစဥ္တြင္အရန္အျဖစ္ဝင္ေရာက္ကစားရန္အတြက္နည္းျပဆန္းတို႔စ္ကေသြးပူေလ့က်င့္ခန္းလုပ္ခိုင္းခဲ့ပါတယ္။

ဒါေပမဲ့ Marca ရဲ႕ေဖာ္ျပမႈအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာအျခားအရန္ကစားသမားမ်ားႏွင့္အတူေသြးပူေလ့က်င့္ခန္းျပဳလုပ္ခဲ့ျခင္းမရွိပါဘူး။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ိဳအာအိုဖီးလစ္အစားလူစားဝင္ေရာက္ကာ၁၇မိနစ္ၾကာကစားခဲ့ပါတယ္။

ယေန႔တြင္ Marca ရဲ႕ေဖာ္ျပလာမႈအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒဏ္ရာတစုံတရာရရွိျခင္းမရွိေပမဲ့လည္း ေပၚတူဂီကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းမဆင္းဘဲ တကိုယ္တည္း Gym သာျပဳလုပ္ေနေၾကာင္းသိရပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျပဳအမူအေပၚ ေပၚတူဂီကစားေဖာ္မ်ားအံ့ဩသင့္လ်က္ရွိေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီရဲ႕ေနာက္ဆုံးႏိုင္ငံတကာၿပိဳင္ပြဲႀကီး၃၁ပြဲဆက္တိုက္ပြဲထြက္ကစားလာခဲ့သူျဖစ္ၿပီးယင္းမွာဆြစ္ဇာလန္ကိုအႏိုင္ရတဲ့ပြဲတြင္အဆုံးသတ္သြားခဲ့ပါတယ္။