ဆွာရက်ဇ်အကူအညီဖြင့် မက်ဆီကို ခေါ်ယူခဲ့သော်လည်း သုံးနာရီအတွင်း အဆုံးသတ်သွားခဲ့တဲ့ ဆီမြွန်နီရဲ့အစီအစဉ်

ဒီယေဂိုဆီမြွန်နီကနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလူးဝစ်ဆွာရက်ဇ်ရဲ့အကူအညီဖြင့်ဘာစီလိုနာဂန္ထဝင်ကစားသမားလီယွန်နယ်မက်ဆီကိုအက်သလက်တီကိုမက်ဒရစ်သို့ခေါ်ဆောင်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်းဝန်ခံသွားပါတယ်။

မက်ဆီရဲ့ဂန္ထဝင်ခရီးစဉ်ဟာဘာစီလိုနာဘက်ကဘဏ္ဍာရေးပြဿနာကြောင့်စာချုပ်သစ်ချုပ်ဆိုရန်ခက်ခဲမှုနဲ့အတူနွေရာသီတုန်းကအဆုံးသတ်သွားခဲ့ပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာဘာစီလိုနာမှထွက်ခွာကြောင်းကြေညာပြီးနောက်ရက်အနည်းငယ်အကြာတွင်ပင်ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ပါတယ်။

ဆီမြွန်နီဟာလည်းမက်ဆီရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ပြီးလူးဝစ်ဆွာရက်ဇ်ရဲ့အကူအညီဖြင့်အသင်းသို့ခေါ်ဆောင်နိုင်ရေးလုပ်ဆောင်ခဲ့ပါတယ်။

ဆီမြွန်နီက “လီယိုဆီသို့ကျွန်တော်ဖုန်းမခေါ်ခဲ့ပါဘူး။ဒါပေမယ့်မက်ဆီရဲ့အခြေအနေကိုသိရဖို့အတွက်လူးဝစ်ကိုဖုန်းခေါ်ခဲ့ပါတယ်။အက်သလက်တီကိုသို့သူ့ကိုခေါ်ယူနိုင်ဖို့အခွင့်အရေးရှိသလားမေးမြန်းခဲ့ပါတယ်။ဒါပေမယ့်သုံးနာရီဘဲကြာလိုက်ပါတယ်။ပီအက်စ်ဂျီကလက်ဦးမှုရသွားပါတယ်။ဒီတော့မက်ဆီနဲ့အလုပ်တွဲလုပ်ဖို့အခွင့်အရေးကမရလာခဲ့ပါဘူး။သူကပီအက်စ်ဂျီသို့မပြောင်းခင်ဘာစီလိုနာမှာဘဲကစားလာခဲ့တာပါ။အာဂျင်တီးနား(လက်ရွေးစင်)မှာလည်းကစားသမားအဖြစ်မဆုံစည်းခဲ့ရပါဘူး”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာပီအက်စ်ဂျီသို့ပြောင်းရွှေ့ပြီးနောက်၅ပွဲကစားထားရာမှာ၁ဂိုးသွင်းယူထားနိုင်ပါတယ်။သူဟာမန်စီးတီးအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပီအက်စ်ဂျီအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ဆြာရက္ဇ္အကူအညီျဖင့္ မက္ဆီကို ေခၚယူခဲ့ေသာ္လည္း သုံးနာရီအတြင္း အဆုံးသတ္သြားခဲ့တဲ့ ဆီႁမြန္နီရဲ႕အစီအစဥ္

ဒီေယဂိုဆီႁမြန္နီကေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကလူးဝစ္ဆြာရက္ဇ္ရဲ႕အကူအညီျဖင့္ဘာစီလိုနာဂႏၴဝင္ကစားသမားလီယြန္နယ္မက္ဆီကိုအက္သလက္တီကိုမက္ဒရစ္သို႔ေခၚေဆာင္ႏိုင္ရန္ႀကိဳးပမ္းခဲ့ေၾကာင္းဝန္ခံသြားပါတယ္။

မက္ဆီရဲ႕ဂႏၴဝင္ခရီးစဥ္ဟာဘာစီလိုနာဘက္ကဘ႑ာေရးျပႆနာေၾကာင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ခက္ခဲမႈနဲ႔အတူေႏြရာသီတုန္းကအဆုံးသတ္သြားခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာဘာစီလိုနာမွထြက္ခြာေၾကာင္းေၾကညာၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ပင္ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့ပါတယ္။

ဆီႁမြန္နီဟာလည္းမက္ဆီရဲ႕အေျခအေနကိုေစာင့္ၾကည့္ေနခဲ့ၿပီးလူးဝစ္ဆြာရက္ဇ္ရဲ႕အကူအညီျဖင့္အသင္းသို႔ေခၚေဆာင္ႏိုင္ေရးလုပ္ေဆာင္ခဲ့ပါတယ္။

ဆီႁမြန္နီက “လီယိုဆီသို႔ကြၽန္ေတာ္ဖုန္းမေခၚခဲ့ပါဘူး။ဒါေပမယ့္မက္ဆီရဲ႕အေျခအေနကိုသိရဖို႔အတြက္လူးဝစ္ကိုဖုန္းေခၚခဲ့ပါတယ္။အက္သလက္တီကိုသို႔သူ႔ကိုေခၚယူႏိုင္ဖို႔အခြင့္အေရးရွိသလားေမးျမန္းခဲ့ပါတယ္။ဒါေပမယ့္သုံးနာရီဘဲၾကာလိုက္ပါတယ္။ပီအက္စ္ဂ်ီကလက္ဦးမႈရသြားပါတယ္။ဒီေတာ့မက္ဆီနဲ႔အလုပ္တြဲလုပ္ဖို႔အခြင့္အေရးကမရလာခဲ့ပါဘူး။သူကပီအက္စ္ဂ်ီသို႔မေျပာင္းခင္ဘာစီလိုနာမွာဘဲကစားလာခဲ့တာပါ။အာဂ်င္တီးနား(လက္ေ႐ြးစင္)မွာလည္းကစားသမားအျဖစ္မဆုံစည္းခဲ့ရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္၅ပြဲကစားထားရာမွာ၁ဂိုးသြင္းယူထားႏိုင္ပါတယ္။သူဟာမန္စီးတီးအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပီအက္စ္ဂ်ီအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။