ဆွစ်ဇာလန်အားရှုံးနိမ့်တဲ့ ပွဲမှာ ပြင်သစ်အသင်းအတွင်းဖြစ်ခဲ့တဲ့ရုပ်ဆိုးအကျည်းတန်မှုများထွက်ပေါ်လာ

ယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာဆွစ်ဇာလန်ကိုရှုံးနိမ့်တုန်းကပြင်သစ်အသင်းအတွင်းနောက်ကွယ်မှာဖြစ်ပျက်ခဲ့တဲ့ရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ပျက်များထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲချန်ပီယံဖြစ်ရန်ရေပန်းစားနေတဲ့ပြင်သစ်ဟာ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာဆွစ်ဇာလန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှစောစောစီးစီးထွက်ခွာခဲ့ရပါတယ်။

ပြင်သစ်ဟာပင်နယ်တီအဆုံးအဖြတ်မှာကိုင်လီယန်အမ်ဘက်ပီရဲ့ပင်နယ်တီမဝင်ခဲ့မှုနဲ့အတူရှုံးနိမ့်ခဲ့တာလည်းဖြစ်ပြီးယူရိုသမိုင်းမှာမထင်မှတ်တဲ့ရလဒ်ထွက်ပေါ်တဲ့ပွဲများထဲမှတစ်ပွဲဖြစ်လာခဲ့ပါတယ်။

အစောပိုင်းတုန်းကဆွစ်ဇာလန်ကိုရှုံးနိမ့်ပြီးတဲ့နောက်မှာအက်ဒရီယန်ရာဘီရော့ရဲ့မိခင်ဟာကိုင်လီယန်အမ်ဘက်ပီရဲ့မိသားစုဝင်များ၊ပေါလ်ပေါ့ဘာရဲ့မိသားစုဝင်များကိုအပြစ်ဖို့ဆဲဆိုမှုပြုလုပ်ခဲ့ကြောင်းသတင်းထွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရဘူခါရက်စ်မှာဆွစ်ဇာလန်အားရှုံးနိမ့်တဲ့ပွဲအတွင်းမှာ ပြင်သစ်ကစားသမားများအကြားရုပ်ဆိုးအကျည်းတန်မှုဖြစ်ပျက်ခဲ့ကြောင်းသိရပါတယ်။

L’Equipe ကရာဘီယော့နှင့်ပေါ့ဘာတို့ဟာကွင်းအတွင်းအပြန်အလှန်ဆဲဆိုမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။ဂျူဗင်တပ်ကွင်းလယ်ကစားသမားကပေါလ်ပေါ့ဘာရဲ့ခံစစ်ကိုအကူအညီမပေးမှုအပေါ်အပြစ်တင်ပြောဆိုရာမှအချင်းများခဲ့တာလို့သိရပါတယ်။

ဒဲါ့အပြင်ရာဖေးလ်ဗာရိန်းကလည်းနောက်ခံလူဘင်ဂျာမင်ပါဗတ်ကိုခံစစ်အမှားများပြုလုပ်မှုအတွက်အပြစ်တင်ဆဲဆိုမှုပြုလုပ်ခဲ့ပါတယ်။

တစ်ဖက်တွင်ဘင်ဂျာမင်ပါဗတ်ကလည်းပေါ့ဘာကိုခံစစ်အားအကူအညီမပေးမှုအတွက်အပြစ်တင်မှုပြုလုပ်ခဲ့ပြီးပါဗတ်ဘက်မှဗာရိန်းကဝင်ပြောခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့်ပြင်သစ်ကစားသမားများအားအဆုံးအဖြတ်ပင်နယ်တီမဝင်ခဲ့တဲ့ကိုင်လီယန်အမ်ဘက်ပီကိုမူအပြစ်တင်ခဲ့ကြခြင်းမရှိကြောင်းသိရပါတယ်။

ပြင်သစ်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲမစတင်မီကတည်းကဂီရောက်နှင့်အမ်ဘက်ပီတို့အကြားပြဿနာကြောင့်စည်းလုံးမှုအနည်းငယ်ပြိုကွဲလာခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

အစ္စရေးနှင့်ခြေစမ်းပွဲအပြီးတွင်ဂီရောက်ကအမ်ဘက်ပီကိုသူ့ထံသို့ဘောလုံးပေးပို့ခြင်းမရှိမှုအတွက်လူသိရှင်ကြားအပြစ်တင်ရာမှပြဿနာစတင်ခဲ့တာပါ။အမ်ဘက်ပီဟာသူ့ကိုလူသိရှင်ကြားဝေဖန်တဲ့အမ်ဘက်ပီကိုသတင်းစာရှင်းလင်းပွဲလုပ်ကာပြန်လည်တုံ့ပြန်လိုတဲ့အထိဖြစ်ခဲ့ပါတယ်။

ZawGyi

ဆြစ္ဇာလန္အားရႈံးနိမ့္တဲ့ ပြဲမွာ ျပင္သစ္အသင္းအတြင္းျဖစ္ခဲ့တဲ့႐ုပ္ဆိုးအက်ည္းတန္မႈမ်ားထြက္ေပၚလာ

ယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာဆြစ္ဇာလန္ကိုရႈံးနိမ့္တုန္းကျပင္သစ္အသင္းအတြင္းေနာက္ကြယ္မွာျဖစ္ပ်က္ခဲ့တဲ့႐ုပ္ဆိုးအက်ည္းတန္တဲ့ျဖစ္ပ်က္မ်ားထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲခ်န္ပီယံျဖစ္ရန္ေရပန္းစားေနတဲ့ျပင္သစ္ဟာ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာဆြစ္ဇာလန္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွေစာေစာစီးစီးထြက္ခြာခဲ့ရပါတယ္။

ျပင္သစ္ဟာပင္နယ္တီအဆုံးအျဖတ္မွာကိုင္လီယန္အမ္ဘက္ပီရဲ႕ပင္နယ္တီမဝင္ခဲ့မႈနဲ႔အတူရႈံးနိမ့္ခဲ့တာလည္းျဖစ္ၿပီးယူ႐ိုသမိုင္းမွာမထင္မွတ္တဲ့ရလဒ္ထြက္ေပၚတဲ့ပြဲမ်ားထဲမွတစ္ပြဲျဖစ္လာခဲ့ပါတယ္။

အေစာပိုင္းတုန္းကဆြစ္ဇာလန္ကိုရႈံးနိမ့္ၿပီးတဲ့ေနာက္မွာအက္ဒရီယန္ရာဘီေရာ့ရဲ႕မိခင္ဟာကိုင္လီယန္အမ္ဘက္ပီရဲ႕မိသားစုဝင္မ်ား၊ေပါလ္ေပါ့ဘာရဲ႕မိသားစုဝင္မ်ားကိုအျပစ္ဖို႔ဆဲဆိုမႈျပဳလုပ္ခဲ့ေၾကာင္းသတင္းထြက္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရဘူခါရက္စ္မွာဆြစ္ဇာလန္အားရႈံးနိမ့္တဲ့ပြဲအတြင္းမွာ ျပင္သစ္ကစားသမားမ်ားအၾကား႐ုပ္ဆိုးအက်ည္းတန္မႈျဖစ္ပ်က္ခဲ့ေၾကာင္းသိရပါတယ္။

L’Equipe ကရာဘီေယာ့ႏွင့္ေပါ့ဘာတို႔ဟာကြင္းအတြင္းအျပန္အလွန္ဆဲဆိုမႈျဖစ္ခဲ့ေၾကာင္းသိရပါတယ္။ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားကေပါလ္ေပါ့ဘာရဲ႕ခံစစ္ကိုအကူအညီမေပးမႈအေပၚအျပစ္တင္ေျပာဆိုရာမွအခ်င္းမ်ားခဲ့တာလို႔သိရပါတယ္။

ဒဲါ့အျပင္ရာေဖးလ္ဗာရိန္းကလည္းေနာက္ခံလူဘင္ဂ်ာမင္ပါဗတ္ကိုခံစစ္အမွားမ်ားျပဳလုပ္မႈအတြက္အျပစ္တင္ဆဲဆိုမႈျပဳလုပ္ခဲ့ပါတယ္။

တစ္ဖက္တြင္ဘင္ဂ်ာမင္ပါဗတ္ကလည္းေပါ့ဘာကိုခံစစ္အားအကူအညီမေပးမႈအတြက္အျပစ္တင္မႈျပဳလုပ္ခဲ့ၿပီးပါဗတ္ဘက္မွဗာရိန္းကဝင္ေျပာခဲ့ေၾကာင္းသိရပါတယ္။

ဒါေပမယ့္ျပင္သစ္ကစားသမားမ်ားအားအဆုံးအျဖတ္ပင္နယ္တီမဝင္ခဲ့တဲ့ကိုင္လီယန္အမ္ဘက္ပီကိုမူအျပစ္တင္ခဲ့ၾကျခင္းမရွိေၾကာင္းသိရပါတယ္။

ျပင္သစ္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမစတင္မီကတည္းကဂီေရာက္ႏွင့္အမ္ဘက္ပီတို႔အၾကားျပႆနာေၾကာင့္စည္းလုံးမႈအနည္းငယ္ၿပိဳကြဲလာခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။

အစၥေရးႏွင့္ေျခစမ္းပြဲအၿပီးတြင္ဂီေရာက္ကအမ္ဘက္ပီကိုသူ႔ထံသို႔ေဘာလုံးေပးပို႔ျခင္းမရွိမႈအတြက္လူသိရွင္ၾကားအျပစ္တင္ရာမွျပႆနာစတင္ခဲ့တာပါ။အမ္ဘက္ပီဟာသူ႔ကိုလူသိရွင္ၾကားေဝဖန္တဲ့အမ္ဘက္ပီကိုသတင္းစာရွင္းလင္းပြဲလုပ္ကာျပန္လည္တုံ႔ျပန္လိုတဲ့အထိျဖစ္ခဲ့ပါတယ္။