ဆွီဒင်နှင့် ယူရို ၂၀၂၀ အဖွင့်ပွဲကစားရန် ရက်အနည်းငယ်အလိုတွင် စပိန်တစ်သင်းလုံး ကိုဗစ်နက်ဂတစ်တွေ့ရှိ

စပိန်အသင်းမှကစားသမား၂၆ဦးလုံးတို့ဟာကိုဗစ်နက်ဂတစ်တွေ့ရှိမှုကြောင့်စပိန်နည်းပြလူးဝစ်အန်းနရစ်အတွက်စိတ်အားတက်စရာဖြစ်လာခဲ့ပါတယ်။

စပိန်အသင်းဟာ အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်တွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိပြီးနောက် တစ်သင်းလုံးကွာရန်တင်းဝင်ခဲ့ရကာ ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်မှုနှောင့်နှေးခဲ့ရပါတယ်။

စပိန်ဟာကွာရန်တင်းဝင်နေရမှုကြောင့်အင်္ဂါနေ့တုန်းကလစ်သူယေးနီးယားနှင့်ခြေစမ်းပွဲကိုမကစားနိုင်ခဲ့ဘဲယူ-၂၁အသင်းကိုကစားစေခဲ့ရပါတယ်။ဒါ့အပြင်ဗုဒ္ဓဟူးနေ့တုန်းကလိဒ်နောက်ခံလူဒီယေဂိုလိုရန်တေးတွင်ကိုဗစ်ထပ်မံတွေ့ရှိခဲ့ရာပိုမိုစိုးရိမ်ခဲ့ရပါတယ်။

ဒါပေမယ့်နောက်ဆုံးမှာတော့စပိန်အသင်းအတွက်သတင်းကောင်းယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။မနေ့တုန်းကစပိန်တစ်သင်းလုံးကိုဗစ်ကိုစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်တစ်သင်းလုံးတွင်ကူးစက်ထားခြင်းမရှိကြောင်းတွေ့ရပါတယ်။အစောပိုင်းတုန်းကကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တဲ့ဘက်စကွက်ဇ်နှင့်လိုရန်တီတို့တွင်လည်းနက်ဂတစ်တွေ့ရှိခဲ့တာပါ။ဒါကြောင့်လည်းစပိန်တစ်သင်းလုံးဟာပုံမှန်အတိုင်းအတူလေ့ကျင့်ခန်းဆင်းနိုင်ပြီလည်းဖြစ်ပါတယ်။

ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတာကတော့စပိန်ကျန်းမာရေးဝန်ကြီးကစပိန်တစ်သင်းလုံးကိုယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီကိုဗစ်ကာကွယ်ရေးထိုးခွင့်ပေးလိုက်တာပါ။

စပိန်ဟာယူရို၂၀၂၀အုပ်စုပွဲစဉ်များအဖြစ်ဆွီဒင်၊ပိုလန်၊ဆလိုဗက်ကီးယားတို့နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဆြီဒင္ႏွင့္ ယူ႐ို ၂၀၂၀ အဖြင့္ပြဲကစားရန္ ရက္အနည္းငယ္အလိုတြင္ စပိန္တစ္သင္းလုံး ကိုဗစ္နက္ဂတစ္ေတြ႕ရွိ

စပိန္အသင္းမွကစားသမား၂၆ဦးလုံးတို႔ဟာကိုဗစ္နက္ဂတစ္ေတြ႕ရွိမႈေၾကာင့္စပိန္နည္းျပလူးဝစ္အန္းနရစ္အတြက္စိတ္အားတက္စရာျဖစ္လာခဲ့ပါတယ္။

စပိန္အသင္းဟာ အသင္းေခါင္းေဆာင္ဆာဂ်ီယိုဘက္စကြက္တြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိၿပီးေနာက္ တစ္သင္းလုံးကြာရန္တင္းဝင္ခဲ့ရကာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္မႈေႏွာင့္ေႏွးခဲ့ရပါတယ္။

စပိန္ဟာကြာရန္တင္းဝင္ေနရမႈေၾကာင့္အဂၤါေန႔တုန္းကလစ္သူေယးနီးယားႏွင့္ေျခစမ္းပြဲကိုမကစားႏိုင္ခဲ့ဘဲယူ-၂၁အသင္းကိုကစားေစခဲ့ရပါတယ္။ဒါ့အျပင္ဗုဒၶဟူးေန႔တုန္းကလိဒ္ေနာက္ခံလူဒီေယဂိုလိုရန္ေတးတြင္ကိုဗစ္ထပ္မံေတြ႕ရွိခဲ့ရာပိုမိုစိုးရိမ္ခဲ့ရပါတယ္။

ဒါေပမယ့္ေနာက္ဆုံးမွာေတာ့စပိန္အသင္းအတြက္သတင္းေကာင္းယူေဆာင္လာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။မေန႔တုန္းကစပိန္တစ္သင္းလုံးကိုဗစ္ကိုစစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္တစ္သင္းလုံးတြင္ကူးစက္ထားျခင္းမရွိေၾကာင္းေတြ႕ရပါတယ္။အေစာပိုင္းတုန္းကကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့တဲ့ဘက္စကြက္ဇ္ႏွင့္လိုရန္တီတို႔တြင္လည္းနက္ဂတစ္ေတြ႕ရွိခဲ့တာပါ။ဒါေၾကာင့္လည္းစပိန္တစ္သင္းလုံးဟာပုံမွန္အတိုင္းအတူေလ့က်င့္ခန္းဆင္းႏိုင္ၿပီလည္းျဖစ္ပါတယ္။

ပိုၿပီးေတာ့စိတ္လႈပ္ရွားစရာေကာင္းတာကေတာ့စပိန္က်န္းမာေရးဝန္ႀကီးကစပိန္တစ္သင္းလုံးကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီကိုဗစ္ကာကြယ္ေရးထိုးခြင့္ေပးလိုက္တာပါ။

စပိန္ဟာယူ႐ို၂၀၂၀အုပ္စုပြဲစဥ္မ်ားအျဖစ္ဆြီဒင္၊ပိုလန္၊ဆလိုဗက္ကီးယားတို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။