ဆွမ်ဒင်တောင်း ရှယ်ယာကို လျှို့ဝှက်ဝယ်ယူရန် ကြိုးပမ်းမှုကြောင့် ဘောလုံးလောကနှင့်ပတ်သက်ခွင့်အပိတ်ခံရဖို့ရှိတဲ့ ဂါရတ်ဘယ်ရီ

အင်္ဂလန်စတားဟောင်းဂါရတ်ဘယ်ရီဟာဆွမ်ဒင်တောင်းရှယ်ယာတစ်ဝက်ကိုတရားမဝင်လျှို့ဝှက်ဝယ်ယူရန်ကြိုးပမ်းမှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

မန်စီးတီးနှင့်ဗီလာသူရဲကောင်းဟောင်းဟာပြစ်မှုထင်ရှားပါကဘောလုံးလောကတွင်အလုပ်လုပ်ခွင့်ပိတ်ပင်ခြင်းခံရတဲ့အထိအရေးယူခံရနိုင်ပါတယ်။

အက်ဖ်အေဟာအသက်၄၀နှစ်ရှိဘယ်ရီအပြင်လိဂ်၂ကလပ်ရဲ့ဥက္ကဌဟောင်းလီပါဝါနှင့်ဘာရီရဲ့အေးဂျင့်မိုက်ကယ်စတင်းဒိန်းတို့ကိုလည်းစွဲချက်တင်ခဲ့ပါတယ်။

ဘယ်ရီဟာ၂၀၁၃ခုနှစ်တုန်းကဆွမ်ဒင်တောင်းရဲ့ရှယ်ယာတစ်ဝက်ကိုပေါင်၈သိန်းဖြင့်ဝယ်ယူရန်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ထိုစဉ်ကဘာရီဟာအဲဗာတန်တွင်ကစားစဉ်ကာလတုန်းကဖြစ်ပြီးအက်ဖ်အေရဲ့ကလပ်ပိုင်ဆိုင်ခွင့်ဥပဒေကိုချိုးဖောက်ခဲ့ပါတယ်။

ဒါ့အပြင်အက်ဖ်အေကဘယ်ရီဟာဆွမ်ဒင်တောင်းရှယ်ယာ၅၀ရာခိုင်နှုန်းကိုလျှို့ဝှက်ဝယ်ယူပြီးငွေကြေးစီမံခန့်ခွဲမှုကိုဖုံးကွယ်ရန်ကြိုးပမ်းနေတယ်လို့လည်းယုံကြည်နေပါတယ်။

ဘယ်ရီဟာဗီလာ၊မန်စီးတီး၊အဲဗာတန်နှင့်ဝက်စ်ဘရွန်းတို့တွင်ကစားခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့နှစ်ဩဂုတ်လ၂၇ရက်နေ့တုန်းကကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။

ZawGyi






